အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အာဖဂန်သမ္မတကိုဆက်လက် အထောက် အပ့ံပေး သွားမယ်လို့ပြောကြားခဲ့
ဇူလိုင် ၂၅ နိုင်ငံရေးအမေရိကန်တပ်တွေ

အမေရိကန်တပ်တွေ အာဖဂန်နယ်မြေထဲကဆုတ်ခွာသွားခဲ့ပေမဲ့လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဟာ အာဖဂန်သမ္မတအာရှရတ်ဂါနီကို သံတမန်ရေးရာနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးသွားဦးမယ်လို့ပြောကြားခဲ့ပါတယ်။
အမေရိကန်ကကျောက်ထောက်နောက်ခံ ပြုပေးထားတဲ့လက်ရှိအာဖဂန်အစိုးရ(ကဘူးလ်အစိုးရ) ဟာ တာလီဘန်တွေရဲ့သောင်းကြမ်း ကျူးကျော်မှု တွေကိုလည်း ဆက်တိုက်ခံနေရတာဖြစ်ပါတယ်။
တာလီဘန်တွေရဲ့လက်ရှိတိုက်ခိုက်မှုတွေဟာပဋိပက္ခကိုငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာခြင်းလမ်းစဉ်နဲ့လုံးဝသွေဖယ်နေတာ ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာ အမေရိကန်ပြည်ထောင်စုကို အယ်လ် ကိုင်းဒါး တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်စတင်ခဲ့ရတဲ့စစ်မီးကိုသမ္မတဂျိုးဘိုင်ဒန် အနေနဲ့ ဆက်လက်မတောက်လောင်စေချင်တော့တဲ့အတွက် အာဖဂန်နယ်မြေကနေ အမေရိကန်တပ်တွေနဲ့ အမေရိကန်တို့ရဲ့စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေကို သြဂုတ်လ ၃၁ ရက်နောက်ဆုံးထားပြီး ဆုတ်ခွာဘို့ကြေညာခဲ့တယ်လို့လည်းသိရပါတယ်။
အာဖဂန်နယ်မြေထဲမှာအမေရိကန်တပ် တွေစတင်ဆုတ်ခွာဘို့ ဧပြီလမှာအမိန့်ထုတ်လိုက်တာနဲ့တပြိုင်နက် တာလီဘန်သောင်းကြမ်းသူတွေကအာဖဂန်နိုင်ငံတဝှမ်းလုံးကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နယ်မြေ သိမ်းတိုက်ပွဲတွေနဲ့ နယ်ခြားဖြတ်သန်းရေးဂိတ်တွေအပါ အဝင် အရေးကြီးတဲ့နယ်မြေတွေကိုလည်းပိတ်ဆို့ဝိုင်းရံထားတာတွေစတင်လုပ်ဆောင်လာခဲ့ပါတော့တယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ အဓိကမြို့ကြီးတစ်ဝက်လောက် ကိုလည်း ပြန်လည်သိမ်းပိုက်ထားကြောင်းနဲ့ ပိုမိုဆိုးဝါးတဲ့လုံခြုံရေး အခြေ အနေတွေအမြန်ဆုံး ဖြစ်လာနိုင်တယ်လို့ အမေရိကန်ရဲ့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။သမ္မတဂျိုးဘိုင်ဒန်ကတော့အာဖဂန်သမ္မတအာရှရတ်ဂါနီကို ရေရှည်သံတမန် ဆက်ဆံ ရေးနဲ့စစ်ရေးအထောက်အပ့ံတွေ ပေးသွားဦးမယ်လို့ ပြောကြားနေတုန်းပါ။
တာလီဘန်သောင်းကြမ်းသူတွေကိုတိုက် ခိုက်ရာမှာ အမေရိကန် အစိုးရဘက်မှပါဝင် တိုက်ခိုက်ပေးခဲ့ကြတဲ့ အာဖဂန်နိုင်ငံသား ထောင်ပေါင်း များစွာကိုလည်း အထူးပြည်ဝင်ခွင့်ဗီဇာနဲ့ လက်ခံကူညီကယ်ဆယ်သွားဘို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ပြင်ဆင်နေတယ် လို့လည်း သိရပါတယ်။သမ္မတဂျိုးဘိုင်ဒန်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူဒုက္ခသည်များအတွက်အမေရိကန်ဒေါ်လာ သန်း ၁၀၀ အသုံးပြုသွားဘို့ ပြီးခဲ့တဲသောကြာနေ့မှာ ကြေညာခဲ့ကြောင်းသိရှိရပါတယ်။

ကိုပိုင်
#ကမ္ဘာ့သတင်းစုံ#worldnews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။