Rain (For Ialinks)
Unicode
အရပ်ပုတုတုနဲ့ ကလေးရုပ်ပင်မပျောက်သေးသော်လည်း လိုင်းပေါ်ကနေတဆင့် တကယ်အချစ်စစ်နဲ့ တွေ့ရှိသွားသော မိန်းကလေး
မိုဘိုင်းဖုန်းတွေပေါများသည်နှင့်အမျှ လူငယ်အများစုသည် လိုင်းပေါ်ကနေတဆင့် နယ်ဝေးရပ်ခြားသူများနဲ့ပင် ချစ်သူရည်းစားတွေအဖြစ် ထားကြကာ အဆင်ပြေချိန်တွင် အပြင်မှာတွေ့ရှိကြပြီး တကယ်မချစ်သူများက ကွဲကွာကြပေမယ့် တကယ်ချစ်တဲ့သူများကတော့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သွားတတ်ကြပြန်သည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ထူးခြားစွာဖြင့် အသက်နှင့်မလိုက်အောင် သူမရဲ့အရပ်အမောင်းမှာ ၁.၂မီတာသာရှိပြီး ကလေးရုပ်ပင်မပျောက်သေးပဲ ဖြစ်နေခဲ့ပေမယ့် တကယ်အချစ်စစ်နဲ့ တွေ့ခဲ့သည်။
မိန်းကလေးသည် သူမအသက်၁၁နှစ်လောက်မှာ ကြီးထွားတာရပ်တန့်ခဲ့ပြီး သူမကိုယ်သူမ အားငယ်စိတ်တွေနဲ့သာ နေခဲ့ရပေမယ့် လိုင်းပေါ်ကနေ တွေ့ရှိခဲ့သော ကောင်လေးတစ်ဦးကြောင့် သူမကိုယ့်ကိုယုံကြည်မှုတွေ တဖန်ပြန်ပြီးရရှိလာခဲ့သည်။
မိန်းကလေးသည် ကောင်လေးဆီကနေ အားပေးစကားတွေအမြဲလိုလိုကြားရပြီး သူတို့နှစ်ဦးချစ်သူဖြစ်သွားချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက် အပြင်မှာတွေ့ကြသောအခါ ကောင်လေးသည် စိတ်ပျက်မသွားပဲ မိဘတွေသဘောမတူသည့်ကြားထဲ မိန်းကလေးကို သစ္စာရှိရှိ လက်ထပ်ခဲ့သည်။
Rain (For Ialinks)
Crd