အမေရိကန်ဒုသမ္မတက တရုတ်သည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များတွင် ခြိမ်းခြောက်မှုများ ပြုလုပ်နေဟု စွပ်စွဲ

News

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်သည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပရမ်းပတာ ဆုတ်ခွာမှုနောက်ပိုင်းတွင် အမေရိကန်အပေါ် အများယုံကြည်လက်ခံနိုင်မှုကို မြှင့်တင်ရန်နှင့် တရုတ်အား ဆန့်ကျင်ရာတွင် အာရှမဟာမိတ်များကို စည်းရုံးနေချိန်၌ တရုတ်အစိုးရသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များတွင် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သြဂုတ်လ ၂၄ ရက်က စွပ်စွဲပြောကြားခဲ့သည်။

အမေရိကန် အစိုးရသည် ဒေါ်နယ်ထရန့်လက်ထက်က ယိုယွင်းခဲ့သည့် အာရှနိုင်ငံများနှင့် ဆက်ဆံရေးကို အသစ်ပြန်လည် စတင်ရန်နှင့် တရုတ်၏ အင်အားကြီးထွားလာမှုကို ဆန့်ကျင်ရန် အကာအကွယ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် ဟားရစ်က စင်ကာပူခရီးစဉ်အတွင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များရုပ်သိမ်းမှုနှင့် တာလီဘန်တို့က အာဖဂန်ကို ထိန်းချုပ်မှုတို့ကြောင့် အမေရိကန်အပေါ် မှီခိုအားထားနိုင်မည် ဟုတ်၊မဟုတ် မေးခွန်းများ ထွက်ပေါ်နေချိန်တွင် ဗီယက်နမ်သို့ သွားရောက်မည့် ခရီးစဉ် အပါအဝင် ဟားရစ်၏ အာရှခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

အ‌မေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်များကို ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဟားရစ်က အာရှဒေသအပေါ် ထားရှိသည့် အမေရိကန်အစိုးရ၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားပြောဆိုခဲ့သည်။

“ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ရဲ့ နယ်နိမိတ် အများစုကို ပိုင်ဆိုင်ကြောင်း ကြေညာဖို့အတွက် အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဟားရစ်က ပြောကြားခဲ့သည်။

“ တရုတ် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာကို ခြိမ်းခြောက်နေပြီး စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အခြေခံထားတဲ့ စနစ်တကျရှိမှုကို လျော့ပါးစေပါတယ်” ဟု ၎င်းက ဆိုသည်။

“ အမေရိကန်ကတော့ အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ရပ်တည်သွားမှာပါ” ဟု ဟားရစ်က ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည်အနိုင်ကျင့်ခြင်းနှင့် ကြီးစိုးခြင်း အမူအကျင့်များ လုပ်ဆောင်နေသည်ဟု ဟားရစ်၏ ပြောကြားချက်အပေါ် တရုတ်က ပြန်လည်တုံ့ပြန်ခဲ့သည်။

“ အမေရိကသာ ပထမဆိုပြီး ခုခံကာကွယ်နိုင်ဖို့အတွက် အမေရိကန်ဟာသူ့အတွက် အကျိုးမရှိတဲ့အခြားနိုင်ငံတွေကို တစ်ဖက်သတ် စွပ်စွဲတာတွေ၊ ဖိနှိပ်ညှင်းဆဲပြီး အနိုင်ကျင့်တာတွေ ပြုလုပ်နေပါတယ်။ ဒါကအမေရိကန်တွေ အလိုရှိနေတဲ့အရာပါ။ သူတို့တွေကို အခုချိန်မှာ ဘယ်သူက ယုံကြည်နေသေးလဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝမ်ဘင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ထရီလျံချီတန်ဖိုးရှိသည့် ကုန်သွယ်ရေး သင်္ဘောများ ဖြတ်သန်းသွားလာသည့် သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်၏ ရေပြင်နယ်နိမိတ်အများစုကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားပြီး ထိုင်ဝမ်အပြင် အရှေ့တောင်အာရှ လေးနိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည်။
credit:news-eleven

zawgyi

အေမရိကန္ ဒုတိယသမၼတ ကာမယ္လာ ဟားရစ္သည္ အာဖဂန္နစၥတန္မွ အေမရိကန္တပ္မ်ား ပရမ္းပတာ ဆုတ္ခြာမႈေနာက္ပိုင္းတြင္ အေမရိကန္အေပၚ အမ်ားယုံၾကည္လက္ခံနိုင္မႈကို ျမႇင့္တင္ရန္ႏွင့္ တ႐ုတ္အား ဆန႔္က်င္ရာတြင္ အာရွမဟာမိတ္မ်ားကို စည္း႐ုံးေနခ်ိန္၌ တ႐ုတ္အစိုးရသည္ ပိုင္ဆိုင္မႈ အျငင္းပြားေနသည့္ ေရျပင္မ်ားတြင္ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ေနသည္ဟု ၾသဂုတ္လ ၂၄ ရက္က စြပ္စြဲေျပာၾကားခဲ့သည္။

အေမရိကန္ အစိုးရသည္ ေဒၚနယ္ထရန႔္လက္ထက္က ယိုယြင္းခဲ့သည့္ အာရွနိုင္ငံမ်ားႏွင့္ ဆက္ဆံေရးကို အသစ္ျပန္လည္ စတင္ရန္ႏွင့္ တ႐ုတ္၏ အင္အားႀကီးထြားလာမႈကို ဆန႔္က်င္ရန္ အကာအကြယ္တစ္ခု တည္ေဆာက္ရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ဟားရစ္က စင္ကာပူခရီးစဥ္အတြင္း ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္လည္း အာဖဂန္နစၥတန္မွ အေမရိကန္ တပ္မ်ား႐ုပ္သိမ္းမႈႏွင့္ တာလီဘန္တို႔က အာဖဂန္ကို ထိန္းခ်ဳပ္မႈတို႔ေၾကာင့္ အေမရိကန္အေပၚ မွီခိုအားထားနိုင္မည္ ဟုတ္၊မဟုတ္ ေမးခြန္းမ်ား ထြက္ေပၚေနခ်ိန္တြင္ ဗီယက္နမ္သို႔ သြားေရာက္မည့္ ခရီးစဥ္ အပါအဝင္ ဟားရစ္၏ အာရွခရီးစဥ္ ေပၚထြက္လာျခင္းျဖစ္သည္။

အ‌ေမရိကန္အစိုးရ၏ နိုင္ငံျခားေရး မူဝါဒ ရည္မွန္းခ်က္မ်ားကို ေျပာၾကားခဲ့သည့္ မိန႔္ခြန္းတြင္ ဟားရစ္က အာရွေဒသအေပၚ ထားရွိသည့္ အေမရိကန္အစိုးရ၏ ကတိကဝတ္မ်ားကို ထပ္ေလာင္း အတည္ျပဳခဲ့ၿပီး တ႐ုတ္နိုင္ငံကို ပစ္မွတ္ထားေျပာဆိုခဲ့သည္။

“ တ႐ုတ္အစိုးရဟာ ေတာင္တ႐ုတ္ပင္လယ္ရဲ့ နယ္နိမိတ္ အမ်ားစုကို ပိုင္ဆိုင္ေၾကာင္း ေၾကညာဖို႔အတြက္ အက်ပ္ကိုင္ ၿခိမ္းေျခာက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္” ဟု ဟားရစ္က ေျပာၾကားခဲ့သည္။

“ တ႐ုတ္ အစိုးရရဲ့ လုပ္ေဆာင္ခ်က္ေတြဟာ အျခားနိုင္ငံေတြရဲ့ အခ်ဳပ္အျခာကို ၿခိမ္းေျခာက္ေနၿပီး စည္းမ်ဥ္းစည္းကမ္းေတြအေပၚမွာ အေျခခံထားတဲ့ စနစ္တက်ရွိမႈကို ေလ်ာ့ပါးေစပါတယ္” ဟု ၎က ဆိုသည္။

“ အေမရိကန္ကေတာ့ အဲဒီၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔ မဟာမိတ္ေတြ၊ မိတ္ဖက္နိုင္ငံေတြနဲ႔အတူ ရပ္တည္သြားမွာပါ” ဟု ဟားရစ္က ထပ္ေလာင္းေျပာၾကားခဲ့သည္။

အေမရိကန္သည္အနိုင္က်င့္ျခင္းႏွင့္ ႀကီးစိုးျခင္း အမူအက်င့္မ်ား လုပ္ေဆာင္ေနသည္ဟု ဟားရစ္၏ ေျပာၾကားခ်က္အေပၚ တ႐ုတ္က ျပန္လည္တုံ႔ျပန္ခဲ့သည္။

“ အေမရိကသာ ပထမဆိုၿပီး ခုခံကာကြယ္နိုင္ဖို႔အတြက္ အေမရိကန္ဟာသူ႔အတြက္ အက်ိဳးမရွိတဲ့အျခားနိုင္ငံေတြကို တစ္ဖက္သတ္ စြပ္စြဲတာေတြ၊ ဖိႏွိပ္ညႇင္းဆဲၿပီး အနိုင္က်င့္တာေတြ ျပဳလုပ္ေနပါတယ္။ ဒါကအေမရိကန္ေတြ အလိုရွိေနတဲ့အရာပါ။ သူတို႔ေတြကို အခုခ်ိန္မွာ ဘယ္သူက ယုံၾကည္ေနေသးလဲ” ဟု တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ဝမ္ဝမ္ဘင္းက ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံသည္ ႏွစ္စဥ္ႏွစ္တိုင္း ေဒၚလာ ထရီလ်ံခ်ီတန္ဖိုးရွိသည့္ ကုန္သြယ္ေရး သေဘၤာမ်ား ျဖတ္သန္းသြားလာသည့္ သဘာဝသယံဇာတ အရင္းအျမစ္မ်ား ေပါႂကြယ္ဝေသာ ေတာင္တ႐ုတ္ပင္လယ္၏ ေရျပင္နယ္နိမိတ္အမ်ားစုကို ပိုင္ဆိုင္ေၾကာင္း ထြက္ဆိုထားၿပီး ထိုင္ဝမ္အျပင္ အေရွ႕ေတာင္အာရွ ေလးနိုင္ငံႏွင့္ ပိုင္ဆိုင္မႈ အျငင္းပြားေနသည္။
credit:news-eleven