■အမြင်ဆန်းသောနယ်နိမိတ်စည်းများဖြင့်ကာရံထားရှိသော နိုင်ငံနှစ်ခု

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အမြင်ဆန်းသောနယ်နိမိတ်စည်းများဖြင့်ကာရံထားရှိသော နိုင်ငံနှစ်ခု

ဘယ်ဂျီယံနိုင်ငံရဲ့ပိုင်နက် ဘာလာဟားတော့ခ် မြို့ငယ်လေးဟာ ကမ္ဘာ အံဖွယ်ထဲမှာ ပါဝင်တယ်လို့ဆိုရမှာပါ။ ဂီဇာပိရမစ်တွေလောက် မထူးဆန်းပေမယ့်လည်း သူ့မှာလည်း သူ့ဆွဲဆောင်မှုနဲ့သူရှိပါတယိ။

အကြောင်းရင်းကတော့ ဘယ်ဂျီယံနဲ့ နယ်သာလန်ရဲ့ နယ်စပ်ဟာ တော်တော်လေး ရှည်လျားလို့ပါ။ ဘယ်ဂျီယံ မြို့ရဲ့တစ်ချို့အပိုင်းတွေက ဘယ်ဂျီယံ နယ်စပ်ကနေ ၅ ကီလိုမီတာအကွာမှာရှိတဲ့ နယ်သာလန်ပိုင်နက်နယ်မြေထဲ ရောက်နေတာမျိုးတွေ ရှိပါတယ်။ နယ်မြေတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းက အခြားနယ်မြေပိုင်နက်ထဲကို လုံးဝရောက်နေပြီး ကာရံထားတာမျိုးကို နယ်နိမိတ်ခြားပိုင်နက်လို့ ခေါ်တာပါ။

နည်းနည်းတော့ရှုပ်ထွေးတာပေါ့။ အဲ့ထက်ပိုဆိုးတာက တခြားနယ်မြေထဲရောက်နေတဲ့ ဘယ်ဂျီယံ အပိုင်းထဲမှာ ဒတ်ချ် ရဲ့ပိုင်နက်လည်းရှိနေတာမျိုးကို အဆင့်ဆင့်နယ်နိမိတ်ခြားပိုင်နက်လို့ ခေါ်ကြပါတယ်။ ပရိတ်သတ်ကြီး တွေ့တဲ့အတိုင်းပဲ ဘာလာဟားတော့ခ် ကတော့တော်တော်လေးရှုပ်ထွေးတဲ့နေရာလို့ပြောရမှာပါ။

၁၈၄၃ခုနှစ် မှာ ဘယ်ဂျီယံနဲ့နယ်သာလန်နှစ်နိုင်ငံကြား နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ခုလို ရှုပ်ထွေးတဲ့ နယ်နိမိတ်အပိုင်းအခြား ဖြစ်လာတာပါ။ အဲ့ခေတ်အလယ်ပိုင်း လောက်က သဘောတူညီချက်အရ နယ်မြေတစ်ခုအတွင်းမှာပဲ သူအပိုင်းနဲ့သူ ခွဲထားတာမျိုးတွေ ရှိလာပါတယ်။ အကုန်လုံး က သူအပိုင်း ကိုယ့်အပိုင်းဆိုပြီး အားလုံးခွဲခြားထားပြီး အဲ့ဒေသက အိမ်တွေကိုတောင် ပိုင်းခြားထားတာမျိုးတွေရှိလာတာပေါ့။

Dutch မှာ စာသောက်ဆိုင်တွေ စောစောပိတ်ရမယ်ဆိုတဲ့ ဥပဒေထွက်လာတဲ့ အခါ နယ်စပ်နားမှာရှိနေတဲ့ဆိုငိတွေမှာတော့ customer တွေကဘယ်ဂျီယံအပိုင်းက စားပွဲကို အေးအေးလူလူ ရွှေ့သွားရုံပါပဲ ဒါအပြင် နယ်သာလန်မှာ မီးရှုးမီးပန်းတွေ ရောင်းချတာကို အပြင်းအထန်တားမြစ်ထားပေမယ့် ဘယ်ဂျီယံနိုင်ငံမှာတော့ ခွင့်ပြုထားပါတယ်။ ဒါကြောင့်လည်း နယ်သာလန်လူမျိုးတွေတော်တော်များများ ဘာလာဟားတော့ခ်ကို သွားလည်ပြီး နှစ်သစ်ကူးပွဲတော်အတွက်သူတို့လိုချင်တဲ့ မီးရှူးမီးပန်းတွေ သွားဝယ်ကြတာပေါ့။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အျမင္ဆန္းေသာနယ္နိမိတ္စည္းမ်ားျဖင့္ကာရံထားရွိေသာ နိုင္ငံႏွစ္ခု

ဘယ္ဂ်ီယံနိုင္ငံရဲ့ပိုင္နက္ ဘာလာဟားေတာ့ခ္ ၿမိဳ႕ငယ္ေလးဟာ ကမၻာ အံဖြယ္ထဲမွာ ပါဝင္တယ္လို႔ဆိုရမွာပါ။ ဂီဇာပိရမစ္ေတြေလာက္ မထူးဆန္းေပမယ့္လည္း သူ႔မွာလည္း သူ႔ဆြဲေဆာင္မႈနဲ႔သူရွိပါတယိ။

အေၾကာင္းရင္းကေတာ့ ဘယ္ဂ်ီယံနဲ႔ နယ္သာလန္ရဲ့ နယ္စပ္ဟာ ေတာ္ေတာ္ေလး ရွည္လ်ားလို႔ပါ။ ဘယ္ဂ်ီယံ ၿမိဳ႕ရဲ့တစ္ခ်ိဳ႕အပိုင္းေတြက ဘယ္ဂ်ီယံ နယ္စပ္ကေန ၅ ကီလိုမီတာအကြာမွာရွိတဲ့ နယ္သာလန္ပိုင္နက္နယ္ေျမထဲ ေရာက္ေနတာမ်ိဳးေတြ ရွိပါတယ္။ နယ္ေျမတစ္ခုရဲ့ တစ္စိတ္တစ္ပိုင္းက အျခားနယ္ေျမပိုင္နက္ထဲကို လုံးဝေရာက္ေနၿပီး ကာရံထားတာမ်ိဳးကို နယ္နိမိတ္ျခားပိုင္နက္လို႔ ေခၚတာပါ။

နည္းနည္းေတာ့ရႈပ္ေထြးတာေပါ့။ အဲ့ထက္ပိုဆိုးတာက တျခားနယ္ေျမထဲေရာက္ေနတဲ့ ဘယ္ဂ်ီယံ အပိုင္းထဲမွာ ဒတ္ခ်္ ရဲ့ပိုင္နက္လည္းရွိေနတာမ်ိဳးကို အဆင့္ဆင့္နယ္နိမိတ္ျခားပိုင္နက္လို႔ ေခၚၾကပါတယ္။ ပရိတ္သတ္ႀကီး ေတြ႕တဲ့အတိုင္းပဲ ဘာလာဟားေတာ့ခ္ ကေတာ့ေတာ္ေတာ္ေလးရႈပ္ေထြးတဲ့ေနရာလို႔ေျပာရမွာပါ။

၁၈၄၃ခုႏွစ္ မွာ ဘယ္ဂ်ီယံနဲ႔နယ္သာလန္ႏွစ္နိုင္ငံၾကား ႏွစ္ဦးသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ ခုလို ရႈပ္ေထြးတဲ့ နယ္နိမိတ္အပိုင္းအျခား ျဖစ္လာတာပါ။ အဲ့ေခတ္အလယ္ပိုင္း ေလာက္က သေဘာတူညီခ်က္အရ နယ္ေျမတစ္ခုအတြင္းမွာပဲ သူအပိုင္းနဲ႔သူ ခြဲထားတာမ်ိဳးေတြ ရွိလာပါတယ္။ အကုန္လုံး က သူအပိုင္း ကိုယ့္အပိုင္းဆိုၿပီး အားလုံးခြဲျခားထားၿပီး အဲ့ေဒသက အိမ္ေတြကိုေတာင္ ပိုင္းျခားထားတာမ်ိဳးေတြရွိလာတာေပါ့။

Dutch မွာ စာေသာက္ဆိုင္ေတြ ေစာေစာပိတ္ရမယ္ဆိုတဲ့ ဥပေဒထြက္လာတဲ့ အခါ နယ္စပ္နားမွာရွိေနတဲ့ဆိုငိေတြမွာေတာ့ customer ေတြကဘယ္ဂ်ီယံအပိုင္းက စားပြဲကို ေအးေအးလူလူ ေရႊ႕သြား႐ုံပါပဲ ဒါအျပင္ နယ္သာလန္မွာ မီးရႈးမီးပန္းေတြ ေရာင္းခ်တာကို အျပင္းအထန္တားျမစ္ထားေပမယ့္ ဘယ္ဂ်ီယံနိုင္ငံမွာေတာ့ ခြင့္ျပဳထားပါတယ္။ ဒါေၾကာင့္လည္း နယ္သာလန္လူမ်ိဳးေတြေတာ္ေတာ္မ်ားမ်ား ဘာလာဟားေတာ့ခ္ကို သြားလည္ၿပီး ႏွစ္သစ္ကူးပြဲေတာ္အတြက္သူတို႔လိုခ်င္တဲ့ မီးရႉးမီးပန္းေတြ သြားဝယ္ၾကတာေပါ့။
Ref:youtube
Trans:thegeektext