■အယူမှားခြင်းနှင့်ယောက်ျားလေးလိုဝတ်ဆင်ခြင်းနှင့်စုန်းမဆိုတဲ့စွပ်စွဲချက်တွေကြောင့် မီးရှို့အသတ်ခံရသည့် joan of arc

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အယူမှားခြင်းနှင့်ယောက်ျားလေးလိုဝတ်ဆင်ခြင်းနှင့်စုန်းမဆိုတဲ့စွပ်စွဲချက်တွေကြောင့် မီးရှို့အသတ်ခံရသည့် joan of arc

ဂျုန်းအော့ဖ်အက်ခ်ဟာ လူသိအများဆုံး အမျိုးသမီး စစ်သူရဲကောင်းဖြစ်ပါတယ်။ ဂျုန်းအော့ဖ်အက်ခ်ဟာ ကောင်းကင်တမန်နတ်မင်း မိုက်ကယ်လ်ကို အာရုံတွေထဲမြင်တဲ့အတွက်ကြောင့် စစ်ထဲဝင်ခဲ့ရပါတယ်။

အစမှာတော့ သူမဟာ စစ်ထဲဝင်တဲ့အတွက်လှောင်ပြောင်သရော်ခံခဲ့ရပေမယ့်လည်း အော်လင်းန်ကို သူမရဲ့ အာဏာကြောင့် ၉ ရက်အတွင်းဝိုင်းလိုက်နိုင်ပြီးတဲ့အခါမှာတော့ သူမဟာ အောက်ခြေတပ်သားတွေနှင့် စစ်ဗိုလ်ချုပ်ကြီးတွေထက်ပိုပြီးတော့နာမည်ကျော်ခဲ့တော့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာတင် သူမဟာ ပြင်သစ်စစ်တပ်မှာ အရေးပါတဲ့နေရာကနေပါဝင်နေရပြီး သူမသေဆုံးပြီး ၂၅ နှစ်တိုင်အောင် သူမရဲ့ပရိယာယ်တွေဟာ အမျိုးသား စစ်သားတွေကြားမှာ တွင်ကျယ်အောင်အသုံးပြုနေသေးတာပါ။

ကံမကောင်းစွာဖြင့် ၁၄၃၀ ခုနှစ်မှာ သူမကို အင်္ဂလိပ်စစ်တပ်ကဖမ်းဆီးမိခဲ့ပြီး ကားချပ်မှာ မီးရှို့အသက်ခံခဲ့ရပါတယ်။ ပြစ်မှုကတော့ အယူမှားခြင်းနှင့် ယောက်ျားလေးလိုဝတ်ဆင်ခြင်းနင့်စုန်းမဆိုတဲ့စွပ်စွဲချက်တွေကြောင့်ပါ။

သူမသေဆုံးပြီးနောက်မှာ သူမရဲ့ အမှုကိုပြန်လည်ကြားနာခဲ့ပြီး သူမအပေါ်အပြစ်ပေးခဲ့တာဟာ တကယ်တမ်းတော့တရားလွန်ခဲ့ပါတယ်။ အသက်ကိုကယ်ဖို့တော့တော်တော်နောက်ကျနေပါပြီ။

ဒါပေမယ့် သူမသေဆုံးပြီးနောက် နှစ်ပေါင်း ၄၆၀ အကြာမှာတော့ သူမကို ပုပ်ရဟန်းမင်းကြီးဘယ်နဒစ် (၁၅) ကသူတော်စင်အဖြစ်ကြေညာခဲ့တယ်လို့ဆိုပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext