တရုတ်အရှေ့ပိုင်းတိုင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးShi Yiက သြဂုတ်လ ၁၇ ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်များ၊ တိုက်လေယာဉ်များနှင့်အခြားservices များကို ထိုင်ဝမ်ကျွန်းအနောက်တောင်နှင့်အရှေ့တောင်ပိုင်း ပတ်ဝန်းကျင်ပင်လယ်များနှင့်ဝေဟင်ပိုင်နက်များအနီးမှာလေ့ကျင့်ရေးအတွက်စေလွှတ်ခဲ့ပီး လေ့ကျင့်ခန်းက “ တပ်ဖွဲ့များ၏ပေါင်းစပ်ပူးပေါင်းစစ်ဆင်ရေးစွမ်းရည်” ကိုစမ်းသပ်ရန်ရည်ရွယ်သည်လို့ဆိုပါတယ်။


တရုတ်ပြည်မကြီးပြောရေးဆိုခွင့်ရှိသူက အမှန်တကယ်တော့စစ်ရေးလေ့ကျင့်မှုက အမေရိကန်နှင့်ထိုင်ဝမ်တို့၏ပူးပေါင်းကြံစည်မှုကိုတုံ့ပြန်ရန်ဖြစ်ပီး၊အလေးအနက်ပြောကြားခဲ့တာက “အမေရိကန်နှင့်ထိုင်ဝမ်တို့ကမကြာခဏရန်စမှုများ၊ ကြီးလေးသောမှားယွင်းသောအချက်ပြမှုများ၊ တရုတ်၏အချုပ်အခြာအာဏာကိုဆိုးရွားစွာချိုးဖောက်ခြင်း၊ ငြိမ်းချမ်းရေးကိုဆိုးရွားစွာထိခိုက်စေခြင်းတို့ဖြစ်တယ်လို့လဲဆိုပါတယ်။ဒီအကြောင်းတွေကြောင့်ဘဲထိုင်ဝမ်ရေလက်ကြား၌တည်ငြိမ်မှုနှင့်ထိုင်ဝမ်ရေလက်ကြားလုံခြုံရေးအတွက်အန္တာရယ်အရင်းအမြစ်ဖြစ်လာတာပါ”ထို့ကြောင့်စစ်ရေးလေ့ကျင့်မှုသည်ပြင်ပအင်အားစုများ၏ဝင်ရောက်စွက်ဖက်မှုနှင့်ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များကရန်စမှု့ကိုတုံ့ပြန်မှုတစ်ခုပါဘဲလို့ပြောခဲ့ပါသည်။

Shi Yi ကအရှေ့ပိုင်းစစ်နယ်မြေသည် တိုက်ခိုက်ရေးအဆင်သင့်လေ့ကျင့်မှုအားဆက်လက်အားဖြည့်သွားမည်ဖြစ်ပြီးထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်ရေးလှုပ်ရှားမှုများအားတားဆီးရန်စိတ်ပိုင်းဖြတ်နိုင်စွမ်းနှင့် အမျိုးသားအချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုပြတ်ပြတ်သားသားခုခံကာကွယ်သွားမယ်လ်ို့အလေးပေးပြောကြားခဲ့ပါတယ်။
အာဖဂန်ရဲ့အခြေအနေရုတ်တရက်ပြောင်းလဲမှုကထိုင်ဝမ်ရေလက်ကြားကအခြေအနေကိုပြင်ပကမ္ဘာကအာရုံစိုက်လာစေပါတယ်။ ယခုအချိန်မှာတော့တရုတ်စစ်တပ်သည်ထိုင်ဝမ်ကျွန်းတစ်ဝိုက်၌ပူးတွဲပစ်ခတ်တိုက်ခိုက်မှုများနှင့်အခြားစစ်အင်အားလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ဒါက“ လန့်နေတဲ့ငှက်” လိုထိုင်ဝမ်အစိုးရအတွက်အခြားဗုံးတစ်လုံးနှင့်တူပါတယ်။


တရုတ်စစ်တပ်ကလေ့ကျင့်ခန်းမှတ်တမ်းကိုမထုတ်ပြန်သေးပေမယ့်လည်းလေ့ကျင့်ခန်းပုံစံက (တိုက်ခိုက်ရေးသင်္ဘောများ၊ ရေငုပ်သင်္ဘောနှိမ်နင်းရေးလေယာဉ်များ၊ တိုက်လေယာဉ်များ) သုံးခဲ့ပီး (လေ့ကျင့်ခန်းနေရာက ထိုင်ဝမ်ကျွန်း၏အနောက်တောင်နှင့်အရှေ့တောင်ဘက်)ဖြစ်ပီးထိုင်ဝမ်ကိုအလွယ်တော့သိမ်းနိုင်မယ်မထင်ပါဘူး။ဒါပေမယ့်ထိုင်ဝမ်ကျွန်းရဲ့အနောက်တောင်ဘက်နှင့်အရှေ့တောင်ဘက်မှပြင်ပထောက်ပံ့ရေးတပ်ဖွဲ့များကိုပိတ်ဆို့ရန်ပူးတွဲလေကြောင်းနှင့်ပင်လယ်တိုက်ခိုက်ရေးတပ်ဖွဲ့များကိုအသုံးပြုနိုင်ပါတယ်။

ပထဝီနိုင်ငံရေးရှုထောင့်ကကြည့်ရင် ထိုင်ဝမ်ရေလက်ကြားမှာတစ်ခုခုဖြစ်လျှင်ပြင်ပအင်အားစုများတွေက လေကြောင်းနှင့်ပင်လယ်မှထိုင်ဝမ်ကျွန်းအရှေ့တောင်ဘက်နှင့်အနောက်တောင်ဘက်ကိုလာနိုင်ပါတယ်။ ဒါကြောင့်သာကော PLA က ဒီဧရိယာနှစ်ခုကို ထိန်းဖို့ လိုပါတယ်။ပူးတွဲတပ်ဖွဲ့များလိုအပ်ချက်အရတော့ PLA Rocket Force ဒုံးကျည်တပ်များလဲလေ့ကျင့်ခန်းမှာပါဝင်မှာပါ။


တရုတ်ကအထူးသဖြင့် တောင်တရုတ်ပင်လယ်က Spratly ကျွန်းစုများအတွင်းမှာ (Yongshun ကျွန်း၊ Meiji ကျွန်း၊ Zhubi ကျွန်း) အဓိကကျွန်းတုသုံးခုကိုတည်ဆောက်ခဲ့ပြီး လက်နက်ကြီးတွေ၊တပ်ဖွဲ့တွေကို ထိုင်ဝမ်ကျွန်းအတွက် တောင်တရုတ်ပင်လယ်မှအားဖြည့်နိုင်ပါတယ်။ဒါကြောင့် တရုတ်ပြည်မကြီးမှထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးအတွက်အကြီးမားဆုံးခြိမ်းခြောက်မှုက အထူးသဖြင့်အနောက်ပစိဖိတ်ရေပိုင်နက်မှဖြစ်ပြီးအထူးသဖြင့်ဂူအမ်ကျွန်းကနေလာနိုင်ပါတယ်။
writer:The Geek Text
TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
zawgyi
Shi Yi ကအရှေ့ပိုင်းစစ်နယ်မြေသည် တိုက်ခိုက်ရေးအဆင်သင့်လေ့ကျင့်မှုအားဆက်လက်အားဖြည့်သွားမည်ဖြစ်ပြီးထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်ရေးလှုပ်ရှားမှုများအားတားဆီးရန်စိတ်ပိုင်းဖြတ်နိုင်စွမ်းနှင့် အမျိုးသားအချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုပြတ်ပြတ်သားသားခုခံကာကွယ်သွားမယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။
writer:The Geek Text
သတိပေးကြေညာချက်
မိတ်ဆွေတို့ရဲ့