
အယ္ခိုင္ဒါေခါင္းေဆာင္ေတြကို သုတ္သင္ရာမွာ အသုံးျပဳခဲ့တဲ့ AGM-114 Hellfire ဒုံးက်ည္ အေၾကာင္းတေစ့တေစာင္း…
ငရဲမီးဆိုတာ အလြန္ပူျပင္းတဲ့အရာလို႔ သိၾကပါလိမ့္မယ္။ မွန္ပါတယ္။ အေမရိကန္ရဲ႕ ရန္သူေတြအတြက္ေတာ့ ဒီနာမည္ဟာ ငရဲမီးလို ပူေလာင္ေစပါတယ္။ သူက တိက်စြာ ပစ္ခတ္ေခ်မႈန္းႏိုင္တဲ့ ဒုံးက်ည္တစ္ခု ျဖစ္လို႔ပါ။
ေလာ့ဟိမာတင္ကုမၸဏီက AGM-114 Hellfire ဒုံးက်ည္ အမ်ိဳးအစားသစ္ကို ထုတ္လုပ္ခဲ့ပါတယ္။ ဒီဒုံးက်ည္က ဘာေတြစြမ္းသလဲဆိုတာ ရွာေဖြတင္ျပပါရေစ။
Hellfire AGM ဒုံးက်ည္ဆိုတာ Air-to- Ground ေဝဟင္မွေျမျပင္ပစ္ အမ်ိဳးအစားပါ။ ေနာက္ဆုံးထုပ္တဲ့ AGM-114 series ေတြမွာဆိုရင္ အရွည္ ၁၆၃ စင္တီမီတာ၊ လုံးပါတ္ ၁၇.၈ စင္တီမီတာ ရွိပါတယ္။ အေလးခ်ိန္က ၄၉.၄ ကီလိုဂရမ္ေလးပါတယ္။
Semi-active Laser seeker ေခၚ ေလဆာလမ္းၫႊန္စနစ္ ပါပါတယ္။ ဒီစနစ္ကို Mode ႏွစ္မ်ိဳးနဲ႔ သုံးႏိုင္ပါတယ္။ Pre-fire mode နဲ႔ Post-fire mode ပါ။
ဒုံးက်ည္ကို ေလယာဥ္၊ ရဟတ္ယာဥ္၊ ေမာ္ေတာ္ယာဥ္၊ သေဘၤာနဲ႔သာမက ေျမျပင္မွ သုံးေခ်ာင္းေထာက္ပစ္စင္ ကေန အမ်ိဳးမ်ိဳး ပစ္ခတ္ႏိုင္ပါတယ္။ ဘက္စုံသုံး ထိပ္ဖူးအမ်ိဳးမ်ိဳး လဲလွယ္တပ္ဆင္ႏိုင္ၿပီး အကြာအေဝး ၈ ကီလိုမီတာအထိ ပစ္ခတ္ႏိုင္ပါတယ္။
၉ ကီလိုဂရမ္ ထိပ္ဖူးတပ္မယ္ဆိုရင္ ျပင္းအား ၆.၈ ကီလိုဂရမ္ ေပါက္ကြဲအားက ၁.၄ မီတာ အထူရွိတဲ့ ပစ္မွတ္ကို ေဖါက္ထြင္း ႏိုင္ပါတယ္။
AGM-114K မွာဆိုရင္ ထိပ္ဖူးႏွစ္ခုေရွ႕ေနာက္စီ တပ္ထားလို႔ ႏွစ္ဆင့္ကြဲၿပီး ပစ္မွတ္ကို ဖ်က္ဆီးတာမ်ိဳးပါ။
AGM-114M ကေတာ့ ျဖာထြက္ေပါက္ကြဲၿပီး မီးေလာင္ေစပါတယ္။ သူက ထုထည္ရွိတဲ့ပစ္မွတ္ ( တင့္ကား သံခ်ပ္ကာယာဥ္၊ဘန္ကာ ) ေတြပစ္ခတ္ရာမွာ မသုံးပါဘူး။
ဆြီဒင္မွာ မိတ္ဆက္ခဲ့တဲ့ AGM -114 ကေတာ့ သေဘၤာဖ်က္ အမ်ိဳးအစားျဖစ္ၿပီး အလတ္စားသေဘၤာေတြ ပစ္ခတ္ဖ်က္ဆီးႏိုင္ပါတယ္။
အဓိကကေတာ့ AGM -114 ေတြကို တင့္ကားပစ္ဖို႔အတြက္ ရည္႐ြယ္ထုတ္လုပ္တာျဖစ္ပါတယ္။ အေမရိကန္ စစ္တပ္ကေတာ့ သူ႔ကို Hairfa လို႔ေခၚၾကပါတယ္။ Smart လို႔လည္း လူသိမ်ားပါတယ္။
ယူအက္စ္ မရိန္းေတြက ၆၀၀၀၀ အထိမွာယူ အသုံးျပဳခဲ့ပါတယ္။ ယခင္အသုံးျပဳခဲ့တဲ့ TOW ဒုံးက်ည္ေတြေနရာမွာ အစားထိုးဖို႔ပါ။
အပါခ်ီရဟတ္ယာဥ္ေတြမွာ Hellfire ကို အဓိကတပ္ဆင္ၿပီး တိုက္ပြဲဝင္ခဲ့တဲ့ သာဓကေတြ ရွိပါတယ္။ ပါရွင္းပင္လယ္ေကြ႕စစ္ပြဲအတြင္း အပါခ်ီရဟတ္ယာဥ္မႉးေတြဟာ Semi-active Laser seeker system အကူအညီနဲ႔ တင့္ကားအမ်ားအျပားကို ပစ္ခတ္ဖ်က္ဆီးခဲ့ပါတယ္။
ဒီလိုအစြမ္းထက္လွတဲ့ Hellfire ဒုံးေတြကို ယူေက၊ ေနာ္ေဝး၊ ဂ်ာမနီ၊ အစၥေရး ၊အီတလီ၊ အိႏၵိယ တို႔ကို ေရာင္းခ်ေပးခဲ့ပါတယ္။
ေနာက္ဆုံးတင္ျပခ်င္တာကေတာ့ အယ္ခိုင္ဒါေခါင္းေဆာင္ အယ္မန္ဒါဇဝါဟရီ ကို သုတ္သင္ခဲ့တာကလည္း ေပါက္ကြဲေစတဲ့ ထိပ္ဖူးမပါဘဲ ဓါးသြားေျခာက္လက္က လည္ပါတ္ခုတ္ျဖတ္ေစႏိုင္တဲ့ Hellfire ဒုံးက်ည္ကို အသုံးျပဳခဲ့တယ္ဆိုတာ ျဖစ္ပါတယ္လို႔တင္ျပရင္း အဆုံးသတ္လိုက္ပါတယ္။
crd
Unicode
အယ်ခိုင်ဒါခေါင်းဆောင်တွေကို သုတ်သင်ရာမှာ အသုံးပြုခဲ့တဲ့ AGM-114 Hellfire ဒုံးကျည် အကြောင်းတစေ့တစောင်း…
ငရဲမီးဆိုတာ အလွန်ပူပြင်းတဲ့အရာလို့ သိကြပါလိမ့်မယ်။ မှန်ပါတယ်။ အမေရိကန်ရဲ့ ရန်သူတွေအတွက်တော့ ဒီနာမည်ဟာ ငရဲမီးလို ပူလောင်စေပါတယ်။ သူက တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်တဲ့ ဒုံးကျည်တစ်ခု ဖြစ်လို့ပါ။
လော့ဟိမာတင်ကုမ္ပဏီက AGM-114 Hellfire ဒုံးကျည် အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဒုံးကျည်က ဘာတွေစွမ်းသလဲဆိုတာ ရှာဖွေတင်ပြပါရစေ။
Hellfire AGM ဒုံးကျည်ဆိုတာ Air-to- Ground ဝေဟင်မှမြေပြင်ပစ် အမျိုးအစားပါ။ နောက်ဆုံးထုပ်တဲ့ AGM-114 series တွေမှာဆိုရင် အရှည် ၁၆၃ စင်တီမီတာ၊ လုံးပါတ် ၁၇.၈ စင်တီမီတာ ရှိပါတယ်။ အလေးချိန်က ၄၉.၄ ကီလိုဂရမ်လေးပါတယ်။
Semi-active Laser seeker ခေါ် လေဆာလမ်းညွှန်စနစ် ပါပါတယ်။ ဒီစနစ်ကို Mode နှစ်မျိုးနဲ့ သုံးနိုင်ပါတယ်။ Pre-fire mode နဲ့ Post-fire mode ပါ။
ဒုံးကျည်ကို လေယာဉ်၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ်၊ သင်္ဘောနဲ့သာမက မြေပြင်မှ သုံးချောင်းထောက်ပစ်စင် ကနေ အမျိုးမျိုး ပစ်ခတ်နိုင်ပါတယ်။ ဘက်စုံသုံး ထိပ်ဖူးအမျိုးမျိုး လဲလှယ်တပ်ဆင်နိုင်ပြီး အကွာအဝေး ၈ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်။
၉ ကီလိုဂရမ် ထိပ်ဖူးတပ်မယ်ဆိုရင် ပြင်းအား ၆.၈ ကီလိုဂရမ် ပေါက်ကွဲအားက ၁.၄ မီတာ အထူရှိတဲ့ ပစ်မှတ်ကို ဖေါက်ထွင်း နိုင်ပါတယ်။
AGM-114K မှာဆိုရင် ထိပ်ဖူးနှစ်ခုရှေ့နောက်စီ တပ်ထားလို့ နှစ်ဆင့်ကွဲပြီး ပစ်မှတ်ကို ဖျက်ဆီးတာမျိုးပါ။
AGM-114M ကတော့ ဖြာထွက်ပေါက်ကွဲပြီး မီးလောင်စေပါတယ်။ သူက ထုထည်ရှိတဲ့ပစ်မှတ် ( တင့်ကား သံချပ်ကာယာဉ်၊ဘန်ကာ ) တွေပစ်ခတ်ရာမှာ မသုံးပါဘူး။
ဆွီဒင်မှာ မိတ်ဆက်ခဲ့တဲ့ AGM -114 ကတော့ သင်္ဘောဖျက် အမျိုးအစားဖြစ်ပြီး အလတ်စားသင်္ဘောတွေ ပစ်ခတ်ဖျက်ဆီးနိုင်ပါတယ်။
အဓိကကတော့ AGM -114 တွေကို တင့်ကားပစ်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ကတော့ သူ့ကို Hairfa လို့ခေါ်ကြပါတယ်။ Smart လို့လည်း လူသိများပါတယ်။
ယူအက်စ် မရိန်းတွေက ၆၀၀၀၀ အထိမှာယူ အသုံးပြုခဲ့ပါတယ်။ ယခင်အသုံးပြုခဲ့တဲ့ TOW ဒုံးကျည်တွေနေရာမှာ အစားထိုးဖို့ပါ။
အပါချီရဟတ်ယာဉ်တွေမှာ Hellfire ကို အဓိကတပ်ဆင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ပါရှင်းပင်လယ်ကွေ့စစ်ပွဲအတွင်း အပါချီရဟတ်ယာဉ်မှူးတွေဟာ Semi-active Laser seeker system အကူအညီနဲ့ တင့်ကားအများအပြားကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။
ဒီလိုအစွမ်းထက်လှတဲ့ Hellfire ဒုံးတွေကို ယူကေ၊ နော်ဝေး၊ ဂျာမနီ၊ အစ္စရေး ၊အီတလီ၊ အိန္ဒိယ တို့ကို ရောင်းချပေးခဲ့ပါတယ်။
နောက်ဆုံးတင်ပြချင်တာကတော့ အယ်ခိုင်ဒါခေါင်းဆောင် အယ်မန်ဒါဇဝါဟရီ ကို သုတ်သင်ခဲ့တာကလည်း ပေါက်ကွဲစေတဲ့ ထိပ်ဖူးမပါဘဲ ဓါးသွားခြောက်လက်က လည်ပါတ်ခုတ်ဖြတ်စေနိုင်တဲ့ Hellfire ဒုံးကျည်ကို အသုံးပြုခဲ့တယ်ဆိုတာ ဖြစ်ပါတယ်လို့တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
crd
Crd