အလိုအလျောက်ပစ်ခတ်မှုအမြောက်စနစ်ကို တီထွင်အောင်မြင်တော့မယ့် အစ္စရေး

Militarily News

အစ္စရေးနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Elbit Systems ဟာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့အတွက် 155mm/52 အပြည့်အဝ အလိုအလျောက်ပစ်ခတ်မှုအမြောက်စနစ်ကို တီထွင်နေတယ်လို့ သိရှိရပါတယ်။

အဆိုပါစနစ်ကို လက်ရှိအချိန်မှာသာမက ၂၀၂၃ ခုနှစ်အထိ အသုံးပြုဖို့ ရည်မှန်းထားတဲ့ M109 ဟောင်ဝဇ္ဇာစနစ်တွေနေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

အမြောက်စနစ်အသစ်ကို SIGMA လို့အမည်ပေးထားပြီး ၂၀၁၉ ခုနှစ် မတ်လ ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကနဦး ရင်းနှီးမြုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း စိုက်ထုတ်ထားတယ်လို့သိရပါတယ်။

အနာဂတ်အမြောက်စနစ်လို့တောင် ခေါ်ဆိုနိုင်မှာဖြစ်ပြီး Oshkosh Defense 10×10 စနစ်အပေါ်မှာ အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။

ထူးခြားချက်က ယာဉ်မောင်းနေရာအခန်းဟာ နျူကလီးယား၊ ဇီဝ၊ ဓာတု တိုက်ခိုက်မှုကိုတောင် ခံနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ဝင်ဦးရေ
၂ ဦးမှ ၃ ဦးထိ လိုက်ပါနိုင်တယ်လို့ သိရှိရပါတယ်။

အစ္စရေးကတော့ ကြွယ်ဦးမှာပေါ့။ ပါလတ်စတိုင်းတို့အတွက်တော့ မျက်ခုံးလှုပ်ချင်စရာပါ။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အစ္စရေးနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Elbit Systems ဟာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့အတွက် 155mm/52 အပြည့်အဝ အလိုအလျောက်ပစ်ခတ်မှုအမြောက်စနစ်ကို တီထွင်နေတယ်လို့ သိရှိရပါတယ်။

အဆိုပါစနစ်ကို လက်ရှိအချိန်မှာသာမက ၂၀၂၃ ခုနှစ်အထိ အသုံးပြုဖို့ ရည်မှန်းထားတဲ့ M109 ဟောင်ဝဇ္ဇာစနစ်တွေနေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

အမြောက်စနစ်အသစ်ကို SIGMA လို့အမည်ပေးထားပြီး ၂၀၁၉ ခုနှစ် မတ်လ ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကနဦး ရင်းနှီးမြုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း စိုက်ထုတ်ထားတယ်လို့သိရပါတယ်။

အနာဂတ်အမြောက်စနစ်လို့တောင် ခေါ်ဆိုနိုင်မှာဖြစ်ပြီး Oshkosh Defense 10×10 စနစ်အပေါ်မှာ အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။

ထူးခြားချက်က ယာဉ်မောင်းနေရာအခန်းဟာ နျူကလီးယား၊ ဇီဝ၊ ဓာတုတိုက်ခိုက်မှုကိုတောင် ခံနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ဝင်ဦးရေ

Leave a Reply