အမေရိကန်West Pointဗိုလ်လောင်း၇၀ကျော်စာမေးပွဲခိုးချ၊အကယ်ဒမီ၏ဒုတိယအကြီးမားဆုံးစာခိုးချမှုဖြစ်စဉ်ဖြစ်လာပြန်

News

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အဝေးရောက်စာမေးပွဲစစ်ဆေးမှုပြုလုပ်ရသည့် အခြေအနေမျိုးတွင် အမေရိကန် West Point စစ်တက္ကသိုလ်မှ ဗိုလ် လောင်း ၇၀ ကျော်သည် သင်္ချာစာမေးပွဲအချိန်အတွင်း ခိုးချခဲ့ကြသည်ဟု စွပ်စွဲ ခံခဲ့ရသည်။

စစ်ဆေးသူအနေဖြင့် အဖြေများကို စစ်ဆေးနေစဉ်အတွင်း သတိပြုမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဗိုလ်လောင်း ၇၃ ဦးဖြစ်သည်ဟု အကယ်ဒမီ၏ ပြောရေးဆိုခွင့် ရှိသူ ဒုတိယဗိုလ်မှူးကြီး Christopher Ophardt က ဆိုသည်။

လေ့ကျင့်သင်ကြားပေးနေသည့် ဗိုလ်လောင်းများပါ၀င်သည့်ဂုဏ်ထူးဆောင်ကော်မတီမှ စုံစမ်းစစ်ဆေးမှုအပြီးတွင် သက်သေအထောက်အထားမရှိခြင်းကြောင့်အမှုပေါင်း (၂) ခုကိုပယ်ဖျက်ခဲ့ပြီးသလို ၄ မှုကိုလည်း နုတ်ထွက်မှုပြုလုပ်စေခဲ့ပြီး ကျန် ၆၇ မှုအနက် ၅၅ ဦး မှာလိမ်လည်လှည့်စားခြင်းကိုဝန်ခံခဲ့ကြပါသည်။

ထို့ကြောင့် အဆိုပါဗိုလ်လောင်းများအနေဖြင့် ကျင့်ဝတ်ကိုလိုက်နာတက်မှုရှိစေ ရန် ၆ လတာကြာမြင့်မည့် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။

ယခုစာခိုးချမှုသည် ဝက်စ်ပွိုင့်တက္ကသိုလ်၏ ၁၉၇၆ ခုနှစ်ဖြစ်စဉ် နောက်ပိုင်း အကြီးမားဆုံး ခိုးချမှုလည်းဖြစ်သည်။ အဆိုပါဖြစ်စဉ်၌ ဗိုလ်လောင်း ၁၅၃ ဦး ပါဝင်ခဲ့ပြီး စာမေးပွဲသည် လျှပ်စစ်အင်ဂျင်နီယာစာမေးပွဲ၌လည်းဖြစ်သည်။ ထို့အတွက် သင်တန်းတစ်ခုလုံးပင် ဖျက်သိမ်းရလိုပင်ဖြစ်ခဲ့ရပေသည်။

Card – MyanmarNews24

zawgyi

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အဝေးရောက်စာမေးပွဲစစ်ဆေးမှုပြုလုပ်ရသည့် အခြေအနေမျိုးတွင် အမေရိကန် West Point စစ်တက္ကသိုလ်မှ ဗိုလ် လောင်း ၇၀ ကျော်သည် သင်္ချာစာမေးပွဲအချိန်အတွင်း ခိုးချခဲ့ကြသည်ဟု စွပ်စွဲ ခံခဲ့ရသည်။
စစ်ဆေးသူအနေဖြင့် အဖြေများကို စစ်ဆေးနေစဉ်အတွင်း သတိပြုမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဗိုလ်လောင်း ၇၃ ဦးဖြစ်သည်ဟု အကယ်ဒမီ၏ ပြောရေးဆိုခွင့် ရှိသူ ဒုတိယဗိုလ်မှူးကြီး Christopher Ophardt က ဆိုသည်။
လေ့ကျင့်သင်ကြားပေးနေသည့် ဗိုလ်လောင်းများပါဝင်သည့်ဂုဏ်ထူးဆောင်ကော်မတီမှ စုံစမ်းစစ်ဆေးမှုအပြီးတွင် သက်သေအထောက်အထားမရှိခြင်းကြောင့်အမှုပေါင်း (၂) ခုကိုပယ်ဖျက်ခဲ့ပြီးသလို ၄ မှုကိုလည်း နုတ်ထွက်မှုပြုလုပ်စေခဲ့ပြီး ကျန် ၆၇ မှုအနက် ၅၅ ဦး မှာလိမ်လည်လှည့်စားခြင်းကိုဝန်ခံခဲ့ကြပါသည်။

Leave a Reply