■‌အရောင်ပြောင်းလဲမှုကိုခန့်မှန်းလို့မရသော ကန်သုံးကန်
Article Knowledge Travel World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■‌အရောင်ပြောင်းလဲမှုကိုခန့်မှန်းလို့မရသော ကန်သုံးကန်
အင်ဒိုနီးရှားနိုင်ငံရှိ (Flores) ဖလောကျွန်းတွေကြားက ကယ်လီမူတူတောင် ဟာ အမျိုးသားပန်းခြံထဲမှာရှိတဲ့ ကန်တွေနဲ့ နာမည်တူ ကန်သုံးကန်ရှိတဲ့နေရာပါ။
ဒီကန်တွေဟာ မီးတောင်ပေါက်ကွဲရာကနေ ဖြစ်ပေါ်လာပြီး အားလုံးက တစ်ခုနဲ့တစ်ခု အရောင်မတူကြပါဘူး။ အပြာရောင်၊ စိမ်းပြာရောင်နဲ့ အမဲရောင်ကန်တောင်ရှိပါသေးတယ်။
အကယ်၍ ပရိတ်သတ်ကြိီး က ဒီနေရာက ထူးဆန်းတဲ့ နေရာလို့တွေးနေပြီဆိုရင်တော့ ဆက်ကြည့်လိုက်ပါဦးနော်။ ခုပြထားတဲ့ အရောင်တွေကတော့ ဒီရေကန်မှာ ပရိတ်သတ်ကြီးတွေ့ရမယ့်အရောင်တွေပါ။
တစ်ခါတစ်လေ အရောင်တွေက ရေကန်တစ်ခုစီရဲ့ မီးတောင်နဲ့ နီးစပ်မှုအပေါ်မူတည်ပြီး အဖြူ ဒါမှမဟုတ် အနီရောင် ကိုလည်းပြောင်းသွားတတ်ပါသေးတယ်။
ဒါပေမယ့်လည်း အဲ့ရေကန်တွေရဲ့ အရောင်အပြောင်းအလဲက ခန့်မှန်းလို့မရပါဘူး။ တစ်ခါတစ်လေ ခရီးသွားတွေလာတဲ့အခါ အဲ့ထဲက တစ်ကန်က အညိုရင့်ရောင်လည်းဖြစ်နေတတ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext