အရင်က နေ့ချင်းပြန်ခရီး မော်လမြိုင် – ရန်ကုန်၊ အခု ညောင်ခါးရှည် Xray ကြောင့် (၂) ရက်ခရီး ဖြစ်နေတဲ့ လက်ရှိအခြေအနေ..
ကျွန်တော့်ရဲ့ မိတ်ဆွေ မော်လမြိုင် မှ ရန်ကုန်သွားဖို့ ကျိုက်ထိုမှာ ညအိပ်တယ်.. ယနေ့မနက် ကျိုက်ထိုမှ မနက် (၆) နာရီ ထသွားတယ်.. ညောင်ခါးရှည်ရောက်တော့ ကြိုတင်ပြီး ညအိပ် စောင့်နေတဲ့ ယာဉ်တန်းတွေ အများကြီးပဲ.. ညောင်ခါးရှည်ကနေ ထွက်ဖို့ အနည်းဆုံး (၂/၃) နာရီ ကြာပါတယ်..
မော်လမြိုင်မှ မနက်အစောကြီးထထွက်ပြီး ညောင်ခါးရှည်ကို မနက် (၉/၁၀) နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ယာဉ်တွေဆိုရင် (၃/၄) နာရီ လောက်အချိန်ကြာ စောင့်ရတယ်.. ယနေ့ ဆိုရင် လပြည်နေ့နီးလာပြီး ဘုရားဖူး ခရီးသွားတွေများလို့ ယာဉ်တန်းများပါတယ်..
ယာဉ်တန်း နည်းရင်တော့ အချိန် (၁) နာရီကြာပဲ စောင့်ရတယ်.. မွန် ကရင် တနင်္သာရီက ခရီးသွားမိဘပြည်သူတွေ သိရှိရအောင် တင်ပြတာပါ.. ယာဉ်ကြောနှစ်ထပ်ဖြစ်နေတာကို မစောင့်နိုင်လို့ တက်ကျော်တဲ့ ကားဆိုရင်တော့ လာထား ၅ သောင်း၊ ဝိတက်ပါ သိမ်းတယ်.. ယခင်က မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန်ရပေမယ့် အခုဆိုရင်တော့ ၂ ရက်ခရီး ဖြစ်နေပါပြီ။ ခရီသွား မိဘပြည်သူတွေ ဒုက္ခရောက်နေကြပြီ အဆိုပါ နေရာကို သွားခဲ့မယ်ဆိုရင် အစားအသောက်နှင့် မိမိအသုံးအဆောင်ပစ္စည်းများ ထည့်သွားဖို့ မမေ့ပါနဲ့..
“အဓိက သူတို့က ရန်ကုန်ထဲ အဝင်လမ်းကြောင်းက ကားတွေကိုစစ်တာ၊ ကားတွေပိတ်တော့ ရန်ကုန်-မော်လမြိုင် ၆ နာရီ ခရီးကို တစ်ညအိပ် ၂ ရက်ခရီးဖြစ်နေပြီး၊ ညနေဘက်မှ စစ်ဆေးရေးဂိတ်ရောက်တဲ့ကားတွေဆို ဝေါဘက်မှာ ညအိပ် လိုက်ရတယ်၊ ရန်ကုန်ကလည်း ည ၁၂ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်က ရှိနေတော့” ဟု ခရီးသွား ပြည်သူတစ်ဦး ကလည်း ပြောဆိုထားပါသည်။
Post Views: 1