TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အမြင့်ဆုံးနှင်းလျှောစီးသူအဖြစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့တဲ့ Jamie Pierre

၂၀၀၆ခုနှစ်မှာ Jamie Pierre ဆိုသူကအမြင့်ဆုံး နှင်းလျှောစီးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။သူကအမြင့်မီတာ ၆၈မီတာကနေ ခုန်ချမိခဲ့တာဖြစ်ပြီးတော့ အသက်ရှင်လျှက်ရှိနေခဲ့တာပါ။

ဒီလိုရလာဒ်မျိုးရဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်ပေမယ့် Norwegian ကနှင်းလျှောစီးသူကတော့ လုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒီလိုဖြစ်ဖို့လုံးဝမျှော်လင့်ထားတာမဟုတ်ပဲ အရှိန်မထိန်းနိုင်ပဲ ဒီလိုဖြစ်သွားရတာပါ။

ရလာဒ်အနေနဲ့တော့ မီတာ၁ဝ၇မီတာမြင့်တဲ့တောင်ပေါ်ကနေ ပြုတ်ကျခဲ့ပြီး ၁နာရီကို ၈ဝကီလိုမီတာနှုန်းနဲ့နှင်းလျှောစီးခဲ့တာဖြစ်ပြီး အသက်ရှင်ခဲ့ပါတယ်။

သူဟာနှင်းပုံအောက်မှာပိနေခဲ့ပြီး အသက်ရှူဖို့ အခတ်အခဲဖြစ်နေခဲ့ကာ ကံကောင်းချင်တော့ သူ့သူငယ်ချင်းတွေက သူရှိရာနေရာကိုအပြေးရောက်လာပြီး ကယ်တင်ခဲ့ပါတယ်။နောက်တော့ဆေးရုံကိုပို့ပေးကြပြီး သူကတော့ဘာအနာတရမှကို ရမသွားပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext