■အရောင်အသွေးစုံလင်တဲ့ဝတ်စုံများကို မြင်ကြရမဲ့ ပွဲတော်တစ်ခု
Article Knowledge Travel World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အရောင်အသွေးစုံလင်တဲ့ဝတ်စုံများကို မြင်ကြရမဲ့ ပွဲတော်တစ်ခု
Mardi Gras. ချီတက်ပွဲ။ပြင်သစ်ဘာသာစကားကဆင်းသက်လာတာဖြစ်ပြီး Fat Tuesdayလို့အဓိပ္ပါယ်ရပါတယ်။ဒီပွဲတော်ကိုတော့ New Orleans မှာ ၁၇၈၁ခုနစ်ကတည်းကျင်းပခဲ့တာပါ။ဒါကဥရောပနဲ့ ဘာသာစကားအဆက်အနွယ်ရှိတာထက်ကိုပိုပါတယ်။
အလယ်ပိုင်းခေတ်မှာတောင် ဒီပွဲတော်က ဥရောပရိုးရာပွဲတော်ရဲ့နောက်ဆုံးနေ့ပါ။Fat weekလို့ခေါ်တဲနောက်ဆုံးရက်မှာကျင်းပကြတာပါ။အမေရိကန်မှာတော့ Mardi Gras ရဲ့သမိုင်းကြောင်းကရိုးရှင်းပါတယ်။ကိုလိုနီခေတ်မှာ ခေတ်သစ်မြောက်အမေရိကရဲ့ Louisiana ပြည်နယ်ကိုပြင်သစ်တွေက ထိန်းချုပ်ထားတာပါ။
အဲ့ဒီအချိန်ကတည်းက ဒီဝတ်စုံအဆန်းအပြားတွေဝတ်ပြီးလှည့်လည်ကခုန်တဲ့ဓလေ့က ပြည်တွင်းယဥ်ကျေးမှုဆီ စိမ့်ဝင်လာခဲ့ပြီး ယနေ့တိုင်အောင် ကျန်ရှိနေတာပါ။ကမ္ဘာလှည့်ခရီးသွား ၈၀၀၀၀၀ လောက်ဟာ ဒီပွဲတော်အတွက် New Orleans ကိုလာရောက်ကြပါတယ်။ဒီဝတ်စုံအဆန်းအပြားတွေနဲ့ပွဲတော်ကတစ်ရက်တည်းမဟုတ်ပါဘူး။
Fats Tuesday မတိုင်ခင် နှစ်ပတ်အလိုကတည်းက လမ်းမတွေပေါ်မှာ ကျင်းပနေကြပါပြီ။ဒီMardi Gras ပွဲတော်ရဲ့ထူးခြားချက်က အရောင်အသွေးစုံလင်လှတဲ့ဝတ်စုံတွေပါပဲ။
ဒီပွဲတော်ရဲ့ရိုးရာအရောင်က စိမ်းဝါရောင်နဲ့ခရမ်းရောင်ဖြစ်ပေမဲ့လည်း တခြားအရောင်မျိုးစုံကိုလည်း အရောင်အသွေးစုံလင်လှတဲ့ဒီပွဲမှာတွေ့မြင်နိုင်မှာပါ။လမ်းပေါ်မှာစီတန်းလှည့်လည်ခြင်းက နွေဦးဝင်ပြီဆိုတာကိုပြသနေပြီး လည်ဆွဲဘယက်တွေကိုပစ်လွှတ်တတ်တဲ့ ရိုးရာဓလေ့တွေလည်းရှိပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext