ကမ္ဘာကြီးဟာ တောက်ပတဲ့အသစ်သောနေရာဆီသို့ တဖြည်းဖြည်းပြောင်းလဲလာတာပါ။ဒါပေမဲ့ လူတိုင်းက ၎င်းနဲ့လိုက်လျောညီထွေသွားအောင် နေထိုင်ရမယ်လို့မဆိုလိုပါဘူး။

စင်္ကာပူနိုင်ငံရဲ့ Geylang လမ်းသွယ်တစ်ခုမှ အိမ်ပိုင်ရှင်နှစ်ဦးက သူတို့ရဲ့နှစ်လုံးချင်းအိမ်တွေကို ကွန်ဒ်ုမီနီယံတိုက်ဆောက်သူတွေအား မရောင်းချပေးခဲ့ပါဘူး။ Shin Min Daily News အရ ဘေးပတ်လည်အိမ်နီးချင်းတွေက အိမ်ရောင်းလိုက်ကြတာကြောင့် ဆောက်လုပ်ရေးသမားတွေက အိမ်တွေကို ဖြိုချလိုက်ပေမဲ့ အဆိုပါ အိမ်ပိုင်ရှင်နှစ်ဦးကတော့ အတင်းအကျပ်ငြင်းဆန်ခဲ့ပြီး သူတို့အိမ်တွေကိုသာ ထားခဲ့ပြီးဘဲ တိုက်ဆောက်ဖို့ ဆိုခဲ့ကြပါတယ်။


အိမ်တစ်လုံးကိုပိုင်ဆိုင်တဲ့ အသက် ၆၀ အရွယ် Mr.Wu ဟာ အိမ်ကအမေဖြစ်သူရဲ့နောက်ဆုံးပေးလိုက်တဲ့အမွေမို့ မရောင်းပစ်ဘဲ ညီမဖြစ်သူနဲ့အဆိုပါအိမ်မှာ နေထိုင်နေပြီး “ငါ့အိမ်ရှေ့မှာ ပန်းပင်တွေစိုက်ထားတယ် ဌက်ကလေးတွေကော မွေးထားတယ် တစ်ခါတစ်လေ မနက်ခင်း ငါအေးဆေးထိုင်ပြီး မြို့ပြကြီးဘယ်လိုနိုးထလာတာကို ကြည့်ချင်တာ”လို့ဆိုထားပါတယ်။

Mr.Wu ဟာ ဘယ်လောက်ငွေတန်ဖိုးများများ ကမ်းလှမ်းနေပါစေ မရောင်းဘူးလို့လည်း ဆိုထားပါသေးတယ်။တစ်ခြားအိမ်ကတော့ ဗုဒ္ဓဘာသာခန်းမဖွင့်လှစ်ထားတဲ့ အမျိုးသမီးတစ်ဦးကပိုင်တာပါ။အဆိုပါခန်းမကို မိတ်ဆွေနဲ့ ဆွေမျိုးတွေအတွက်ဖွင့်ထားပြီး သူ့အိမ်က ကွန်ဒိုတိုက်ရဲ့ အဝင်အထွက်ကို မထိခိုက်စေတာကြောင့် သူမလည်း မရောင်းချခဲ့ပါဘူး။


အခုလို ငွေအမြောက်အများနဲ့လဲလှယ်ပစ်လို့ရပေမဲ့ သူတို့ရဲ့နေအိမ်လေးတွေကို တန်ဖိုးထားတတ်တဲ့လူတွေရှိနေသေးတာကို မြင်ရခြင်းက ဝမ်းသာစရာပါဘဲ။လူတိုင်းက မြို့ပြဖြစ်ထွန်းမှုတွေမှာ မပါဝင်ချင်တတ်ကြပါဘူး။အဆိုပါအိမ်ပိုင်ရှင်နှစ်ဦးက ကျွန်တော်တို့ရဲ့အရင်းအမြစ်ကို တန်ဖိုးထားဖို့ သတိပေးနေသလိုပါဘဲ။စာဖတ်တို့အနေနဲ့ကော သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုလုပ်ပစ်ဖို့ စဉ်းစားမိကြပါသလဲ။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။