TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အလေးချိန်၂ကီလိုဂရမ်ပိုလာတာနဲ့အမျှသူတို့ရဲ့သက်တမ်းထက် ၁ လလျော့မည်ဖြစ်သောခွေးကြီးများ

ရှေးဟောင်းပုံပြင်တွေရဲ့ သူရဲကောင်းခွေးတွေဟာ ဧရာမ တီဘက်တန် မက်စတစ်ဖ်ခွေးမျိုးတွေသာဆိုရင် ပရိသတ်ကြီးအံသြသွားလား
၁၁၂၁ ဘီစီမှာရှိတဲ့ ပထမဆုံးမှတ်တမ်းမှတ်ရာအရ ဧရာမ တီဘက်တန်ခွေးဟာ ဗြိတိန်ဒေသကိုသွားတဲ့ လမ်းကို ရှာတွေခဲ့တဲ့အချိန်မှာ သူ့ရဲ့ ထူထဲတဲ့ အမွှေး ဝတ်ရုံကို ချွတ်ချပြီး လူသိများတဲ့ ဗြိတိန် မက်စတသ်ဖ်ခွေးအဖြစ် ပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။
သူဟာ ယနေ့ အကောင်ရေအများဆုံး ခွေးမျိုးစိတ်ပဲဖြစ်သလို
သူ့ရဲ့ ခြေဖဝါးကနေ အမြင့်ဆုံးကျောရိုးအထိ အရှည်ဟာ ၉၀ စင်တီမီတာ သို့မဟုတ် ၃၅ လက်မခန့်ရှိပြီး
ဒါဟာ တစ်ကိုက်နီးပါးခန့်ရှိပါတယ်။
ဒီသားရဲ တိရစ္ဆာန်ရဲ့ ထုထည်ဟာ ၁၀၀ ကီလိုဂရမ် သို့မဟုတ် ၂၂၀ ပေါင်အထိရှိပါတယ်။

ဒါပေမယ့် ဇော်ဘာလို့ခေါ်တဲ့ နာမည်ကြီး ဗြိတိန် မက်စတစ်ဖ်ခွေးဟာ ၂.၅ မီတာ သို့မဟုတ် ၈.၂ ပေခန့်မြင့်ပြီး ကျောရိုးဟာ ၉၄ စင်တီမီတာ သို့မဟုတ် ၃၆ လက်မ ရှည်လျားကာ
ဒီလို အံ့သြစရာကောင်းတဲ့ခွေးကတော့ သူ့ရဲ့မှတ်တမ်းအရ ၁၅၅ ကီလိုဂရမ် သို့မဟုတ် ၃၄၃ ပေါင် ခန့်အလေးချိန်ရှိပါတယ်
သူ့ရဲ့ စံနှုန်းကို ကျော်တဲ့ ဘယ်ခွေးမှ မရှိသေးပါဘူး။

ဒီ ဧရာမ ဗြိတိန်ခွေးမျိုးတွေနည်းတူ ကိုလိုစပ်စ်လို့ခေါ်တဲ့ ဒိန်းခွေးတွေလည်း ရှိပါသေးတယ်
သူတို့ရဲ့ အရပ်တွေဟာ ၉၀ စင်တီမီတာ သို့မဟုတ် ၃ ပေခန့်မြင့်ကြတာဖြစ်ပြီး
ဒါဟာ အတော်ကိုကြီးမားတဲ့ ခွေးမျိုးနွယ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစံချိန်ကို လက်မ အနည်းငယ်သာပိုမြင့်တဲ့ ဂျာမန်ခွေး ဇုစ်နဲ့ ဂျော့ရှ်က ချိုးခဲ့ကာ အတိအကျဆိုရင်တော့ ၁ မီတာ သာ ပိုတာဖြစ်ပါတယ်
ကံမကောင်းစွာဖြင့် ဒီလို ကမ္ဘာကျော်တဲ့ အံ့သြစရာ ခွေးတွေနှင့်အတူ ဓာတ်ပုံရိုက်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး
ဒီ သူရဲကောင်းတွေဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာတင် ကမ္ဘာလောကကြီးကို ရုတ်တရက် နှုတ်ဆက်သွားကြလို့ပဲဖြစ်ပါတယ်
ဒီလိုခွေးတွေရဲ့သေဆုံးပုံဟာ တူညီနေတတ်ကြသလို
ဂေါ့တင်ဂန် တက္ကသိုလ်မှာ ဒေါက်တာ ကော်လီးနီးယား ခရောက်ရဲ့ ပြောကြားချက်အရ မျိုးကွဲပေါင်း ၇၄ ခုကို စစ်ဆေးကြည့်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခြေလေးချောင်းပါ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ခွေးတွေရဲ့သေဆုံးပုံအကြောင်းတရားတွေဟာ အတူတူပဲဖြစ်နေပါတယ်။

သုတေသီရဲ့ ယူဆချက်အရ အလေးချိန် ၂ ကီလိုဂရမ်ပိုလာတာနဲ့အမျှ သူတို့ရဲ့ သက်တမ်းထက် ၁ လလျော့မှာ ဖြစ်ပါတယ်
ဒေါက်တာ ခရောက်စ် ပြောကြားချက်အရ ဒီမျိုးစိတ်ရဲ့ နောက်ထပ်ရန်သူကတော့ ကင်ဆာရောဂါပဲဖြစ်ပြီး
ထိုခွေးတွေ ကြီးထွားလာတာနှင့်အမျှ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုများလာကာ
သူတို့ရဲ့ သက်တမ်းတိုလာမှုဟာ ဆဲလ်တွေ မူမမှန် ဖွံ့ဖြိုးမှုကို တွန်းအားပေးနေပါတယ်
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext