■အလုပ်မှာအိပ်ဖို့အတွက်ပိုက်ဆံရ အိပ်ယာစမ်းသပ်သူများ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အလုပ်မှာအိပ်ဖို့အတွက်ပိုက်ဆံရ အိပ်ယာစမ်းသပ်သူများ
ခေါင်းစဥ်မှာပြောထားတဲ့အတိုင်းပဲ အိပ်ယာတွေ မွေ့ရာတွေ နှင့်ခေါင်းဦးတွေကို ကုမ္ပဏီတွေ ဟိုတယ်တွေအတွက် စမ်းသပ်ပေးရတဲ့ လူတွေရှိပါတယ်။ ဟုတ်ပါတယ်။သင်ဟာ အလုပ်မှာအိပ်ဖို့အတွက် ပိုက်ဆံရပါတယ်။
ကြားရတာ အိပ်မက်ထဲက အလုပ်တစ်ခုလိုပါပဲ။တကယ်တမ်းမှာတော့ ဒါဟာ အလွန်ခက်ပါတယ်။ အိပ်ယာကောင်းကောင်းစမ်းသပ်နိုင်တဲ့သူဟာ မွေ့ရာမှာ အချွန်တွေပါမပါသိနိုင်အောင်နှင့် ထိုင်လိုက်တာနဲ့ကျိုးမကျသွားအောင်ခံနိုင်ရည်ရှိတာကို စမ်းသပ်ဖို့အတွက် ဘယ်လို လှဲနေရမလဲဆိုတာကိုကောင်းကောင်းသိရပါတယ်။
ဘာတွေထပ်ပါသေးသလဲဆိုရင် ပိုပြီးခက်ခဲတဲ့အရာတွေပါပါသေးတယ်။ စဗွိုင်းဟိုတယ်အတွက် အကောင်းစားဇိမ်ခံမွေ့ယာတွေထုတ်လုပ်ရတဲ့ သူရဲ့ အိပ်ယာစမ်းသပ်သမားရဲ့အလုပ်တာဝန်တွေကိုလေ့လာကြည့်ရအောင်။
စမ်းသပ်သူဟာ ပြခန်းမှာနေ့တိုင်း ၈ နာရီအချိန်ကုန်ရပြီး ခရီးသွားတွေရဲ့အတွေ့အကြုံအတိုင်းနေရပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ ကော်ဖီတွေ အရက်တွေသောက်ပြီး အိပ်တာတွေ မီး လင်းနေချိန်နှင့် မီးမှိန်နေချိန် အိပ်တာမျိုးတွေ အသံကျယ်တာနဲ့ တိုးတာတွေ စတဲ့ အခြေအနေမျိုးတွေမှာ အိပ်ရတာပါ။
တစ်ခါအိပ်ဖို့ဆိုရင် သက်တောင့်သက်သာအရှိဆုံး အပူချိန်ကိုလည်း စမ်းသပ်ရပါသေးတယ်။ဒါပေမဲ့ ပြခန်းထဲမှာ လူတွေရှိနေမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext