“အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဆက္လက္ ေထာက္ခံမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေၾကညာ”

“အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဆက္လက္ ေထာက္ခံမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေၾကညာ”

“အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဆက္လက္ ေထာက္ခံမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေၾကညာ”
ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ ေအာင္ ႀကိဳးစားေနသည့္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ကို ဆက္လက္အားေပး ေထာက္ခံသြားမည္ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ေဂ် ဘလင္ ကန္ က ယေန႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ ၂ ႏွစ္ျပည့္တြင္ ထုတ္ ျပန္ ေျပာဆိုလိုက္ပါတယ္။
အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG၊ အမ်ိဳးသားညီၫြတ္ ေရး အတိုင္ပင္ခံေကာင္စီ NUCC ႏွင့္ ႐ိုဟင္ဂ်ာမ်ား အပါအဝင္ ဒီမိုကေရစီအေရး လႈပ္ရွားမႈမ်ားကို ဆက္လက္ အားေပးေထာက္ခံသြားမည္ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုသည္။

အာဏာရွင္အဖြဲ႕အစည္းသည္ ေျမလွန္မီးရႈိ႕စစ္ဆင္ေရးမ်ား ေဆာင္႐ြက္ၿပီး ျပည္သူမ်ားအေပၚ အာဏာရွင္စနစ္ ျပန္အသက္သြင္းရန္ ႀကိဳးပမ္းေနေၾကာင္းလိုလည္း စစ္တပ္၏ လုပ္ရပ္မ်ားကို ရည္ၫႊန္းၿပီး အေမရိကန္ ႏိုင္ငံျခားေရး၏ ထုတ္ျပန္စာတြင္ ေဖာ္ျပပါသည္။
စစ္အာဏာရွင္မ်ား စီစဥ္ေနသည့္ ဟန္ျပေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီးတရားမွ်တဖို႔ မျဖစ္ႏိုင္သလို အၾကမ္းဖက္ မႈမ်ား ပိုျဖစ္ေအာင္ တြန္းအားေပးၿပီး အက်ပ္အတည္းကို ပိုမိုၾကာရွည္ေစကာ တိုင္းျပည္၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈႏွင့္ တည္ၿငိမ္ေအးခ်မ္းသာယာေရးကို ေႏွာင့္ေႏွးၾကန္႔ၾကာေစမည္ဟုလည္း ထပ္ေလာင္း ဆိုသည္။
ယင္းအျပင္ ျမန္မာႏိုင္ငံႏွင့္ ထိေတြ႕ ေဆာင္႐ြက္သည့္ေနရာမွာ ဒီမိုကေရစီ လိုလားသည့္ ေခါင္းေဆာင္မ်ားႏွင့္သာ အဓိပၸါယ္ရွိရွိ ထိေတြ႕ေဆာင္႐ြက္ၾကဖို႔လည္း ႏိုင္ငံတကာ အသိုက္အဝန္းကို အေမရိကန္က တိုက္တြန္းထားသည္။အာဏာရွင္အဖြဲ႕အစည္း၏ ဝင္ေငြရလမ္းႏွင့္ အရင္းအျမစ္မ်ားကို ပိတ္ဆို႔ရန္ မိတ္ဖက္မ်ားႏွင့္ အတူ ဆက္ၿပီး လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း အေမရိကန္က ဆိုသည္။

အာဏာသိမ္းသည့္ အခ်ိန္ကစၿပီး စစ္တပ္က ျပည္သူ ၂,၄၀၀ ေက်ာ္သတ္ ျဖတ္ခဲ့သလို သမၼတဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ လူေပါင္း ၁၆,၀၀၀ ေက်ာ္ ဖမ္းဆီးထားေၾကာင္း အေမရိကန္က ေျပာသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ကလည္း ေ႐ြးေကာက္ပြဲ ၂ႏွစ္ျပည့္ ေၾက ညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး အာဏာသိမ္းၿပီးခ်ိန္ကေန ၿပီးခဲ့သည့္ ေအာက္ တိုဘာ လ ကုန္အထိ လႊတ္ေတာ္ကိုယ္စားလွယ္ ၉၀ ဦး အပါအဝင္ ပါတီဝင္ေပါင္း ၁၁၆၉ ဦး ဖမ္းဆီးခံခဲ့ရကာ ေသဆုံးသူ ၆၇ ဦးရွိေၾကာင္းဆိုသည္။crd
Unicode“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဆက်လက် ထောက်ခံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ”
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက် အောင် ကြိုးစားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင် ကန် က ယနေ့ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်တွင် ထုတ် ပြန် ပြောဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ရိုဟင်ဂျာများ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
အာဏာရှင်အဖွဲ့အစည်းသည် မြေလှန်မီးရှို့စစ်ဆင်ရေးများ ဆောင်ရွက်ပြီး ပြည်သူများအပေါ် အာဏာရှင်စနစ် ပြန်အသက်သွင်းရန် ကြိုးပမ်းနေကြောင်းလိုလည်း စစ်တပ်၏ လုပ်ရပ်များကို ရည်ညွှန်းပြီး အမေရိကန် နိုင်ငံခြားရေး၏ ထုတ်ပြန်စာတွင် ဖော်ပြပါသည်။
စစ်အာဏာရှင်များ စီစဉ်နေသည့် ဟန်ပြရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတဖို့ မဖြစ်နိုင်သလို အကြမ်းဖက် မှုများ ပိုဖြစ်အောင် တွန်းအားပေးပြီး အကျပ်အတည်းကို ပိုမိုကြာရှည်စေကာ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမည်ဟုလည်း ထပ်လောင်း ဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆောင်ရွက်သည့်နေရာမှာ ဒီမိုကရေစီ လိုလားသည့် ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို အမေရိကန်က တိုက်တွန်းထားသည်။အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် မိတ်ဖက်များနှင့် အတူ ဆက်ပြီး လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန်က ဆိုသည်။
အာဏာသိမ်းသည့် အချိန်ကစပြီး စစ်တပ်က ပြည်သူ ၂,၄၀၀ ကျော်သတ် ဖြတ်ခဲ့သလို သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးထားကြောင်း အမေရိကန်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ရွေးကောက်ပွဲ ၂နှစ်ပြည့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့သည့် အောက် တိုဘာ လ ကုန်အထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင်ပေါင်း ၁၁၆၉ ဦး ဖမ်းဆီးခံခဲ့ရကာ သေဆုံးသူ ၆၇ ဦးရှိကြောင်းဆိုသည်။crd

Crd