TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အရမ်းပြင်းထန်တဲ့အလင်းတွန်းအားကိုအသုံးပြုသော 5P-42 Fillin(eagle owl)

၂၀၁၉ ခုနှစ် အစောပိုင်းမှာ ရုရားစစ်သင်္ဘောအချို့မှာ အမြင်အာရုံ အနှောင့်အယှက်ပေးနိုင်တဲ့ လက်နက်တွေ တပ်ဆင်ထားတယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ် ဆိုလိုတာကတော့ ဒီလက်နက်က ရန်သူတွေကို ခဏတာမျက်စိကွယ်တာ၊ မျက်စိလည်လမ်းပျောက်တာတွေလုပ်နိုင်တဲ့အပြင် မျက်စိအာရုံကို အမြင်မှာစေခြင်းတွေကို လုပ်နိုင်ပါတယ်။

ဒီလက်နက်တွေဟာ စိတ်ပိုင်းဆိုင်ရာ လက်နက်တွေလိုမျိုး မဟုတ်ပါဘူး လက်နက်ရဲ့ လွှမ်းမိုးမှုအောက်ရောက်သွားရ ဥပမာ ချစ်စရာကောင်းတဲ့ အမွှေးပွပွ နဂါးလေးက ခင်ဗျားတို့ကို လက်ဖျက်ရည်သောက်ဖို့ သွန်ပေးနေတာမျိုး မြင်ရမှာ မဟုတ်ပါဘူး ကိုယ့်ရဲ့မျက်လုံးထဲမှာ ရောင်စုံ စက်ဝိုင်းတွေ အလင်းပျောက်လေးတွေ၊ စူးရှတဲ့အလင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုးနည်းလမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ အမြင်အာရုံကို နှောင့်ယှက်မှာပဲ ဖြစ်တာကိုး မျှော်လင့်နိုင်ပါတယ် ဒီအစမ်းလေ့လာဆဲ လက်နက်ရဲ့နာမည်ကတော့ 5P-42 Fillin(eagle owl)[ဖိုက်ပီ ဖော်တီတူး ဖီလ်လင်န် အီဂဲလ် အောင်းလ်] ပဲဖြစ်ပါတယ် သူက အရမ်းပြင်းထန်တဲ့ အလင်းတွန်းအားကို အသုံးပြုပီးတော့ သူ့ရဲ့ထိရောက်မှု အကွာအဝေးက ၁.၂မိုင် ဒါမှမဟုတ် ၂ကီလိုမီတာ အတွင်းပဲဖြစ်ပါတယ် ။

သူ့ကိုတီထွင်ရတဲ့ရည်ရွယ်ချက်ကတော့ ရန်သူတွေရဲ့လက်ကနေ ကိုယ့်သင်္ဘောကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ် ခင်ဗျားတို့ရော ဒီလိုလက်နက်ရဲ့ရန်ကနေ ကာကွယ်နိုင်မယ်လို့ထင်လား? ပစ်မှတ်ချိန်တာကိုး အလိုအလျောက်စနစ်အဖြစ် ပြောင်းလိုက်မယ်ဆိုရင်ရော?
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext