Shoon (Cele Daily)
Zawgyi
အလုပ်ကထွက်ပြီး ပြည်နယ်အခု၅၀သို့ သွားလည်ခဲ့ရာ ကောင်မလေးအယောက်၅၀ကို ပြည်နယ်တစ်ခုစီတိုင်းမှ ကောင်မလေးတစ်ယောက်စီဖြင့် ချိန်းတွေ့ခဲ့သည့် လူငယ်လေး
အမေရိကန်နိုင်ငံ Montanaမှ အသက်၂၅နှစ်အရွယ်လူငယ်လေး Matthew Wernicသည် အလုပ်ကထွက်ပြီး ပြည်နယ်အခု၅၀အထိကို အလည်အပတ်ခရီးသွားခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက် သွားလည်ခဲ့သည့် ပြည်နယ်တစ်ခုတွင် ကောင်မလေးတစ်ယောက်နှင့် Dateလုပ်ပြီး ချိန်းတွေ့ရင်း ပြည်နယ်အခု၅၀မှ ကောင်မလေးအယောက်၅၀ဖြင့် ချိန်းတွေ့ခဲ့တာဖြစ်ပါတယ်။
လူငယ်လေးဟာ အပြင်မှာမချိန်းတွေ့ရသေးခင် အွန်လိုင်းပေါ်မှတစ်ဆင့်ပြည်နယ်တိုင်းက ကောင်မလေးတွေကို ချိန်းတွေ့နိုင်အောင် ကြိုးပမ်းထားခဲ့တာဖြစ်ပါတယ်။ထို့နောက် အလုပ်မှထွက်ပြီး လည်ပတ်ရင်း ကောင်မလေးတွေနှင့် ချိန်းတွေ့နိုင်အောင် စီစဉ်နိုင်ခဲ့သည့်လူငယ်လေးဟာ ချီးကျူးဖို့တော့ ကောင်းနေခဲ့ပါတယ်။
ယခုလူငယ်လေးကို အခြားသူများကလည်း အားကျနေမယ်ဆိုတာသေချာပါတယ်။
Shoon (Cele Daily)
Crd
Post Views:
10