TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အရွယ်ရောက်လာတာနဲ့အမျှ ထူးထူးဆန်းဆန်းများပြုမူလာခဲ့သူ
ဒါကတော့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ရပ်ပါတစ်ယောက်လည်းဖြစ်တဲ့ဂျေဒန်စမစ်ပါ။ဒါပေမယ့်လူတော်တော်များများကတော့သူလုပ်ခဲ့တဲ့အရာတွေကစိတ်ပျက်စရာတွေပဲလို့ပြောကြပါလိမ့်မယ်။ဂျေဒန်ကဟောလိဝုဒ်နာမည်ကြီးမင်းသားဝီစမစ်ရဲ့သားဖြစ်ပြီးတော့သူ့ဘဝတစ်လျှောက်လုံးအောင်မြင်ဖို့အတွက်ပျိုးထောင်ခံခဲ့ရတာပါ။
အချိန်ကာလတစ်ခုထိတော့သူအောင်မြင်နေပြီလို့ကျွန်မတို့အားလုံးထင်ခဲ့ကြပါတယ်။၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ “pursuit of happiness (ပါဆုအော့ဖ်ဟက်ပီးနက်စ်)” ရုပ်ရှင်မှာခရစ်စတိုဖာဇာတ်ကောင်နေရာကနေပါဝင်ခဲ့ပြီးပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာပါ။ဆင်းရဲနွမ်းပါးမှုကိုခုခံရင်းသူသေသွားတဲ့ဇာတ်ဝင်ခန်းမှာဆိုရင်ပရိတ်သတ်တွေအားလုံးမျက်ရည်ကျခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့”The Karate Kid(သခရာတေးကစ်ထ်)”ဇာတ်ကားမှာဒရေပါကာဇာတ်ကောင်အနေနဲ့ပါဝင်ခဲ့ပါသေးတယ် ။
သူ့အဖေနဲ့အတူပါဝင်ပါသရုပ်ဆောင်ခဲ့တဲ့”After the earth,(အာဖတာသည်အာ့ထ်)”ဇာတ်လမ်းမှာတော့ဝေဖန်မှု ၁၁%ပဲရရှိခဲ့တာပါ။ဒါဟာပရိတ်သတ်တွေသူ့ကိုစိတ်ကုန်စပြုလာတဲ့အချိန်လည်းဖြစ်နိုင်ပါတယ်။
သူအရွယ်ရောက်လာတာနဲ့အမျှချစ်စရာကလေးလေးတစ်ယောက်အဖြစ်မတွေ့ရတော့ဘဲထူးထူးဆန်းဆန်းတွေပြုမူလာပါတယ်။အင်တာဗျူးတစ်ခုမှာဆိုရင်သူဟာအချိန်ကိုလိုသလိုထိန်းချုပ်နိုင်တယ်လို့ဖြေခဲ့လို့အရှက်ရစရာဖြစ်ခဲ့ပါသေးတယ်။ဒါ့အပြင်တွတ်တာစာမျက်နာမှာ”တကယ်လို့ငါတို့မျက်လုံးတွေကသာအမှန်မမြင်နိုင်ရင်မှန်တွေကအမှန်ဘယ်ဟုတ်တော့မလဲ” တို့” သစ်ပင်တွေတော်တော်များများကအပြာရောင်တွေပါ” တို့စတဲ့ထူဆန်းတဲ့စာသားတွေလည်းတင်ခဲ့ပါသေးတယ်။
ဂျေဒန်ရဲ့သရုပ်ဆောင်မှုအသက်မွေးဝမ်းကြောင်းလည်းအဆုံးသတ်သွားခဲ့ပါတော့တယ်။၂၀၁၆မှာတော့ဂျေဒန်ဟာ”syre(စီရာ)”လိူ့ခေါ်တဲ့တေးစီးရီးကိုထုတ်ဝေပြီးဂီတလောကဘက်ကိုခြေလှမ်းစလှမ်းလာခဲ့တာပါ။ဒီအယ်ဘမ်ကိုထုတ်ဝေဖို့ဆိုရင်အချိန်၃နှစ်လုံးလုံးကြာခဲ့ပါတယ်။သူသာသူ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်မယ်ဆိုရင်အနုပညာလောကထဲကိုပြန်ဝင်လာနိုင်မီာပါလို့လူအများကထင်ကြေးပေးထားကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext