TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အရာအားလုံးကို အစားအစာအဖြစ် စားသောက်ပစ်သူ Bear Grylls
ကောင်းပါပြီနောက်တစ်ယောက်ကိုတော့ သင်တို့သိမယ်လို့ ထင်ပါတယ်။သူကတော့ ဘဲယား ဂရေး ပါ။သူ့ရဲ့ TV ရှိုးတွေဖြစ်တဲ့ Man Vs Wild ၊ Running wild with Bear Grylls (ရန်းနီး ဝှိုင်း ဝှသ် ဘဲယား ဂရေး) တွေကနေ ဘဲယား ဟာ အရာအားလုံးကို အစားအစာအဖြစ် စားသောက်ပစ်တယ်ဆိုတာ ကျွန်မတို့အားလုံးမြင်ဖူးကြမှာပါ။
သစ်ကုလားအုတ်အူအတွင်းကအရည်တွေ ဆင်ရဲ့စွန့်ပစ်ပစ္စည်းတွေ မြွေနဲ့ ကင်းမြီးကောက် စသဖြင့် ပါဝင်ပါတယ်။သူက ဘာအရာကိုမှ ကြောက်ရွံ့မှုမရှိဘဲ သူ့အကျိုးအတွက် ပတ်ဝန်းကျင်ကို ဘယ်လိုအသုံးချရမလဲ သိတဲ့သူလို့ဆိုရမှာပါပဲ။ဒါပေမဲ့ ဒီလိုအရာတွေကြောင့် ကျွန်မတို့ ဗွီဒီယိုမှာ ထည့်သွင်းထားတာမဟုတ်ပါဘူး။
ကျွန်မတို့အများစုက သူ့ကို စွန့်စားသွားလာရာမှာကျွမ်းကျင်သူလို့ သိထားပေမဲ့ သူကအဲ့ထက်ပိုပါတယ်။သူက ရှာတိုခန် ကရာတေးမှာ ခါးပတ်နက် ရထားပြီး သူ့ကိုယ်သူ ကောင်းကောင်းကာကွယ်နိုင်တာပါ။တောရိုင်းတိရိစ္ဆာန်တွေ ရန်လိုတဲ့လူတွေနဲ့ တွေ့တဲ့အခါ သူသင်ခဲ့တဲ့ တိုက်ကွက်တွေက ကျေးဇူးတင်စရာပါပဲ။
လူတွေကို သူ့ရဲ့ခံနိုင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။သူ့နောက်ကျောပြင်းထန်စွာ ဒဏ်ရာရပြီးတဲ့နောက် သူဟာအတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းကို ၁၁ မီတာပဲရှိတဲ့ လှေနဲ့ဖြတ်သန်းပြခဲ့ပြီး ဧဝရတ်တောင်ပေါ်ကို တော့ ၁၈ လတည်းနဲ့ တက်ပြခဲ့ပါပြီ။သူက ပြီးပြည့်စုံတဲ့သူဖြစ်ပြီး ကျွန်မတို့အနေနဲ့ မှောင်မိုက်နေတဲ့လမ်းကြားမှာ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့မလိုလားကြပါဘူး။
ဒါပေမဲ့ ဘဲယားက သင့်ကိုကျောင်းမှာအနိုင်ကျင့်ဗိုလ်ကျနေသူလိုတော့ မဟူတ်နိုင်ပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext