အကျိုးစီးပွါးထိပါးလာရင်တော့လက်တွန့်နေမှာမဟုတ်ဘူး

News

တောင်တရုတ်ပင်လယ်ရေပြင်မှာ တရုတ်က ပိုင်ဆိုင်တယ်လို့ပြောနေတာတွေဟာ နိုင်ငံတကာဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ စင်္ကာပူကိုရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့ အမေရိကန်မဟာမိတ်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်နေတာလို့ လွိုက် အော်စတင် က သတိပေးပါတယ်။တောင်တရုတ်ပင်လယ်ပြင်အရေးမှာသာမက တစ်ခြားပြသနာတွေကိုလည်း တရုတ်အစိုးရက ပြေပြေလည်လည်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ ဝန်ကြီး လွိုက် အော်စတင် ကပြောပါတယ်။တိုင်ဝမ်ကျွန်းကိစ္စ၊ တရုတ်နိုင်ငံထဲက လူနည်းစုမူဆလင်တွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ အိန္ဒိယနယ်စပ်မှာ စစ်ရေးမတည်မငြိမ်ဖြစ်အောင် ရန်စနေတဲ့လုပ်ရပ်တွေကို တရုတ်အစိုးရက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက စွတ်စွဲပါတယ်။

” တရုတအွစိုးရနဲ့ရော တရုတတွပမွတောနွဲ့ပါ တညငွှိမတွဲ့ဆကဆွံရေးကိုပဲလိုခငှပွါတယွ။ ထိပတွိုကပွှသနာမဖှဈခငှပွါဘူး။ ဒါပမေဲ့ အကှိုးစီးပှါးထိပါးခှိမွးခှောကလွာရငတွော့ လကတွှန့နွမှော မဟုတဘွူး” လို့ အမရေိကနကွာကှယရွေးဝနကွှီးက ပှောသှားပါတယွ။စငွကြာပူကိုရောကနွတေဲ့ အမရေိကနကွာကှယရွေးဝနကွှီးဟာ စငွကြာပူကာကှယရွေးဝနကွှီး စငွကြွာပူဝနကွှီးခှုပတွို့နဲ့ မနေ့က သီးခှားစီတှေ့ဆုံဆှေးနှေးပှီး ညနပေိုငွးမှာ ကငွှးပတဲ့ ဒသတှငွေး လုံခှုံရေးဆိုငရွာ ဆှေးနှေးပှဲလုပရွာမှာ ထဲ့သှငွးပှောကှားခဲ့တာဖှဈပါတယွ။ဆှေးနှေးပှဲမှာ တရုတပွှသနာအပှငွ မှနမွာစဈတပရွဲ့ လကမွခံနိုငစွရာ လုပဆွောငခွကှတွှကေိုလညွး ကာကှယရွေးဝနကွှီး လှိုကွ အောစွတငွ က ထဲ့သှငွးပှောသှားတာတှေ့ရပါတယွ။

ဒီခရီးစဉ်ဟာ ဒေသတွင်း အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုတွေ ခိုင်မာခြင်း၊ ဒေသတွင်း မိမိတို့အကျိုးစီးပွားတွေအပေါ် နိုင်ငံတကာ ဥပဒေနဲ့အညီ စည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံတဲ့ လိုက်နာမှုရှိရေး၊ အာဆီယံ ဗဟိုချက်ပြုမှု မြှင့်တင်ရေးတို့ကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ကြောင်း သံရုံးရဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်၀န်ကြီးများရဲ့ အာဆီယံနဲ့ အိန္ဒိယခရီးစဥ်အောင်မြင်မည်မဟုတ်ဟု တရုတ်ခနဲ့

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးနဲ့ ကာကွယ်ရေး၀န်ကြီးတွေရဲ့ အိန္ဒိယနဲ့ အာဆီယံခရီးစဉ်မှာ တရုတ်အရေးက ထိပ်ဆုံးက ဖြစ်နေမှာသေချာတယ်လို့ တရုတ်အစိုးရအာဘော်သတင်း ဆောင်းပါး တွေက ရေးပါတယ်။နိုင်ငံခြားရေးဒု၀န်ကြီးခရီးစဥ်အပြီး အရေးပေါ်ထွက်လာကြတဲ့ ၀န်ကြီး (၂) ပါးခရီးစဥ်ဟာ တရုတ်ကို သံတမန်ရေးအရရော စစ်ရေးအရပါ ခြုံခိုတိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ ခရီးစဥ်ဖြစ်တယ်ဆိုပါတယ်။

တရုတ်ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးဆိုတဲ့ အမေရိကန်ဟာ သူ့စကားသူ ပြန်ဖျက်တာနဲ့ အတူတူပဲလို့လည်း ဆောာင်းပါးတွေမှာ ဖေါ်ပြပါတယ်။အိန္ဒိယနဲ့ အမေရိကန် အမြင်ခံစားချက်ချင်းမတူသလို အာဆီယံနိုင်ငံအများစုကလည်း သူတို့အကျိူူးစီးပွါးအရ အမေရိကန်ဘက်ကို ဘက်လိုက်ရပ်တည်ရဲမှာမဟုတ်ဘူးဆိုပါတယ်။အဲဒီအတွက် အောင်မြင်မဲ့ခရီးစဥ် မဟုတ်ဘူးလို့ တရုတ်အစိုးရအာဘော်တွေက ခနဲ့ထားပါတယ်။စင်္ကာပူဟာ အမေရိကန်နဲ့ စစ်ရေးအရ တရား၀င်စာချူပ်ချူပ်ဆိုထားတဲ့နိုင်ငံမဟုတ်ပေမဲ့ အာဆီယံမှာ သြဇာကြီးတဲ့ နိုင်ငံဖြစ်လို့ စင်္ကာပူကို အရဆွဲဖို့ကြံစည်နေတာလို့လည်း အစိုးရအာ ဘော်ဆောင်းပါးတွေက ရေးပါတယ်။

စင်္ကာပူကိုအရဆွဲပြီး အာဆီယံအုပ်စုကို တရုတ်ဆန့်ကျင် ရေးမှာ ပါလာဖို့ကြံစည်တာဆိုပါတယ်။ဒါပေမဲ့ စင်္ကာပူ၀န်ကြီးချူပ်ကိုယ်တိုင်က တရုတ်နဲ့ အမေရိကန် အားပြိုင်ရင် ဘယ်ဘက်မှ ရပ်တည်မှမဟုတ်ဘူးလို့ မတ်လ တရုတ်ပြည်လာတုန်းက ပြောခဲ့တာမို့ အမေရိကန်အစီအစဥ်အောင်မြင်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရအာဘော် ဆောင်းပါးတွေက သုံးသပ်ပါတယ်။အမေရိကန်ကာကွယ်ရေး၀န်ကြီးဟာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ကို ဆက်သွားပြီး စစ်ရေးဆိုင်ရာကိစတွေ ဆွေးနွေးမှာ သေချာသလို တောင်တရုတ်ပင်လယ်ကိစ အကြောင်းပြပြီး တရုတ်ရန်ကို လက်ညိုးထိုးပြစည်းရုံးမှာ သေချာတယ်ဆိုပါတယ်။ဗီယက်နမ်က အမေရိကန်စည်းရုံးတာကို ပါကောင်းပါနိုင်ပေမဲ့ ဖိလစ်ပိုင်ဟာ တရုတ်နဲ့ ထိပ်တိုက်တွေ့ဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရအာဘော်ဆောင်းပါးတွေက ဖေါ်ပြပါတယ်။တချိန်ထဲမှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးရဲ့ အိန္ဒိယခရီးစဉ်ကလည်း တရုတ်ကို ဖိအားပေးထိမ်းချူပ်ဖို့ သွားတာဖြစ်ပေမဲ့ အောင်မြင်မှာမဟုတ်ဘူးဆိုပါတယ်။

အမေရိကန်တပ်တွေ အာဖဂန်နစ်စတန်က ထွက်ခွါတာကို အိန္ဒိယက သဘောမကျသလို ကိုဗစ်ကာကွယ်ဆေးမျှဝေပေးရေးမှာလည်း အမေရိကန်က ကူညီဖို့ပျက်ကွက်နေတဲ့အတွက်လို့ တရုတ်အစိုးရအာဘော်ဆောင်းပါးရှင်တွေက ရေးပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply