အမေရိကန်မြင်အောင်တမင်ပြထားတဲ့တရုတ်ရဲ့နျူကလီးယားသိုလှောင်ရုံများ

Article Militarily News

အမေရိကန်မြင်အောင်တမင်ပြထားတဲ့တရုတ်ရဲ့နျူကလီးယားသိုလှောင်ရုံများ

Gansuရဲ့Yumen၊Xinjiangရဲ့ Hamiနဲ့Mongoliaရဲ့ Ordos မြို့တို့တွင် ဒုံးကျည်လက်နက်သိုလှောင်တဲ့စက်ရုံသုံးရုံတည်ဆောက်နေတယ်လို့ အမေရိကန်အကြံပေးအဖွဲ့က အခိုင်အမာပြောဆိုခဲ့ပါတယ်၊တရုတ်ရဲ့ နယူကလီးယားလက်နက် အများအပြားချဲ့ထွင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုကြောင့်ဖြစ်ပါတယ်၊

ဩဂုတ်လ ၁၃ရက်နေ့ထုတ် Financial Timesသတင်းစာကိုကိုးကားထားသည့် တရုတ်မီဒီယာတခုရဲ့တင်ပို့ချက်အရ U.S. Air Force တက္ကသိုလ် လေကြောင်းနဲ့ အာကာသဆိုင်ရာဌာနရဲ့ဒါရိုက်တာ Roderick Lee က Mongolia ရဲ့ Ordosမြို့နားမှာ ဒုံးကျည်လက်နက် သိုလှောင်တဲ့စက်ရုံ တည်ဆောက်နေကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်၊

၎င်းဖော်ပြချက်အရယခုနှစ်မေလ ၁၆ မှ ဩဂုတ်လ၉ရက်အတွင်း European Space Agencyဂြိုလ်ထုကရိုက်ကူးထားတဲ့ဓာတ်ပုံများအရ Ordos မြို့အနီးဒုံးကျည်သိုလှောင်ရုံဟုယူဆရတဲ့ ဆောက်လုပ်ရေးဆိုဒ်ဟာ ယခင်ကတွေ့ရှိခဲ့တဲ့ Yumen နဲ့ Hamiမြို့က သိုလှောင်ရုံတွေနဲ့ ဆင်တူနေကြောင်း တွေ့ရပါတယ်၊

ထိုဓာတ်ပုံတွေကတဆင့် ပြည်တွင်းမှာ သိုလှောင်ရုံ အနည်းဆုံး ၂၉ခုရှိကြောင်းထပ်မံ သိရှိခဲ့ရပါတယ်၊ထိုစက်ရုံတွေဟာ နယ်မြေနှစ်ခုမှာ တည်ရှိပြီး မြောက်ပိုင်းတွင် ၁၅ရုံ နှင့် တောင်ပိုင်းတွင် ၁၄ရုံရှိပါတယ်၊

ထို့အပြင် Ordosမြို့ဟာ Yumen နဲ့ Hamiမြို့တို့နဲ့မတူပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့မရှိပါဘူး၊ထိုဒေသရဲ့အဆောက်အအုံတွေဟာ ဒုံးကျည်သိုလှောင်ရုံအဆောက်အအုံတွေနဲ့ အနည်းငယ်ကွာခြားမှုရှိပါတယ်၊သို့သော်လည်း ထိုအဆောက်အအုံတွေရှိတဲ့နေရာဒေသ အခြေအနေ၊တူးဖော်လေ့လာမှုတွေအရ ဒုံးကျည်သိုလှောင်စက်ရုံဖြစ်ကြောင်း အမေရိကန် ကျွမ်းကျင်ပညာရှင်တွေက အခိုင်အမာယုံကြည်လျက်ရှိပါတယ်၊

ဗြိတိန်မီဒီယာကတရုတ်ဟာ Ordosမြို့တွင် သိုလှောင်ရုံ ၃၀လောက်ရှိပြီး Yumen နဲ့ Hami မြို့တို့တွင် အားလုံးပေါင်း ၂၃၀ကျော် ရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်၊ တရုတ်ရဲ့ ဒုံးကျည်လက်နက်သိုလှောင်ရုံ အရေအတွက်ဟာဆိုရင် အမေရိကန်တွေတည်ဆောက်ထားတဲ့ Minuteman-Ⅲ လက်နက်သိုလှောင်ရုံ အရေအတွက် နီးပါး သို့မဟုတ် ထိုအရေအတွက်ထက်ပိုများနေနိုင်ပါလိမ့်မယ်၊

အစီရင်တင်ပြချက်တွေဟာ ၂၀၂၀ ခုနှစ်တရုတ်စစ်တပ်ရဲ့ အင်အားကို အလေးပေးဖော်ပြထားပြီး တရုတ်ဟာ မကြာမီကာလအတွင်း နယူကလီးယားရေငုပ်သင်္ဘောကိုအသုံးချနိုင်တော့မှာဖြစ်ပါတယ်၊ထို့အပြင် တရုတ်ဟာ H 20 ကိုယ်ပျောက်ဗုံးကျဲလေယာဉ်အစင်း၂၀ကိုတပ်ဆင်တော့မှာဖြစ်ကြောင်းခန့်မှန်းထားပါတယ်၊ဒါ့ကြောင့်တရုတ်နိုင်ငံရဲ့ နယူကလီးယာ စစ်လက်နက်သယ်ယူပို့ဆောင်ရေးဟာအနာဂတ်တွင်အမေရိကန်၊ရုရှားတို့နဲ့တန်းတူဖြစ်လာပါလိမ့်မယ်၊

သို့သော်လည်း နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ Xinhua News Agency၊CCTVနဲ့ တရုတ်စစ်တပ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ Yumen နဲ့ Hami မြို့က ဒုံးကျည်လက်နက်သိုလှောင်ရုံတွေဟာ လေစွမ်းအင်ကို အခြေခံလည်ပတ်ကြောင်း ပြောဆိုထားပါတယ်၊ဒါ့အပြင် Ordosမြို့ရှိ သိုလှောင်ရုံကလည်း လေစွမ်းအင်နဲ့လည်ပတ်ကြောင်း Global Timesတရုတ်မီဒီယာတခုကတင်ပြထားပါတယ်၊

၂၀၂၀ခုနှစ် December 18ရက်နေ့မှာ Ordosမြို့တွင်Guodian Power Inner Mongolia New Energy Development Co. , Ltdက ၁၄ ကြိမ်မြောက်ငါးနှစ်တာစီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲကျင်းပပြီးတနှစ်တာအတွက် 4 Million Kilowatts စွမ်းအင်သစ်စီမံကိန်းနဲ့ 2 Million Kilowatts နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းအပြင် 2 Million Kilowatts လေစွမ်းအင်စီမံကိန်းနဲ့ 9.4 Billion Kilowatts လျှပ်စစ်စီမံကိန်းကိုအစီအစဉ်ဆွဲခဲ့ပါတယ်၊ထိုစီမံကိန်းလည်ပတ်ဖို့အတွက်ရင်းနှီးမြှုပ်နှံငွေ ယွမ် 21 ဘီလီယံ ရရှိခဲ့ပါတယ်၊

အထက်ပါ သတင်းတွေအရအမေရိကန်မဟာဗျူဟာကွပ်ကဲရေးတပ်မှူး Charles Richard ဟာ “တိုးတတ်လာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တရုတ်ရဲ့နယူကလီးယား လက်နက်ထုတ်လုပ်လာမှုအခြေအနေဟာ အသက်ရှူကြပ်စရာ ဖြစ်လာနိုင်တယ်”လို့ အာကာသနှင့်ဒုံးကျည်ကာကွယ်ရေးစာတမ်းဖတ်ပွဲမှာ ပြောကြားခဲ့ပါတယ်၊

သို့သော်လည်း အမေရိကန်ရဲ့ ‌ဖောင်းပွလာတဲ့တင်ပြချက်တွေဟာနယူကလီးယားလက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်မှာတရုတ်ကို လက်မှတ်ထိုးစေရန်ဖိအားပေးဖို့ ရည်ရွယ်ကြောင်း Global Timeသတင်းဌာနက ပြောကြားထားပါတယ်၊ဒါ့အပြင် နေတိုးတပ်ဖွဲ့နဲ့ တရုတ်တို့ဟာ ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် နေတိုးအဖွဲ့ဟာ နယူကလီးယားလက်နက်အရည်အသွေးကိုလေ့လာဆန်းစစ်ဖို့အတွက်တရုတ်ကိုတိုက်တွန်းလျက်ရှိပါတယ်၊

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတရုတ်နိုင်ငံဟာတခြားသောနိုင်ငံတွေရဲ့ လက်နက်ထိန်းချုပ်မှုကိုဆန့်ကျင်ကြောင်းနဲ့သုံးပွင့်ဆိုင်နယူကလီးယားလက်နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွင်မပါဝင်လိုကြောင်းတုံ့ပြန်ခဲ့ပါတယ်၊ဘာကြောင့်လဲဆိုရင် တရုတ်ဟာ နယူကလီးယားလက်နက်ဖျက်သိမ်းရေးကို အမြဲ ထောက်ခံနေတာကြောင့်ဖြစ်ပါတယ်၊

သို့ရာ‌တွင် တရုတ်ပြည်သူတွေကအမေရိကန်ဟာလွန်ခဲ့သောနှစ်တွေက တရုတ်ကိုဖိနှိပ်မှုမျိုးရှိတာကြောင့်ပြန်လည်ကာကွယ်တုံ့ပြန်ရန် နယူကလီးယားလက်နက်တွေချဲ့ထွင်တာဖြစ်ကြောင်း အခိုင်အမာအကြံပြုကြပါတယ်၊

လေ့လာသူတချို့ကတော့ တရုတ်ရဲ့ လက်နက်သိုလှောင်ရုံတွေကို တခြားပါတီတွေအား ပြသခြင်းမှာ နယူကလီးယား အဟန့်အတားကိုလျှော့ချရန်နှင့်နယူကလီးယားစစ်ပွဲကို မျှော်မှန်းနေကြတဲ့ စစ်သွေးကြွတွေကိုနှိမ်နှင်းဖို့ဖြစ်ပြီး ၎င်းနည်းလမ်းဖြင့် ပြင်ပမဟာဗျူဟာကိုလျော့ချဖို့လိုအပ်ပါတယ်၊
writer:Evelyn

TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team