အမြန်ဆုံးသံလိုက်ရထား၊ တရုတ်ပြည်၌စတင်

News

ကမ္ဘာ့ပထမဆုံးနဲ့အမြန်ဆုံးသံလိုက်ရထား၊ တရုတ်ပြည်၌စတင်

တရုတ်နိုင်ငံအရှေ့ဘက် Shandong ပြည်နယ်ရဲ့ Qingdao မှာ တစ်နာရီ ၆၀၀ ကီလိုမီတာနှုန်း မောင်းနှင်နိုင်မယ့် ကမ္ဘာ့ပထမဆုံး သံလိုက်ရထားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါရထားကို China Railway Rolling Stock Corporation (CRRC) ကနေ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်းပစ္စည်းတွေနဲ့ပဲ တည်ဆောက် ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုတည်ဆောက်မှုဟာ ကမ္ဘာပထမဆုံးရထားလမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့ အတွက် ဦးဆောင်မှုပါ။

တစ်နာရီကီလိုမီတာ ၆၀၀ နှုန်းဟာ သံလိုက်ရထားအတွက် အတော့်ကိုမြန်တဲ့ နှုန်းဖြစ်ပြီး နည်းပညာဆိုင်ရာကြွယ်ဝမှုကိုလည်း ပြသနေတာဖြစ်ပါတယ်။
စီမံကိန်းကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းဟာ စနစ်ပေါင်းစည်းခြင်း၊ ရထားထုတ်လုပ်ခြင်း၊ စွမ်းအင်ထုတ်ယူခြင်း၊ ရထားလမ်းနှင့်သယ်ယူပို့ဆောင်ရေးထိန်းချုပ်ခြင်းနှင့်ဆက်သွယ်ခြင်း အပါအ၀င် ပြည့်စုံသောမြန်နှုန်းမြင့်သံလိုက်ရထားနည်းပညာ အင်ဂျင်နီယာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားသော ခြေလှမ်းများ လှမ်းလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ အမြင့်ဆုံးစွမ်းရည်သည် တစ်နာရီ ၃၅၀ ကီလိုမီတာ ရှိနေရာ မြန်နှုန်းမြင့်လေယာဉ်စနစ်၏ ပျံသန်းမှုနှုန်းမှာ ၈၀၀ မှ ၉၀၀ ကီလိုမီတာ ရှိသည့်အတွက် အံမခန်းမောင်းနှင်နိုင်မှုပါ။

ထို့ကြောင့် သံလိုက်ရထားအနေဖြင့် ခရီးသည်များ၏ လျင်မြန်စွာ သွားလာလိုမှု၊ ရောက်ရှိလိုမှုအခြေအနေကို ဖြည့်ဆည်းပေးနိုင်လိ့မ်မှာပါ။

ရထားတွဲ ၁၀ တွဲ နှင့် တစ်တွဲလျှင် ခရီးသည် ၁၀၀ သယ်ဆောင်နိုင်မည်ဖြစ်ပြီး သာမန်ရထားတွေလို ဘီးမပါတာကြောင့် ပွတ်တိုက်မှုအားနည်းပြီး ပြုပြင်ထိန်းသိမ်းတာလည်း မရှိသလောက်ကိုဖြစ်မှာပါ။

khekcaihmedia

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ကမ္ဘာ့ပထမဆုံးနဲ့အမြန်ဆုံးသံလိုက်ရထား၊ တရုတ်ပြည်၌စတင်

တရုတ်နိုင်ငံအရှေ့ဘက် Shandong ပြည်နယ်ရဲ့ Qingdao မှာ တစ်နာရီ ၆၀၀ ကီလိုမီတာနှုန်း မောင်းနှင်နိုင်မယ့် ကမ္ဘာ့ပထမဆုံး သံလိုက်ရထားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါရထားကို China Railway Rolling Stock Corporation (CRRC) ကနေ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်းပစ္စည်းတွေနဲ့ပဲ တည်ဆောက် ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုတည်ဆောက်မှုဟာ ကမ္ဘာပထမဆုံးရထားလမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့ အတွက် ဦးဆောင်မှုပါ။

တစ်နာရီကီလိုမီတာ ၆၀၀ နှုန်းဟာ သံလိုက်ရထားအတွက် အတော့်ကိုမြန်တဲ့ နှုန်းဖြစ်ပြီး နည်းပညာဆိုင်ရာကြွယ်ဝမှုကိုလည်း ပြသနေတာဖြစ်ပါတယ်။
စီမံကိန်းကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းဟာ စနစ်ပေါင်းစည်းခြင်း၊ ရထားထုတ်လုပ်ခြင်း၊ စွမ်းအင်ထုတ်ယူခြင်း၊ ရထားလမ်းနှင့်သယ်ယူပို့ဆောင်ရေးထိန်းချုပ်ခြင်းနှင့်ဆက်သွယ်ခြင်း အပါအဝင် ပြည့်စုံသောမြန်နှုန်းမြင့်သံလိုက်ရထားနည်းပညာ အင်ဂျင်နီယာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားသော ခြေလှမ်းများ လှမ်းလည်းဖြစ်ပါတယ်။

Leave a Reply