ဒေသတွင်းမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေဟာ အရပ်သားတွေကို မကြာခဏ အားဖြင့် ပြန်ပေးဆွဲမှုတွေ ပြုလုပ်နေတာကြောင့် ယခုဆိုရင်တော့ ဆီးရီးယားအာရပ်တပ်မတော် (SAA) ဟာ Al-Sweida Governorate နဲ့အတူ ဂျော်ဒန် နယ်စပ်တလျှောက် ကြီးမားတဲ့စစ်ဆင်ရေးတစ်မျိုးကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Al-Sweida Governorate မှ အစီရင်ခံဖော်ပြတဲ့ လက်တွေ့အခြေအနေမှ အစီရင်ခံဖော်ပြမှုတွေအရ Syrian Arab Army နဲ့ အခြားလုံခြုံရေးအစိုးရ အဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်အာရုံတက်အချိန်ကနေစပြီး ကြီးမား တဲ့စစ်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဟာ
ဂျော်ဒန်နယ်စပ်အနီး အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတယ်လို့ နေရာ
တွေကိုလည်း ဝိုင်းဝန်းထားပြီးဖြစ်တယ်လို့လည်း အစီရင်ခံဖော်ပြထားပါတယ်။

အစီရင်ခံစာများအရ ဆီးရီးယားအာရပ်တပ်မတော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြန်ပေးဆွဲခံရတဲ့ အရပ်သားတွေအတွက် လွတ်မြောက်စေဖို့နဲ့ တောင်ပိုင်း Al-Sweida ရှိ ရာဇ၀တ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
Syrian Arab Army ကတော့ လက်ရှိမှာ ၎င်းတို့ရဲ့ တပ်ဖွဲ့တွေဟာ ယခုစစ်ဆင်ရေးကို ဆောင်ရွက်နေဆဲဖြစ်ပြီး ဒီစစ်ဆင်ရေးအရ Al-Sweida Governorate ဒေသအတွင်းမှာရှိတဲ့ လုယက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ နောက်ကွယ်က အကြမ်းဖက်သမားတွေရဲ့ ပုန်းအောင်းနေတဲ့ နေရာတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးစစ်ဆင်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။
ပြန်ပေးဆွဲမှုတွေ ဖြစ်ပေါ်နေတာဟာ ယခင် Free Syrian Army (FSA) နဲ့ Hay’at Tahrir Al-Sham (HTS) တပ်ဖွဲ့တွေအပေါ်ကို ထောက်ခံမှုပြုထားတဲ့ သစ္စာခံစစ်သွေးကြွတွေ ဆောင်ရွက်မှုမျိုး ပြုလုပ်လေ့ရှိတဲ့ Damascus-Sweida Highway အပေါ်မှာ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားလေကြောင်းတပ်ဖွဲ့တွေ ဟာ Sweida-Deir Ezzor-Homs နယ်စပ်တလျှောက် ကင်းထောက်ခြင်းလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ပေးလျက်လည်းရှိပါတယ်။
ရုရှားလေကြောင်းတပ်ဖွဲ့တွေဟာ လွန်ခဲ့သော အပတ်တွေကတည်းက အဆိုပါ သဲကန္တရာဒေသတွေအပေါ်ကို စောင့်ကြည့်နေခဲ့တာဖြစ်သလို အထူးသဖြင့် အဆိုပါဒေသတွေကို Islamic State (ISIS/ISIL/IS/Daesh) အဖွဲ့ကနေ ဆက်တိုက်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်းကတည်းက ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရပါတယ်။
Ref-AMN
Myanmarnews24
zawgyi
ဆီးရီးယားကြည်းတပ်က ဂျော်ဒန်နယ်စပ်တလျှောက်ကြီးမားတဲ့ စစ်ဆင်ရေးကို ဆောင်ရွက်နေ
ဒေသတွင်းမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေဟာ အရပ်သားတွေကို မကြာခဏ အားဖြင့် ပြန်ပေးဆွဲမှုတွေ ပြုလုပ်နေတာကြောင့် ယခုဆိုရင်တော့ ဆီးရီးယားအာရပ်တပ်မတော် (SAA) ဟာ Al-Sweida Governorate နဲ့အတူ ဂျော်ဒန် နယ်စပ်တလျှောက် ကြီးမားတဲ့စစ်ဆင်ရေးတစ်မျိုးကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
Al-Sweida Governorate မှ အစီရင်ခံဖော်ပြတဲ့ လက်တွေ့အခြေအနေမှ အစီရင်ခံဖော်ပြမှုတွေအရ Syrian Arab Army နဲ့ အခြားလုံခြုံရေးအစိုးရ အဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်အာရုံတက်အချိန်ကနေစပြီး ကြီးမား တဲ့စစ်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဟာ
ဂျော်ဒန်နယ်စပ်အနီး အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတယ်လို့ နေရာ
တွေကိုလည်း ဝိုင်းဝန်းထားပြီးဖြစ်တယ်လို့လည်း အစီရင်ခံဖော်ပြထားပါတယ်။
အစီရင်ခံစာများအရ ဆီးရီးယားအာရပ်တပ်မတော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြန်ပေးဆွဲခံရတဲ့ အရပ်သားတွေအတွက် လွတ်မြောက်စေဖို့နဲ့ တောင်ပိုင်း Al-Sweida ရှိ ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
Syrian Arab Army ကတော့ လက်ရှိမှာ ၎င်းတို့ရဲ့ တပ်ဖွဲ့တွေဟာ ယခုစစ်ဆင်ရေးကို ဆောင်ရွက်နေဆဲဖြစ်ပြီး ဒီစစ်ဆင်ရေးအရ Al-Sweida Governorate ဒေသအတွင်းမှာရှိတဲ့ လုယက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ နောက်ကွယ်က အကြမ်းဖက်သမားတွေရဲ့ ပုန်းအောင်းနေတဲ့ နေရာတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးစစ်ဆင်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။
ပြန်ပေးဆွဲမှုတွေ ဖြစ်ပေါ်နေတာဟာ ယခင် Free Syrian Army (FSA) နဲ့ Hay’at Tahrir Al-Sham (HTS) တပ်ဖွဲ့တွေအပေါ်ကို ထောက်ခံမှုပြုထားတဲ့ သစ္စာခံစစ်သွေးကြွတွေ ဆောင်ရွက်မှုမျိုး ပြုလုပ်လေ့ရှိတဲ့ Damascus-Sweida Highway အပေါ်မှာ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရုရှားလေကြောင်းတပ်ဖွဲ့တွေ ဟာ Sweida-Deir Ezzor-Homs နယ်စပ်တလျှောက် ကင်းထောက်ခြင်းလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ပေးလျက်လည်းရှိပါတယ်။
ရုရှားလေကြောင်းတပ်ဖွဲ့တွေဟာ လွန်ခဲ့သော အပတ်တွေကတည်းက အဆိုပါ သဲကန္တရာဒေသတွေအပေါ်ကို စောင့်ကြည့်နေခဲ့တာဖြစ်သလို အထူးသဖြင့် အဆိုပါဒေသတွေကို Islamic State (ISIS/ISIL/IS/Daesh) အဖွဲ့ကနေ ဆက်တိုက်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်းကတည်းက ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရပါတယ်။
Ref-AMN
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။