အယောင်ဆောင်တိုက်ခိုက်မှု

News Social News

အယောင်ဆောင်တိုက်ခိုက်မှု

အမေရိကန်ဆိုတာနဲ့ ခေတ်မီစစ်လက်နက်တွေ မြင့်မားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားလို့ သူ့ကိုလွယ်လွယ်ကူကူ တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကြပါလိမ့်မယ်။

ဘယ်လောက်ပဲ စွမ်းရည်မြင့်ပါစေ ဟန်ဆောင် ပုံဖျက်ထားတဲ့ ရန်သူရဲ့ တိုက်ခိုက်တာကိုတော့ ခံရဘူးပါတယ်။

ခု အဲဒီအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

၁၉၈၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာဖြစ်ပါတယ်။ အီရန်နဲ့အီရတ်တို့ စစ်ပွဲဖြစ်ပွာနေတဲ့အချိန်ပေါ့။ အီရတ်လေတပ်ဟာ လှည့်စားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Dassault Falcon 50

သူတို့က Dassault Falcon 50 ဆိုတဲ့ ခရီးသည်တင်လေယာဉ်မှာ Mirage F-1 အမျိုးအစား ပြင်သစ်လုပ် Electronic Equipment တွေ တပ်ဆင်ပြီး Exocet missile ၂ လုံးကို ပစ်လွှတ်ခဲ့ပါတယ်။ လေယာဉ်ရဲ့ Code name က Suzanna ဖြစ်ပါတယ်။

ပစ်မှတ်က အမေရီကန်စစ်သင်္ဘော USS Stark ဖြစ်ပါတယ်။ သင်္ဘောဟာ လေယာဉ်အမျိုးအစားက ခရီးသည်တင်လေယာဉ်ဖြစ်နေတဲ့အတွက် ရန်သူမှန်း မသိလိုက်ပါဘူး။ Exocet AM-39 ဒုံးကျည်ဟာ ပြင်သစ်လုပ်အမျိုးအစားပါ။

အစပိုင်းမှာတော့ အမေရိကန်ရဲ့ AWACS လေယာဉ် E-3 Sentry က ရေဒါမှာ အီရတ်လေယာဉ်တစ်စီးဟာ Stark သင်္ဘောဆီကို အနောက်မြောက်ဖက်က ချဉ်းကပ်လာတာကို သတိထားမိခဲ့ပါတယ်။

နောက်တော့ ဒါဟာ မိတ်ဆွေလေယာဉ်လို့သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ Stark သင်္ဘော ထိန်းချုပ်ရေးစခန်းကတော့ ချဉ်းကပ်လာတဲ့လေယာဉ်ကို ဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်။

USS Stark

အီရတ်ပိုင်းလော့ဟာ ပထမဒုံးကျည်ကို ၂၂ မိုင်အကွာက ပစ်လွှတ်ပြီး တစ်မိနစ်အကြာမှာ နောက်ထပ်ဒုံးကျည်တစ်စင်းကို ၁၅ မိုင်အကွာကနေ ပစ်လွှတ်ခဲ့ပါတယ်။
ဒုံးကျည်နှစ်ခုလုံးဟာ Stark သင်္ဘောဆီကို တစ်နာရီ မိုင် ၅၅၀ နှုန်းနဲ့ ဦးတည်နေပါပြီ။

ပထမတော့ မိုးကုတ်စက်ဝိုင်းမှာ မြင်နေရတဲ့ ဒီစူးရှ အလင်းရောင်ဟာ အလင်းတစ်ခုခုက ရောင်ပြန်နေတာလို့ ယူဆခဲ့ကြပါတယ်။

Stark သင်္ဘောရဲ့ ရေဒါကလဲ ဒုံးကျည်ကိုထောက်လှမ်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒုံးကျည်ဟာ ရေပြင်အထက် အမြင့် ၁၀ ပေလောက်က လျှပ်ပျံလာပါတယ်။

Stark သင်္ဘောရဲ့ Tactical action officer က ချဉ်းကပ်လာတဲ့ လေယာဉ်ကို အမျိုးမျိုး သတိပေးခဲ့ပါတယ်။ စစ်သုံး ရေဒီယိုလှိုင်းအမျိုးမျိုးသုံးခဲ့ပေမဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။

Stark သင်္ဘောရဲ့ အီလက်ထရောနစ် စစ်သည်ဟာ ကိန်းသေတုံနှုန်းနဲ့အသံလှိုင်းတစ်ခုကို နားကြပ်မှာ ၁၀ စက္ကန့်ကြာ ဖမ်းမိခဲ့ပါတယ်။

ပထမဒုံးကျည်ကို သင်္ဘောရေဒါက ထောက်လှမ်းမိစဉ်မှာ ဒီအသံကိုပါ ကြားရတာ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Phalanx အမြန်ပစ်အမြောက်ကို အသင့်အနေအထား ပြုလုပ်ခဲ့ပါတယ်။အသင့်အနေအထား Stand-by မှာဆိုရင် အမြောက်ဟာ ပစ်မမှတ်ကို လော့မလုပ်ပါဘူး။

နောက်ဆုံးတော့ ဒုံးကျည်နှစ်ခုလုံး သင်္ဘောကို ထိမှန်ခဲ့ပါတော့တယ်။ ပထမဒုံးဟာ သင်္ဘောရဲ့ဘယ်ခြမ်းကိုထိမှန်ပေမယ့် စနက်တံက မပေါက်ကွဲခဲ့ပါဘူး။

ဒါပေမဲ့ ဒုံးကျည်ပို့တဲ့စနစ်ရဲ့ ကျန်နေတဲ့လောင်စာဆီကြောင့် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။

ဒုတိယဒုံးကတော့ ပေါက်ကွဲခဲ့ပြီး သင်္ဘောရဲ့ ကိုယ်ထည်ရော စစ်ပွဲသတင်းအချက်အလက် ထိန်းချုပ်ခန်းကိုပါ ထိခိုက်ပျက်ဆီးစေခဲ့ပါတယ်။

စစ်သည် ၃၇ ယောက် သေဆုံးခဲ့ရပြီး ၂၁ ယောက် ဒါဏ်ရာရခဲ့ပါတယ်။ အီရတ်ဟာ အဲဒီအချိန်က အမေရိကန်နဲ့ မဟာမိတ်ပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို blues-on- blues incident လို့ ခေါ်ခဲ့ပါတယ်။

ဆက်ဒမ်ဟူစိန်အစိုးရက အမေရိကန်ကို တရားဝင် တောင်းပန်ခဲ့ပါတယ်။ နစ်နာကြေးလည်း ပေးအပ်ခဲ့ပါတယ်။

* မှတ်ချက်။ ။ စာရေးသူမှတ်မိသလောက် အဲတုန်းက ကန်သမ္မတ ဒေါ်နယ် ရမ်းစ်ဖဲလ်ဟာ ဆက်ဒန်ကို ရွှေပစ္စတိုသေနတ်တောင် လက်ဆောင်ပေးခဲ့ဖူးပါတယ်။

ဘယ်တော့မှမပြီးဆုံးတဲ့ ချစ်ခြင်းမေတ္တာအတွက် သက်သေလို့တောင် စကားပါးခဲ့ဘူးပါတယ်။ ခုတော့လည်း။

Knight News Team

Crd