ဒေါ်နယ်ထရမ့်ရဲ့ အသုံးချခံများ
အမေရိကန်လွှတ်တော်ကျင်းပနေတဲ့ Capitol Hill ထဲ အတင်းဝင်ခဲ့တဲ့ ထရမ့်လိုလားသူတွေထဲမှာ QAnon အဖွဲ့ဝင်တွေ ထိပ်ဆုံးကပါတယ်။ QAnon ဆိုတာ သူတို့ကိုယ်သူတို့ တိုင်းပြည်ချစ်သူများလို့ ဆိုပြီး သူတို့ရဲ့ သူရဲကောင်းက ထရမ့်ပါပဲ။
QAnon တွေရဲ့ ယုံကြည်ချက်က ထရမ့်ဟာ အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေထဲက elite Satan-worshipping paedophiles တွေနဲ့ လျှို့ဝှက်စစ်ပွဲ ဆင်နွှဲနေရရှာတာတဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ဆေတန်နတ်ဆိုးကို ကိုးကွယ်ပူဇော်ပြီး ကလေးသူငယ်များကို လိင်မှုဆွဲဆောင်သော အထက်တန်းလွှာလောက လို့ ဆိုရလေမလားမသိ။ အဲဒီလောကနဲ့ တိုက်နေရတဲ့အတွက် ထရမ့်ကို ထောက်ခံတယ်ဆိုပဲ။

သူတို့က တစ်နေ့ကျရင် အဲဒီရန်သူလောကထဲက ဟီလာရီကလင်တန်လို ထင်ရှားတဲ့သူကို ဖမ်းဆီးကွပ်မျက်ဖို့ မျှော်မှန်းထားကြသတဲ့။
သူတို့ကြားထဲမှာ ခေတ်စားတာက အခြေအမြစ်မဲ့ ထင်ရာလျှောက်ယိုးစွပ်တဲ့ လုပ်ကြံသီရီအိုတွေပါပဲ။
မြန်မာပြည်မှာလည်းရှိတယ်၊ အများသိထားတာက ဒီလို၊ တစ်ကယ်တမ်းကျတော့ အဖြစ်မှန်က ဟိုလို.. ဆိုပြီး မြင်မြင်ရာ conspiracy theories တွေ လျှောက်ဆွဲပြီး နောက်ဆုံးကျရင် အိုအိုင်စီနဲ့ စီအိုင်အေ ပေါင်းကြံတယ်ဆိုတာချည်း အဖြေထုတ်နေကြ Racist ဂုရုကြီးနဲ့ သူ့တပည့်တွေလိုပေါ့။ သူတို့လည်း QAnon တွေပါပဲ။
Capitol Hill ထဲ ဇွတ်ကျူးကျော်ခဲတဲ့ အမေရိကန် QAnon တွေဲ ပြူးပြူးပြဲပြဲနဲ့ ဓာတ်ပုံတွေ အများဆုံးပါလာသူတွေထဲမှာ ထိပ်ဆုံးကလူက QAnon Shaman လို့ သူ့ကိုယ်သူခေါ်တဲ့သူ။ သူ့နာမည်ရင်းက Jake Angeli မျက်နှာမှာ ဖြူနီပြာဆေးချယ်၊ သားမွေးဦးထုပ်ဆောင်းပြီး ဂျိုကထွက်နေလိုက်သေး၊ လက်ကိုင်ဟွန်းလည်း လွယ်ထားပြီး အမေရိကန်အလံကိုင်ထားတဲ့ အပေါ်ပိုင်အင်္ကျံချွတ် ဆေးမင်ကြောင်တွေနဲ့ ရူးကြောင်ကြောင်ငနဲပေါ့။

QAnon ရဲ့ Facebook page သွားကြည့်ရင်လည်း အရူးချီးပန်းအိုင်ဒီယာတွေနဲ့ ထင်ရာလျှောက်ပြောတဲ့သီအိုရီတွေ ပြည့်လို့တဲ့။ ခုတော့ သူ့ပေ့ဂျ်လည်း မတွေ့ရတော့ဘူး။ ရဲက သူ့နောက်လိုက်နေပြီ မိပြီ မမိသေးဘူးလားတော့ မသဲကွဲ။
နောက် တခြားလက်ယာစွန်းအုပ်စုတစ်ခုဖြစ်တဲ့ Proud Boys အဖွဲ့က အဖွဲ့ဝင် Nick Ochs ပါတယ်။ လွှတ်တော်ထဲ ဆဲလ်ဖီဆွဲပြရင်း Hello from the Capital lol လို့ ပြော၊ Live လည်း လွှွင့်ပြလိုက်သေးသတဲ့။
နောက်တစ်ယောက်က Gionet တဲ့။ လူဖြူကြီးစိုးရေးဝါဒီလို့ သူကိုယ်တိုင်က ဝန်ခံထားတဲ့သူ။ ကိုဗစ်ကာကွယ်ဖို့ Mask တွေ မတပ်ပါနဲ့လို့ ဈေးဆိုင်ဝန်ထမ်းတွေကို ဗွီဒီယိုတင်ပြီးပြောလို့ YouTube က အပိတ်ခံထားရတဲ့လူ။

အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ဆုံလည်ကုလားထိုင်မှာ စားပွဲခြေတင်ထိုင်ပြခဲ့တဲ့သူက Richard Barnett တဲ့။ သေနတ်အခွင့်အရေးပွဲတွေနဲ့ ဘိုင်ဒန်မဲခိုးတယ်လို့ စွပ်စွဲတဲ့ပွဲနေကြလူတစ်ယောက်။ အခုတော့ ထောင်ထဲမှာ။
ပါတဲ့သူတွေကို ရဲကလိုက်ပြီဆိုတော့ ဖာတဲ့သူတွေလည်း ဖာကြ ကာကြတယ်။ ဥပမာ – အရီဇိုးနားမှာ Black Lives Matter လူမည်းရှင်သန်ရေးလှုပ်ရှားမှုဖြစ်တုန်းက ဓာတ်ပုံထဲ Angeli ပါတာကို ထောက်ပြပြီး သူဟာ လူမည်းလှုပ်ရှားမှုကို ထောက်ခံသူပါလို့ ကာတဲ့သူတွေ ရှိတယ်။ အဲဒီချီတက်ပွဲမှာ သူ ပါခဲ့တာလည်း အမှန်ပဲ၊ ဒါပေမယ့် တန်ပြန်ဆန္ဒပြပွဲမှာ ပါခဲ့တာ ဖြစ်နေပြီး QAnon သင်္ကေတကြီးက ထင်းလို့ဆိုပဲ။
Capitol Hill ထဲ အတင်းဝင်တာ ထရမ့်လိုလားသူတွေချည်း မဟုတ်ပါဘူး၊ ကွန်မြူနစ်တွေလည်း ပါပါတယ်လို့ ဖာတဲ့ ရီပတ်ဘလီကန်တွေ လက်ညိုးထိုးပြတဲ့တစ်ယောက်ရှိတယ် (QAnon ပါတဲ့နောက်တစ်ပုံ သူ့ညာဘက်က မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ အင်္ကျိအဝါနဲ့ လူခပ်ဝဝ)။
သူ့လက်ခုံပေါ်က တက်တူးဟာ ကွန်မြူနစ်တူပုံမို့ သူဟာ ထရမ့်ပရိသတ်မဟုတ်ဘူးလို့ ကာကွယ်ပြောကြတာ။ BBC က တက်တူးကို အနီးကပ်ဆွဲပြပြီး ဘာပုံလဲ အဖြေထုတ်လိုက်တော့ Dishonored ဆိုတဲ့ ဗွီဒီယိုဂိမ်း သင်္ကေတ ဖြစ်နေတယ်။
Capitol Hill ထဲ အတင်းဝင်တဲ့တစ်ယောက် အမေရိကန်ပြည်တွင်းစစ်တုန်းကသုံးတဲ့ ကွန်ဖယ်ဒရိတ်အလံချည်း တလွှင့်လွှွင့်။ ဒီအလံကို အတော်များများက လူမျိုးရေးခွဲခြားမှုသင်္ကေတအသွင်ဆောင်တယ်ဆိုပြီး ပိတ်ထားတဲ့အလံ။ စစ်တပ်မှာလည်း ဒီအလံမလွှင့်ဖို့ ကြေညာထားပြီးသား။ ဒါပေမယ့် ထရမ့်က ဒီအလံဘက်က ကာပြောထားတာတွေရှိတော့ သူ့ ထောက်ခံသူတွေနဲ့ အရင်အတွေးအခေါ် အကင်းမသေသူတွေက ဒီအလံကိုသုံးကြတယ်။
သေတဲ့ဆန္ဒပြသူလေးဦးအထဲက လွှတ်တော်ရဲပစ်လို့ သေသွားတဲ့ လေတပ်တပ်ကြပ်ဟောင်း အမျိုးသမီး Babbitt အကြောင်းတော့ သိကြပြီးဖြစ်မှာပါ။

တစ်ကယ်တော့ Babbitt ဟာ တစ်ချိန်က အိုဘားမားကိုထောက်ခံခဲ့တဲ့သူတဲ့။ အိုဘားမားကို ကျွန်မတို့သမ္မတကြီးလို့ ပြောပြီး မဲပေးခဲ့သတဲ့။ ဒါပေမယ့် ဟီလာရီကလင်တန်ကျတော့ မဲမပေးတော့ဘဲ ထရမ့်ဘက်ကို ပြောင်းထောက်ခံခဲ့တာတဲ့။ ထရမ့်ရဲ့ မျိုးချစ်ဝါဒအဟောအပြောတွေနောက်ကို ပြည်ပစစ်စခန်းတွေမှာ တာဝန်ထမ်းဖူးတဲ့ လေတပ်အမှုထမ်းဟောင်း အမျုးိသမီး မျောသွားခဲ့ပုံရတယ်။ ထရမ့်က စစ်တပ်ကိုလည်း နည်းမျိုးစုံနဲ့ စည်းရုံးတာ။ မကြာခင်ကပဲ ဗိုလ်ချုပ်ကြီးတွေ ကန့်ကွက်နေတဲ့ကြားက အရှေ့အလယ်ပိုင်းမှာ လက်နက်မဲ့အရပ်သားတွေကို ပစ်သတ်မှုနဲ့ ထောင်ကျနေတဲ့ အထူးတပ်ဖွ့ဲဝင်ဟောင်းတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့သေးတယ်။

ချီတက်ပွဲမတိုင်ခင်တစ်ရက် ဇန်နဝါရီ ၅ ရက်မှာ Babbitt အရမ်းတက်ကြွနေတာ၊ ဘယ်အရာကမှ ငါတို့ကို မရပ်တန့်နိုင်ဘူးလို့ တွစ်တာမှာရေးခဲ့သေးတယ်။ ဗွီဒီယိုမှတ်တမ်းထဲမှာ လွှတ်တော်အခန်းတစ်ခုကို ပိတ်ဆို့ထားပြီး Babbitt အပါအဝင် ထရမ့်ပရိသတ်က အတားအဆီးနောက်မှာ သူတို့နောက်နားမှာ စက်သေနတ်ကိုင် အထူးရဲတွေလည်းပါတယ်၊ Babbitt တစ်ယောက်ထဲ အတားအဆီးကို ကျော်တက်ဖို့ ကြိုးစားတာ အတွင်းက လွှတ်တော်ရဲက ပစ္စတိုနဲ့ ပစ်ချလိုက်တယ်။
မဲတွေအခိုးခံခဲ့ရတယ်ဆိုတာမျိုး အပါအဝင် ထရမ့်ပြောသမျှယုံတဲ့ Babbitt က သူမဟာ မျိုးချစ် QAnon တစ်ဦးပါလို့ တရားဝင်ပြောထားခဲ့သူလည်း ဖြစ်ပါတယ်..။
Ref; BBC
Min Myat San မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi