အလိုအေလ်ာက္ေရခ်ိဳးေပးမယ့္ ေရခ်ိဳးစက္ တီထြင္ေနသည့္ ဂ်ပန္ကုမၸဏီ…

ေရခ်ိဳးခန္းနဲ႔ မီးဖိုေခ်ာင္ဆိုင္ရာ တီထြင္ဖန္တီးမႈေတြ လုပ္ခဲ့တဲ့ ဂ်ပန္နည္းပညာကုမၸဏီ Science Co. Ltd က လူသားေတြကို အလိုအေလ်ာက္ ေရခ်ိဳးေပးမယ့္ ေရခ်ိဳးစက္ တီထြင္ေနပါတယ္။
Project Usoyaro လို႔ အမည္ေပးထားတဲ့ စီမံကိန္းအရ ၂၀၂၄ ခုႏွစ္မွာ လက္ေတြ႕အသုံးျပဳႏိုင္တဲ့ ေရခ်ိဳးစက္ ဖန္တီးၿပီး ၂၀၂၅ ခုႏွစ္ အိုဆာကာကုန္စည္ျပပြဲမွာ ခင္းက်င္းျပသသြားဖို႔ ေမွ်ာ္မွန္းထားပါတယ္။
တကယ္ေတာ့ လူသားေတြအတြက္ ေရခ်ိဳးစက္တီထြင္မႈဟာ စိတ္ကူးသစ္တစ္ရပ္ မဟုတ္ပါဘူး။ ၁၉၇၀ အိုဆာကာကုန္စည္ျပပြဲမွာ ဂ်ပန္အီလက္ထေရာနစ္ကုမၸဏီ Sanyo Electric က ၁၅ မိနစ္အတြင္း ေရခ်ိဳး၊ ႏွိပ္နယ္၊ ေရသုတ္ေပးမယ့္
Ultrasonic Bath ေရခ်ိဳးစက္အိုင္ဒီယာကို ျပသခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲဒီအိုင္ဒီယာကို စီးပြားျဖစ္ ဖန္တီးထုတ္လုပ္ခဲ့ျခင္းေတာ့ မရွိပါဘူး။
အိုဆာကာၿမိဳ႕အေျခစိုက္ Science Co. Ltd ဟာ သိမ္ေမြ႕တဲ့ ေရျမႇဳပ္နည္းပညာကို ေစာင့္ၾကည့္ဆင္ဆာေတြ၊ မွတ္ဉာဏ္တုနည္းပညာေတြနဲ႔ ေပါင္းစပ္ၿပီး ေရခ်ိဳးစက္ဖန္တီးမယ္လို႔ ဆိုပါတယ္။
ေရခ်ိဳးစက္ဟာ ေရခ်ိဳး႐ုံသပ္သပ္ မဟုတ္ဘဲ စိတ္အပန္းေျဖရာေနရာတစ္ခုလည္း ျဖစ္ေစဖို႔ စက္ထဲမွာ ေရစိုခံ မ်က္ႏွာျပင္ တပ္ဆင္ေပးထားမွာျဖစ္ၿပီး သီခ်င္းနားေထာင္တာ၊ ႐ုပ္သံ ၾကည့္ရႈတာေတြ လုပ္ႏိုင္မယ္လို႔ ဆိုပါတယ္။
Crd..Yoyarlay
Unicode
အလိုအလျောက်ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေသည့် ဂျပန်ကုမ္ပဏီ…
ရေချိုးခန်းနဲ့ မီးဖိုချောင်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ ဂျပန်နည်းပညာကုမ္ပဏီ Science Co. Ltd က လူသားတွေကို အလိုအလျောက် ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေပါတယ်။
Project Usoyaro လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ၂၀၂၄ ခုနှစ်မှာ လက်တွေ့အသုံးပြုနိုင်တဲ့ ရေချိုးစက် ဖန်တီးပြီး ၂၀၂၅ ခုနှစ် အိုဆာကာကုန်စည်ပြပွဲမှာ ခင်းကျင်းပြသသွားဖို့ မျှော်မှန်းထားပါတယ်။
တကယ်တော့ လူသားတွေအတွက် ရေချိုးစက်တီထွင်မှုဟာ စိတ်ကူးသစ်တစ်ရပ် မဟုတ်ပါဘူး။ ၁၉၇၀ အိုဆာကာကုန်စည်ပြပွဲမှာ ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ Sanyo Electric က ၁၅ မိနစ်အတွင်း ရေချိုး၊ နှိပ်နယ်၊ ရေသုတ်ပေးမယ့်
Ultrasonic Bath ရေချိုးစက်အိုင်ဒီယာကို ပြသခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအိုင်ဒီယာကို စီးပွားဖြစ် ဖန်တီးထုတ်လုပ်ခဲ့ခြင်းတော့ မရှိပါဘူး။
အိုဆာကာမြို့အခြေစိုက် Science Co. Ltd ဟာ သိမ်မွေ့တဲ့ ရေမြှုပ်နည်းပညာကို စောင့်ကြည့်ဆင်ဆာတွေ၊ မှတ်ဉာဏ်တုနည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ရေချိုးစက်ဖန်တီးမယ်လို့ ဆိုပါတယ်။
ရေချိုးစက်ဟာ ရေချိုးရုံသပ်သပ် မဟုတ်ဘဲ စိတ်အပန်းဖြေရာနေရာတစ်ခုလည်း ဖြစ်စေဖို့ စက်ထဲမှာ ရေစိုခံ မျက်နှာပြင် တပ်ဆင်ပေးထားမှာဖြစ်ပြီး သီချင်းနားထောင်တာ၊ ရုပ်သံ ကြည့်ရှုတာတွေ လုပ်နိုင်မယ်လို့ ဆိုပါတယ်။
Crd..Yoyarlay
The post အလိုအေလ်ာက္ေရခ်ိဳးေပးမယ့္ ေရခ်ိဳးစက္ တီထြင္ေနသည့္ ဂ်ပန္ကုမၸဏီ… appeared first on Entertainment.
Crd