အမေရိကန်ဟာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် Steath Bomber တစ်စီးဖြစ်တဲ့ B-21 ဗုံးကျဲလေယာဉ်ကြီးတွေကို စမ်းသပ်နေခဲ့

News

အမေရိကန်ဟာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် Steath Bomber တစ်စီးဖြစ်တဲ့ B-21 ဗုံးကျဲလေယာဉ်ကြီးတွေကို စမ်းသပ်နေခဲ့

အမေရိကန်ဟာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် Steath Bomber တစ်စီးဖြစ်တဲ့ B-21 ဗုံးကျဲလေယာဉ်ကြီးတွေကို စမ်းသပ်နေခဲ့တာ အတော်လေးကြာပြီလည်းဖြစ်ပါတယ်။ ဒါဟာအရင်ရှိရင်းစွဲ B-2 Spirit Bomber တွေကိုထပ်ပြီး Upgrade လုပ်တာမျိုးမဟုတ်ပဲ မျိုးဆက်သစ်နောက်ထပ်တစ်စီးကို ကူးပြောင်းဖို့ကြိုးစားလာတာလို့ပြောနိုင်ပါလိမ့်မယ်။

အမေရိကန်တို့ရဲ့ ယခင် မျိုးဆက် ဗုံးကျဲလေယာဉ်တွေရဲ့Steath စွမ်းရည်ပိုင်းကတော့ အထူး ကောင်းမွန်ပြီး RCS အားဖြင့် 0.0001 ပဲရှိတာဖြစ်ပါတယ်။ နောက်ထပ်မျိုးဆက်ဖြစ်တဲ့ B-21 တွေမှာတော့ ဒီဇိုင်းပိုင်းကိုများစွာပြုပြင်ထားတာဖြစ်ပြီး ကိုယ်ပျောက်စွမ်းရည်ပိုင်းဟာ ဒီထက်အများကြီးတိုးတက်လာဖို့လဲရှိပါသေးတယ်။

သူ့ရဲ့ သိမ်းငှက်ပုံနှုတ်သီး၊ ရှေ့ကိုထိုးခွင်းတဲ့တောင်ပံနဲ့ Air intake ရဲ့ ပိုမိုထူးခြားတဲ့ဒီဇိုင်းဟာ B-2 Spirit တွေထက်ပိုမိုပြီး ထောက်လှမ်းရခက်ခဲတဲ့ လေယာဉ်တည်ဆောက်မှုပုံစံကိုရရှိနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။B-2 ဟာ long range ဗုံးကျဲလေယာဉ်တစ်စီးဖြစ်ပြီး လေယာဉ်မှူး တစ်ယောက်ကပင်ပန်းလာရင် တစ်ယောက်ကမောင်းနှင်ပြီး အိပ်စက်လိုက်ပါနိုင်တဲ့လေယာဉ်မျိုးလဲဖြစ်ပါတယ်။

B-2 spirit တစ်စီးဟာ တည်ဆောက်မှု ကုန်ကျစားရိတ် အနေနဲ့ ဒေါ်လာ billion ချီပြီးကုန်ကျတာဖြစ်ပြီး နောက်ထပ်လေယာဉ်မျိုးဆက်ဖြစ်တဲ့ B-21 ကတော့ ဒီထက်များစွာနည်းပါးသွားပြီးပဲဖြစ်ပါတယ်။ တစ်စီးလျင်တည်ဆောက်မှုကုန်ကျစားရိတ် ????သန်း 550 သာကျသင့်မှာ ဖြစ်ပြီး USAF အနေနဲ့ကတော့ ဒီးဗုံးကျဲလေယာဉ်တွေကို အစီးရေ 150 ကနေ ၁၈၀ ထိ ဆက်လက်မှာယူတည်ဆောက်သွားဖို့ရှိမယ်လို့ဆိုပါတယ်။

ပြိုင်ဘက်တရုတ်နိုင်ံငံကတော့ H-20 steath bomber တချို့ကို စတင်ထုတ်လုပ်နိုင်ဖို့ကြိုးစားလာနေတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ကုန်ကျစားရိတ်နဲ့ တပ်တော်ဝင်နိုင်မယ့်အချိန်ကိုတော့ မသိနိုင်သေးဘူးလို့ဆိုပါတယ်။ တရုတ်တွေဟာ ၂၀၁၃ ခုနှစ် လောက်မှာ မှ steath နည်းပညာကို ရရှိဖို့အတွက် အတော်လေးအင်တိုက်အားတိုက်အကြိုးစားခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ ပုံမှန် step by step သွားတဲ့ နိုင်ငံတွေအတွက်ဆိုရင်တော့ တော်တော်နောက်ကျတယ်လို့ပြောပေမယ့် တရုတ်တွေကတော့ အချိန်တိုအတွင်းမှာ အမီလိုက်နိုင်လာတာဖြစ်ပါတယ်။ အမေရိကန် Teach ကုမ္မဏီ Heneywell ဆီက steathနည်းပညာတွေကို ဝယ်ယူခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး တဲ့နောက်မှာတော့ သူတို့ရဲ့ steath aircraft တွေဖြစ်တဲ့ J-20 , FC-31 စတဲ့ ပဉ္စမမျိုးဆက်လေယာဉ်များဟာ ဆက်တိုက်ပေါ်ပေါက်လာခြင်းလည်းဖြစ်ပါတယ်။

ခုတော့ H-20 ဟာ ရုရှ အင်ဂျင်တွေကို တပ်ဆင်သွားနိုင်ဖို့ ကမ်းလှမ်းထားပြီး အဆင်ပြေပါက ဆက်လက်စမ်းသပ်ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားဖို့ရှိတယ်လို့ ကြားသိရပါတယ်။

Famous.F
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အေမရိကန္ဟာ သူတို႔ရဲ့ေနာက္ထပ္မ်ိဳးဆက္သစ္ Steath Bomber တစ္စီးျဖစ္တဲ့ B-21 ဗုံးက်ဲေလယာဥ္ႀကီးေတြကို စမ္းသပ္ေနခဲ့

အေမရိကန္ဟာ သူတို႔ရဲ့ေနာက္ထပ္မ်ိဳးဆက္သစ္ Steath Bomber တစ္စီးျဖစ္တဲ့ B-21 ဗုံးက်ဲေလယာဥ္ႀကီးေတြကို စမ္းသပ္ေနခဲ့တာ အေတာ္ေလးၾကာၿပီလည္းျဖစ္ပါတယ္။ ဒါဟာအရင္ရွိရင္းစြဲ B-2 Spirit Bomber ေတြကိုထပ္ၿပီး Upgrade လုပ္တာမ်ိဳးမဟုတ္ပဲ မ်ိဳးဆက္သစ္ေနာက္ထပ္တစ္စီးကို ကူးေျပာင္းဖို႔ႀကိဳးစားလာတာလို႔ေျပာနိုင္ပါလိမ့္မယ္။

အေမရိကန္တို႔ရဲ့ ယခင္ မ်ိဳးဆက္ ဗုံးက်ဲေလယာဥ္ေတြရဲ့Steath စြမ္းရည္ပိုင္းကေတာ့ အထူး ေကာင္းမြန္ၿပီး RCS အားျဖင့္ 0.0001 ပဲရွိတာျဖစ္ပါတယ္။ ေနာက္ထပ္မ်ိဳးဆက္ျဖစ္တဲ့ B-21 ေတြမွာေတာ့ ဒီဇိုင္းပိုင္းကိုမ်ားစြာျပဳျပင္ထားတာျဖစ္ၿပီး ကိုယ္ေပ်ာက္စြမ္းရည္ပိုင္းဟာ ဒီထက္အမ်ားႀကီးတိုးတက္လာဖို႔လဲရွိပါေသးတယ္။

သူ႔ရဲ့ သိမ္းငွက္ပုံႏႈတ္သီး၊ ေရွ႕ကိုထိုးခြင္းတဲ့ေတာင္ပံနဲ႔ Air intake ရဲ့ ပိုမိုထူးျခားတဲ့ဒီဇိုင္းဟာ B-2 Spirit ေတြထက္ပိုမိုၿပီး ေထာက္လွမ္းရခက္ခဲတဲ့ ေလယာဥ္တည္ေဆာက္မႈပုံစံကိုရရွိနိုင္ပါလိမ့္မယ္လို႔ဆိုပါတယ္။B-2 ဟာ long range ဗုံးက်ဲေလယာဥ္တစ္စီးျဖစ္ၿပီး ေလယာဥ္မႉး တစ္ေယာက္ကပင္ပန္းလာရင္ တစ္ေယာက္ကေမာင္းႏွင္ၿပီး အိပ္စက္လိုက္ပါနိုင္တဲ့ေလယာဥ္မ်ိဳးလဲျဖစ္ပါတယ္။

B-2 spirit တစ္စီးဟာ တည္ေဆာက္မႈ ကုန္က်စားရိတ္ အေနနဲ႔ ေဒၚလာ billion ခ်ီၿပီးကုန္က်တာျဖစ္ၿပီး ေနာက္ထပ္ေလယာဥ္မ်ိဳးဆက္ျဖစ္တဲ့ B-21 ကေတာ့ ဒီထက္မ်ားစြာနည္းပါးသြားၿပီးပဲျဖစ္ပါတယ္။ တစ္စီးလ်င္တည္ေဆာက္မႈကုန္က်စားရိတ္ ????သန္း 550 သာက်သင့္မွာ ျဖစ္ၿပီး USAF အေနနဲ႔ကေတာ့ ဒီးဗုံးက်ဲေလယာဥ္ေတြကို အစီးေရ 150 ကေန ၁၈၀ ထိ ဆက္လက္မွာယူတည္ေဆာက္သြားဖို႔ရွိမယ္လို႔ဆိုပါတယ္။

ၿပိဳင္ဘက္တ႐ုတ္နိုင္ံငံကေတာ့ H-20 steath bomber တခ်ိဳ႕ကို စတင္ထုတ္လုပ္နိုင္ဖို႔ႀကိဳးစားလာေနတာလည္းျဖစ္ပါတယ္။ဒါေပမယ့္ ကုန္က်စားရိတ္နဲ႔ တပ္ေတာ္ဝင္နိုင္မယ့္အခ်ိန္ကိုေတာ့ မသိနိုင္ေသးဘူးလို႔ဆိုပါတယ္။ တ႐ုတ္ေတြဟာ ၂၀၁၃ ခုႏွစ္ ေလာက္မွာ မွ steath နည္းပညာကို ရရွိဖို႔အတြက္ အေတာ္ေလးအင္တိုက္အားတိုက္အႀကိဳးစားခဲ့ရတာျဖစ္ပါတယ္။

ဒါဟာ ပုံမွန္ step by step သြားတဲ့ နိုင္ငံေတြအတြက္ဆိုရင္ေတာ့ ေတာ္ေတာ္ေနာက္က်တယ္လို႔ေျပာေပမယ့္ တ႐ုတ္ေတြကေတာ့ အခ်ိန္တိုအတြင္းမွာ အမီလိုက္နိုင္လာတာျဖစ္ပါတယ္။ အေမရိကန္ Teach ကုမၼဏီ Heneywell ဆီက steathနည္းပညာေတြကို ဝယ္ယူခဲ့တယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ၿပီး တဲ့ေနာက္မွာေတာ့ သူတို႔ရဲ့ steath aircraft ေတြျဖစ္တဲ့ J-20 , FC-31 စတဲ့ ပဥၥမမ်ိဳးဆက္ေလယာဥ္မ်ားဟာ ဆက္တိုက္ေပၚေပါက္လာျခင္းလည္းျဖစ္ပါတယ္။

ခုေတာ့ H-20 ဟာ ႐ုရွ အင္ဂ်င္ေတြကို တပ္ဆင္သြားနိုင္ဖို႔ ကမ္းလွမ္းထားၿပီး အဆင္ေျပပါက ဆက္လက္စမ္းသပ္ထုတ္လုပ္သြားနိုင္ဖို႔ ႀကိဳးစားဖို႔ရွိတယ္လို႔ ၾကားသိရပါတယ္။

Famous.F
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။