အမေရိကန်ရေတပ်၏ နျူကလီးယားလေယာဉ်တင်သင်္ဘောတစ်စီးအတွက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို CO အဖြစ်ခန့်အပ်

Militarily News

အမေရိကန်ရေတပ်၏ နျူကလီးယားလေယာဉ်တင်သင်္ဘောတစ်စီးအတွက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို CO အဖြစ်ခန့်အပ်

အမေရိကန်ရေတပ်၏ Capt. Amy Bauernschmidt ဟုအမည်ရသည့်အမျိုးသမီးကို USS Abraham Lincoln (CVN 72) ကို ဦးဆောင်မည့်သူအဖြစ် ပထမဆုံးအကြိမ်တာဝန်ပေးအပ်လိုက်ပြီလည်းဖြစ်သည်။

သူမသည် အမေရိကန်ရေတပ်၏ ၁၁ စီးရှိသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများထဲမှ တစ်စီးကို ဦးဆောင်မည့်သူဖြစ်လာပေတော့မည်။
သူမအနေဖြင့် ယခုလာမည့်နွေရာသီအတွင်း၌ အဆိုပါတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ပြီး ယခုအခါ နျူကလီးယားစွမ်းအင်၊ လေကြောင်းဆိုင်ရာ နှင့် လေယာဉ်တင်သင်္ဘောအတွက် လိုအပ်သည့် ခေါင်းဆောင်မှုလေ့ကျင့်ရေးဆိုင်ရာသင်တန်းများကို တက်ရောက်နေပြီလည်းဖြစ်သည်။

ယခုကဲ့သို့ ခန့်အပ်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း နှင့် သင်္ဘောသားများကို ဦးဆောင်ရသည်ကို နှစ်သက်ကြောင်း၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။

သူမသည် ယခင်ကလည်း ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘော၌
Executive Officer (EO) အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ အဆိုပါလေယာဉ်တင်သင်္ဘော၌ပင် တာဝန်ခန့်အပ်ခြင်း ခံရဖူးသူလည်းဖြစ်သည်။

သူမဇာတိသည် ဝီလ်စ်ကွန်စင်ရှိ Milwaukee ဒေသမှဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် United Stated Naval Academy မှ ပထမတန်းစားအဆင့်အမျိုးဖြင့် ဘွဲ့ရရှိခြင်းဖြစ်ကာ ၎င်းဘွဲ့သည် လေယာဉ်တင်သင်္ဘောများနှင့် တိုက်ခိုက်ရေးသင်္ဘောများ၌ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိမည်ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် Naval Aviator အဖြစ် ရဟတ်ယာဉ်အုပ်၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

Ref-DN
Credit – MyanmarNews24

Leave a Reply