■အရက်သေစာနဲ့သောက်စရာတွေကို လိင်ဖျော်ဖြေရေးကိရိယာတွေနဲ့ထည့်ထားတဲ့ တိုကျိုမှစားသောက်ဆိုင်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အရက်သေစာနဲ့သောက်စရာတွေကို လိင်ဖျော်ဖြေရေးကိရိယာတွေနဲ့ထည့်ထားတဲ့ တိုကျိုမှစားသောက်ဆိုင်

ထောင်ထဲကအစားအစာတွေကို စမ်းသပ်စားသောက်ချင်တဲ့လူရှိရင်တော့ အခုပြောပြမယ့် စားသောက်ဆိုင်လေးကို လမ်းညွှန်ချင်ပါတယ်။ တိုကျိုမှာရှိတဲ့ အဆိုပါစားသောက်ဆိုင်မှာ စားသောက်မယ်ဆိုရင် အထဲကိုဝင်တာနဲ့ အစားအသောက်တွေစားမယ့် စားပွဲဆီကို လက်ထိပ်တွေအခပ်ခံရပြီးသွားရမှာပါ စားသောက်ရမယ့် စားပွဲတွေဟာ ဆိုရင်ထောင်အခန်းငယ်အတွင်းမှာ ပြင်ဆင်ထားပြီး အတက်နိုင်ဆုံး ညစ်ပေရှုပ်ပွတဲ့ပုံစံပေါ်အောင် ဖန်တီးထားပါတယ်။

ထောင်အခန်းငယ်အတွင်းမှာတော့ ဟောင်းနေပြီဖြစ်တဲ့ TVတစ်လုံးနဲ့အလှဆင်ထားပြီး နံရံပေါ်မှာဆင်ထားတဲ့ အသွင်အပြင် တွေကြောင့် သင်တို့ဘုရားတမိကြမှာအမှန်ပါ။

နာစ့်ပုံစံဝတ်ဆင်ထားတဲ့ စားပွဲထိုးမိန်းကလေးငယ်ဟာ သင်တို့ရဲ့ အစားအစာတွေကို သယ်ဆောင်လာပေးမှာဖြစ်ပြီး အချိုတည်းစရာ အစေ့အဆံနဲ့ မုန့်လေးတွေကို ပလပ်စတစ်ခွက်နဲ့ ထည့်ကာ ဆေးအဖြစ်သုံးဆောင်ရမှာဖြစ်ပါတယ်။

အရက်သေစာနဲ့ သောက်စရာတွေကိုတော့ လိင်ဖျော်ဖြေရေးကိ ရိယာတွေနဲ့ ထည့်ထားတာဖြစ်ပြီး တော်တော်လေးတော့ စိတ်ကသိကအောက်ဖြစ်စရာပါပဲ။ နောက်ထပ် ပီဇာလိုမျိုး တစ်ခုခုဆက်ပြီးမှာစားချင်တယ်ဆိုရင်တော့ ထောင်ကသံတိုင်လေးကိုခေါက်ပြီး စားပွဲထိုးကိုအသိပေးမှာလို့ရပါသေးတယ်။

နောက်ပြီး မီးပိတ်သွားတဲ့အခိုက်အတန့်မှာ အရေးပေါ်မီးတွေပျက်တောက်ပျက်တောက်လင်းလာပြီး ထောက်ဖောက်ပြေးတဲ့ အကျည်းသားတစ်ချို့ကိုတွေ့ရမှာပါ သူတို့ထဲကများသောအားဖြင့်ကတော့ ကြောက်စရာကောင်းတဲ့ လူရွှင်တော်ပုံစံဝတ်ဆင်ထားတဲ့လူတွေနဲ့ စိတ်မမှန်တဲ့လူတွေပုံစံ သရုပ်ဆောင်ထားတဲ့လူတွေဖြစ်ပါတယ် တိုကျိုကိုရောက်ရင်တော့ သွားပြီးစမ်းသပ်စားကြည့်သင့်တဲ့ ဆိုင်ထဲမှာပါဝင်နေပါတယ်နော်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext