သံပုံးတီးလို့ရပြီဟေ့ရဲအရေးမပိုင်ပါဖူးတဲ့ရပ်ကျေးပုဒ်မ(၂၇ ) အရတဲ့အရက်သောက်ပြီးမှတော့ မတီးနဲ့ပေါ့နော်

News

သံပုံးတီးလို့ရပြီဟေ့ရဲအရေးမပိုင်ပါဖူးတဲ့ ရပ်ကျေးပုဒ်မ ( ၂၇ ) အရတဲ့အရက်သောက်ပြီးမှတော့ မတီးနဲ့ပေါ့နော်

ကျွန်တော်သည် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါသည်ရဲတပ်ဖွဲ့ဝင်တိုင်းသည် နိုင်ငံရေးလုပ်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေးယူခံရပါသည်
နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သတ်၍ဘယ်သူမှားလဲ ဘယ်သူမှန်နေလဲရဲတပ်ဖွဲ့ရဲ့၉၀ ရာခိုင်းနှုန်းလောက် သိကြပါတယ်သို့သော် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကြောင့် နိုင်ငံရေး လုပ်ရန် ခက်ခဲနေကြပါသည်

၁၉၈၈ ခုနှစ်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမပေါ်သေးပါဘူး၈၈တုန်းက ပြည်သူ့ရဲတပ်ဖွဲ့ဆန္ဒပြတာ နဲ့ ကြေးတန်းမညှိစေချင်ပါဘူးရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေက
၁၉၉၅ ခုနှစ်မှ ပြဌာန်းထားတာပါရဲစည်ကမ်းထိန်းသိမ်းရေးကိုဖောက်ဖျက်/ပျက်ကွက်တာနဲ့တရားသူကြီးဆီ ရီမန်တောင်းစရာမလိုပါဘူး

အချုပ်ထဲ တန်းထည့်တာပါနောက်တော့မှ မြို့နယ်မှူးချုပ်မိန့်က ၁ ရက်ခရိုင်မှူးချုပ်မိန့်က ၇ ရက်တိုင်းမှူးချုပ်မိန့်က ၁ လဘုမသိ ဘမသိနဲ့ စုံခုံတွေ သက်ချုပ်တွေ ရဲတရားရုံးတွေ ဖြစ်တော့တာပါပဲ

အဲ့ဒိတော့.ရဲတပ်ဖွဲ့ဝင်တိုင်းသည်နိုင်ငံရေးလုပ်ပြီး အချုပ်ထဲ ဝင်တာထက်

ဥပဒေကို အမှန်တိုင်းရပ်တည်ပေးရင်ပြည်သူကို ကူညီရာ ကာကွယ်ရာရောက်ပါတယ်

ဆိုလိုချင်တာက.
ဥပမာ-သံပုံးတီးတဲ့သူတွေကိုဖမ်းခိုင်းရင်ဘယ်ပုဒ်မနဲ့ ဖမ်းမှာလဲဘယ်ကျင့်ထုံးနဲ့ဖမ်းမာလဲရဲတပ်ဖွဲ့ဝင်တိုင်းသိဖို့လိုတယ်

ဖမ်းခိုင်းတယ်ဆိုပါစို့မဖမ်းနိုင်ပါဘူးလို့ငြင်းရပါမယ်ဘာလို့မဖမ်းနိုင်တာလဲမေးရင်ရဲအရေးမပိုင်လို့ပါ ရပ်ကွက်အတွင်း သို့မဟုတ် ကျေးရွာအတွင်း အသံဆူညံမှုပြုလုပ်လျှင်
ရပ်ကျေးဥပဒေပုဒ်မ ၂၇ အရအရေးယူရပါတယ်ရဲအရေးမပိုင်ပါဘူး ရဲက လုံးဝ ဖမ်းခွင့်မရှိပါဘူး

အုပ်ချုပ်ရေးမှူးက တရားလိုအဖြစ် တိုင်တန်းမှသာ တရားရုံးဦးတိုက်လျှောက်ရပါတယ်တရားသူကြီးက ဖမ်းဝရမ်းထုတ်ပေးမှသာရဲက ဖမ်းပိုင်ခွင့်ရှိပါတယ်
တရာသူကြီးက ငွေဒဏ်ပဲချမှတ်နိုင်ပါတယ်ငွေမဆောင်နိုင်မှ ထောင်ဒဏ် ၇ ရက်ချရပါတယ်

ဆိုတော့ အဲ့လိုမျိုးဥပဒေကို အမှန်တိုင်းရပ်တည်ပေးမယ်ဆိုရင်ပြည်သူကို ကူညီကာကွယ်ပေးရာ ရောက်ပါတယ်ရဲတပ်ဖွဲ့ဝင်တိုင်း
ဥပဒေနဲ့အညီ အမှန်တိုင်းရပ်တည်၍ ပြည်သူကို ကူညီရာလည်းရောက်…………….

အိုက်ကွက်လပ်က ပြောချင်တဲ့စကားကိုပြည်သူတွေသိတယ်

မှတ်ချက်(တချို့စခန်းတွေမှာ သံပုံးတီးတဲ့သူတွေကို ဖမ်းပြီး တိုင်စာထဲမှာကျ အများသူငှာ သွားလာရာလမ်းတွင် အရက်မူးပြီး သံပုံးတီးနေသဖြင့် အများသူငှာစိတ်ငြိုငြင်၍ ဆိုသော လိမ်လည်စွဲချက်ဖြင့်ရဲအက် ၄၇ နဲ့ဖမ်းပြီး ထောင်ချကြပါတယ်)

ရဲအက်၄၇သည် ရဲအရေးပိုင်သည်။ရဲအရေးပိုင်လျှင် ရဲက ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည်။

အရေးကြုံလျှင် မိမိကို ဘာနဲ့ဖမ်းသလဲ မေးကြပါရဲအရေးပိုင်သလားမေးပါရဲအရေးမပိုင်ရင် ဖမ်းဝရမ်းပြခိုင်းပါ။

စည်းထဲကနေ ရပ်တည်မည်ဥပဒေအတိုင်း ရပ်တည်မည် ဒါပဲ

ပုံ
WaiJee (mamasa)AUNGLAN

zawgyi

Leave a Reply