■အမေရိကန်ပြည်ထောင်စုရဲ့ လေယာဉ်သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးကို တိုးတက်‌စေခဲ့သော C-17 Globemaster III (ဂလုတ်မာစတာ သရီး)

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အမေရိကန်ပြည်ထောင်စုရဲ့ လေယာဉ်သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးကို တိုးတက်‌စေခဲ့သော C-17 Globemaster III (ဂလုတ်မာစတာ သရီး)

C-17 Globemaster III ဟာလေကြောင်းသယ်ယူပို့ဆောင်ရေးတပ်မှာ ပြောင်းလွယ်ပြင်လွယ်အဖြစ်ဆုံး ကုန်တင်လေယာဉ်ဖြစ်ပါတယ်။

C-17 ဟာ တပ်ဖွဲ့တွေကို နည်းဗျူဟာကျကျအမြန်ပို့ဆောင်နိုင်ပြီး ကုန်ပစ္စည်းအမျိုးအစားအားလုံးကို အဓိကစစ်ဆင်ရေးစခန်းတွေ ဒါမှမဟုတ် တပ်ဖြန့်ထားတဲ့ဧရိယာမှ ရှေ့တန်းခံတပ်တွေဆီ တိုက်ရိုက် ပို့ဆောင်ပေးနိုင်ပါတယ်။

လေယာဉ်ဟာ နည်းဗျူဟာမြောက် ပစ္စည်းတင်ပို့ခြင်းနဲ့ ပစ္စည်းချတဲ့မစ်ရှင်တွေကို လုပ်ဆောင်နိုင်ပြီး ဒဏ်ရာရလူနာတွေကိုလည်း သယ်ယူပို့ဆောင်ပေးတာပါ။ C-17 တပ်ဖွဲ့ရဲ့ ပင်ကိုယ်ပြုပြင်ပြောင်းလဲလွယ်တဲ့စွမ်းရည်ဟာ လေယာဉ်သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးကို တိုးတက်‌စေပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာအနှံ့လေယာဉ်ရွေ့ပြောင်းမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်။

ထိ‌‌ရောက်တဲ့ လေကြောင်းပို့ဆောင်ရေးက စစ်ဖြစ်နိုင်ခြေရှိတဲ့တိုက်ပွဲနယ်မြေနား ကို တိုက်ပွဲဝင်တပ်သားတွေ အလျင်အမြန်စီစဉ်အားဖြည့်နိုင်စေမှာပါ။ အမေရိကန်ရဲ့အကျိုးစီးပွားကို အနှောင့်အယှက်ပေးမဲ့အရာတွေက ဒီနှစ်ပိုင်းတွေမှာ ပြောင်းလဲသွားခဲ့ပြီး အလားအလာရှိတဲ့ရန်သူတွေကို ပိုမိုတုံ့ပြန်နိုင်ဖို့ စစ်လက်နက်ပစ္စည်းတွေကိုလည်း ပြောင်းလဲတီထွင်ခဲ့ပါတယ်။

ဒီအလားအလာဟာ လေကြောင်းရွေ့ပြောင်းမှုလိုအပ်ချက်တွေ အထူးသဖြင့် အဆမတန်ကြီးမားတဲ့ပစ္စည်းတွေကို ပို့ဆောင်ရာမှာ ပိုပြီး လိုအပ်ချက်တွေ တိုးလာစေခဲ့ပါတယ်။

ရလဒ်အနေနဲ့ ပြုပြင်ပြောင်းလဲလွယ်တဲ့ကုန်တင်လေယာဉ်အသစ်တွေကို အရေးပေါ်တပ်ဖွဲ့တွေနဲ့ ကမ္ဘာအနှံ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ အတွက် လိုအပ်လာခဲ့တာပါ။C-17 ဟာ ယနေ့ခေတ် လေယာဉ်နဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အေမရိကန္ျပည္ေထာင္စုရဲ့ ေလယာဥ္သယ္ယူပို႔ေဆာင္ေရးစနစ္တစ္ခုလုံးကို တိုးတက္‌ေစခဲ့ေသာ C-17 Globemaster III (ဂလုတ္မာစတာ သရီး)

C-17 Globemaster III ဟာေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးတပ္မွာ ေျပာင္းလြယ္ျပင္လြယ္အျဖစ္ဆုံး ကုန္တင္ေလယာဥ္ျဖစ္ပါတယ္။

C-17 ဟာ တပ္ဖြဲ႕ေတြကို နည္းဗ်ဴဟာက်က်အျမန္ပို႔ေဆာင္နိုင္ၿပီး ကုန္ပစၥည္းအမ်ိဳးအစားအားလုံးကို အဓိကစစ္ဆင္ေရးစခန္းေတြ ဒါမွမဟုတ္ တပ္ျဖန႔္ထားတဲ့ဧရိယာမွ ေရွ႕တန္းခံတပ္ေတြဆီ တိုက္ရိုက္ ပို႔ေဆာင္ေပးနိုင္ပါတယ္။

ေလယာဥ္ဟာ နည္းဗ်ဴဟာေျမာက္ ပစၥည္းတင္ပို႔ျခင္းနဲ႔ ပစၥည္းခ်တဲ့မစ္ရွင္ေတြကို လုပ္ေဆာင္နိုင္ၿပီး ဒဏ္ရာရလူနာေတြကိုလည္း သယ္ယူပို႔ေဆာင္ေပးတာပါ။ C-17 တပ္ဖြဲ႕ရဲ့ ပင္ကိုယ္ျပဳျပင္ေျပာင္းလဲလြယ္တဲ့စြမ္းရည္ဟာ ေလယာဥ္သယ္ယူပို႔ေဆာင္ေရးစနစ္တစ္ခုလုံးကို တိုးတက္‌ေစၿပီး အေမရိကန္ျပည္ေထာင္စုရဲ့ ကမၻာအႏွံ့ေလယာဥ္ေရြ႕ေျပာင္းမႈလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးပါတယ္။

ထိ‌‌ေရာက္တဲ့ ေလေၾကာင္းပို႔ေဆာင္ေရးက စစ္ျဖစ္နိုင္ေျခရွိတဲ့တိုက္ပြဲနယ္ေျမနား ကို တိုက္ပြဲဝင္တပ္သားေတြ အလ်င္အျမန္စီစဥ္အားျဖည့္နိုင္ေစမွာပါ။ အေမရိကန္ရဲ့အက်ိဳးစီးပြားကို အေႏွာင့္အယွက္ေပးမဲ့အရာေတြက ဒီႏွစ္ပိုင္းေတြမွာ ေျပာင္းလဲသြားခဲ့ၿပီး အလားအလာရွိတဲ့ရန္သူေတြကို ပိုမိုတုံ႔ျပန္နိုင္ဖို႔ စစ္လက္နက္ပစၥည္းေတြကိုလည္း ေျပာင္းလဲတီထြင္ခဲ့ပါတယ္။

ဒီအလားအလာဟာ ေလေၾကာင္းေရြ႕ေျပာင္းမႈလိုအပ္ခ်က္ေတြ အထူးသျဖင့္ အဆမတန္ႀကီးမားတဲ့ပစၥည္းေတြကို ပို႔ေဆာင္ရာမွာ ပိုၿပီး လိုအပ္ခ်က္ေတြ တိုးလာေစခဲ့ပါတယ္။

ရလဒ္အေနနဲ႔ ျပဳျပင္ေျပာင္းလဲလြယ္တဲ့ကုန္တင္ေလယာဥ္အသစ္ေတြကို အေရးေပၚတပ္ဖြဲ႕ေတြနဲ႔ ကမၻာအႏွံ့ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး ၊ လူသားခ်င္းစာနာေထာက္ထားေရးလုပ္ငန္းေတြ အတြက္ လိုအပ္လာခဲ့တာပါ။C-17 ဟာ ယေန႔ေခတ္ ေလယာဥ္နဲ႔သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနိုင္ပါတယ္။
ref:youtube
trans:thegeektext