အမေရိကန်တို့ရဲ့ Electronic စွမ်းအင်သုံး နည်းဗျူဟာမြောက်လက်နက် မိုက်ခရိုဝေ့ဖ် Countermeasure စနစ်

အမေရိကဟာ သူတို့ရဲ့ Electronic စွမ်းအင်သုံး နည်းဗျူဟာမြောက်လက်နက် မိုက်ခရိုဝေ့ဖ် Countermeasure စနစ်တစ်ခုကို ပြီးခဲ့တဲ့ လထဲမှာ ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ THOR လို့ အမည်ရတဲ့ High-powered ECM စနစ်ဟာဆိုရင် စမ်းသပ်မှုအတွင်းမှာ လေဆိပ်ကို ချဉ်းကပ်လာတဲ့ မောင်းသူမဲ့ Drone အစီး၇၀ ကျော်ကို အသက်မဲ့စေပြီး ဖြုတ်ချနိုင်ခဲ့ပါတယ်။

ဒါဟာ တရုတ် နဲ့ အခြားပြိုင်ဘက်နိုင်ငံတွေအတွက် တော့ အတော်လေး ရှော့ရသွားစေခဲ့ပါတယ်။ ဒီစနစ်ဟာ ကြီးမားတဲ့ လျှပ်စစ်စွမ်းအင်စနစ်ကိုအသုံးပြုထားပြီး တိုက်ခိုက်လာတဲ့Drone တွေကို စက္ကန့်ပိုင်းအတွင်းအသက်မဲ့သွားအောင်လုပ်ပစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီစမ်းသပ်မှုအတွင်းမှာ Container Boxနဲ့ ပုံစံချင်းဆင်တဲ့ THOR ECM စနစ်ဟာ လေဆိပ်ပတ်ဝန်းကျင်က ပြေးလမ်း Hangar နဲ့ အခြားအရေးကြီးတဲ့ အဆောက်အအုံတွေကို UAV တိုက်ခိုက်မှုကတွေနေ ဟန့်တားကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ဒီစနစ်ကို လူနှစ်ယောက်က နေ သုံးနာရီအတွင်းပြီးစီးအောင်တပ်ဆင်နိုင်ပြီး တကယ့်လက်တွေ့အခြေအနေတွေမှာဆို Drone ၁၀၀ ကျော်အထိတောင် ပစ်ချနိုင်လိမ့်မယ်လို့လည်းသိရပါတယ်။ အမေရိက ဟာ လေဆာ ရောင်ခြည်စွမ်းအင်သုံး ပစ်ခတ်ရေးစနစ်တွေကိုလည်း စမ်းသပ်အောင်မြင်ထားပြီးဖြစ်ပြီး THOR ကတော့ တစ်ကြိမ်လျင်တစ်စီးစီသာပစ်ချနိုင်တဲ့ လေဆာစနစ်ထက်တောင် ပိုမိုလျင်မြန်များပြားတဲ့နှုနိးနဲ့ စွမ်းဆောင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ပင်တဂွန်အနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ Drone တိုက်ခိုက်ခံရနိုင်မှုတွေအတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကပင် ၎င်းစနစ်ကို စမ်းသပ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး များမကြာမီကာလအတွင်းမှာပဲ တပ်တော်ဝင်အသုံးပြုလာနိုင်ဖို့ရှိတယ်လို့လည်းသိရပါတယ်။


အမေရိကအနေနဲ့ အခြားAirdefense system တွေဖြစ်တဲ့ Missile system, Phalanx aera defense စနစ်နဲ့ Dronedefender , manpad စနစ်တွေရှိနေသော်လည်း ပိုမို စွမ်းအားကောင်းမွန်တဲ့စနစ်မျိုးကို ထုတ်လုပ်အသုံးပြုသွားနိုင်ဖို့ ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။


Famous.F
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
Famous.F