အမျိုးသမီးတွေရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဓာတ်ပုံတွေကို စိန်ခေါ်ရိုက်ကူးခဲ့သူ ဓာတ်ပုံ – (၂၅)ပုံ

News Social News

ဆိုရှယ်မီဒီယာတွေသိများလာတာနဲ့အမျှရဲ့ လွှမ်းမိုးမှုကလည်း ပိုပြီး ကျယ်ပြန့်လာပါတယ်။ လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်တဲ့စွမ်းအားရှိသူတွေဟာ သူတို့ရဲ့စကားလုံးတွေ အပြုအမူတွေဟာ စံထားရလောက်အောင် ကောင်းမွန်ဖို့လိုပါတယ်။ ဒါပေမယ့် ကျွန်မတို့သိထားကြတဲ့ နာမည်ကျော်တော်တော်များများကတော့ အထူးသဖြင့် ကျွန်မတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ယုံကြည်ချက် အလွဲအမှားတွေကို ဖြန့်ဝေလေ့ရှိပါတယ်။ ဥပမာ – ဗိုက်ပူတာဟာ မလှဘူး ၊ အသားအရေကို ပြောင်းဖို့လိုတယ် ၊ မွေးရာပါအမှတ်ကို ဖုံးထားသင့်တယ် စသဖြင့်ပေါ့ ။ ဒါကို ထောက်ခံနိုင်ဖို့လည်း အလှအပစံနှုန်းသစ်တွေဖန်တီးပြီး သူတို့ကိုယ်တိုင်ရဲ့ ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေကို ပြလေ့ရှိတယ်။ ဒါပေမယ့်လည်း လူတွေက အဲဒီထင်ယောင်ထင်မှား ပုံတွေကို ကြည့်ပြီး ကိုယ်ရဲ့ ထင်ရှားမှု ကိုယ့်ခန္ဓာကိုယ်ရဲ့ အလှ နဲ့ ပျော်ရွှင်မှုကို ခံစားတတ်ဖို့ မေ့နေခဲ့ကြပါတယ်။

ကိုယ့်ဘ၀မှာ ကိုယ်သာလျှင် မင်းသမီးပါ။ ကိုယ့်ခန္ဓာကိုယ်ကို ကျေနပ်နေသရွေ့ ပြောင်းလဲစရာမလိုပါဘူးနော် ။
ဒါ့အပြင် စာဖတ်သူတို့ရဲ့ ခန္ဓာကိုယ်ကို အရှိအတိုင်း လက်ခံချီးကျူးတတ်တဲ့ နာမည်ကျော် Bree Lenehan ဆိုတဲ့ Influencer တစ်ယောက်ရှိပါသေးတယ်။ သင့်အနေနဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို စိတ်တိုင်းမကျလို့အားငယ်နေမယ်ဆိုရင်တော့ Bree Lenehan ရဲ့ အင်စတာဂရမ်ပေါ်တင်ထားတဲ့ဓာတ်ပုံတွေကို ကြည့်ပြီး အားယူသင့်ပါတယ်နော်။ အောက်ဘက်မှာတော့ သူမရဲ့ဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

 

Crd