အမေရိကန်စစ်တပ်ပိုင်အရမ်းမိုက်တဲ့ကိုယ်ပျောက်လက်နက်ငါးမျိုး

Knowledge Militarily

အားလုံးပဲ မဂ်လာပါ။ကိုယ်ပျောက်နည်းပညာ သို့မဟုတ် လက်နက်တွေရန်သူ့မြင်ကွင်းမှ မမြင်နိုင်အောင် ပြုလုပ်ခြင်းက သမိုင်းမတင်မီကာလ ကျောက်ခေတ်ကတည်းက ရှိခဲ့ခြင်း ဖြစ်ပါတယ်။အဝတ်အစားထဲ ထည့်ဖွက်လိုက်ပြီး ကျောက်ခဲနဲ့ ပစ်ပေါက်လိုက်တာမျိုးပါ။နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက် ‌မြေပြင်၊ဝေဟင်နဲ့ ရေပြင် တို့မှ အရာဝတ္ထုတွေကို လျှပ်စစ်သံလိုက်ရောင် ခြည်တွေအသုံးပြုပြီး ရှာဖွေလာနိုင်ပြီ ဖြစ်တဲ့အတွက် ရိုးရိုးသာမန်ဖုံးကွယ်ဖို့ဆိုတာ ပိုပြီး ခက်ခဲလာပါပြီ။အရာဝတ္ထုပုံစံနဲ့လိုက်ပြီး ရေဒါရဲ့ဂုဏ်သတ္တိတွေကို သေချာနားမလည်တာကြောင့် လေယာဉ်ကို ရေဒါမှမမြင်နိုင်အောင် ပြုလုပ်မဲ့စိတ်ကူးကို ဆက်လက်အကောင်အထည် မဖော်ခဲ့ကြပါဘူး။

ရုရှားရူပဗေဒပညာရှင် Pia To Ufimtsev ဟာ လျှပ်စစ်သံလိုက်လှိုင်း ၊ရေဒါလှိုင်းတွေရဲ့ ရောင်ပြန်မှု့အပေါ် ခန့်မှန်းချက် စာစောင်တွေကို ရေးသားထုတ်ပြန်ခဲ့ပါတယ်ရှင်။ဆိုဗီယက်ပြည်ထောင်စုက သူတို့ဆောင်ရွက်ချက်ရဲ့ လေးနက်မှုကို မသိတဲ့အတွက် တော်တော်များများကို အဂ်လိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်ရှင်။သို့ပေမဲ့ Lockheed (လော့ဟိဒ်)မှ။အာကာသယာဉ်တည်ဆောက်ရေး အင်ဂျင်နီယာတွေက နားလည်ခဲ့ပြီး ရသမျှအချက်အလက်တွေကနေတဆင့် လေယာဉ်ရဲ့ ရေဒါခရော့ဆက်ရှင် လျော့ချမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သီအိုရီ ကို တွက်ချက်နိုင်ခဲ့တာပါပဲ။

ရလဒ်အနေနဲ့ f-117A nighthawk (နုိက်ဟော့ခ်) ‌ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်ပေါ်လာတာပါပဲ။အဲ့ဒီအချိန်ကစပြီး အမေရိကန်ရဲ့ ဗျူဟာမြောက်လေယာဉ်တိုင်းမှာ ကိုယ်ပျောက်နည်းပညာက သီးခြားခွဲထုတ်လို့မရတဲ့ အရာဖြစ်လာပါတယ်ရှင်။အခုပြောပြပေးသွားမှာကတော့ စစ်ပွဲမှာ သေစေနိုင်လောက်တဲ့ လက်နက်ငါးမျိုးအကြောင်းပဲ ဖြစ်ပါတယ်။

၁။B-2 spirit stealth bomber ကိုယ်ပျောက် ဗုံးကြဲလေယာဉ်

၁၉၈၈ မှာ Northrop corporation(နော့သို ကော်ပိုရေးရှင်း) မှ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ b-2 spirit (စပရစ်)ဟာဆိုရင် အမေရိကန်ရဲ့ ပထမဦးဆုံး ကိုယ်ပျောက်စစ်ဗျူဟာမြောက်ဗုံးကြဲယာဉ်ဖြစ်ပါတယ်။လေယာဉ်အမြီးမပါတဲ့ပုံစံဟာ နျူကလိယစစ်ပွဲအတွင်း ဆိုဗီယက်လေတပ်ကို ထိုးစစ်ဆင်နိုင်ဖို့ ရေဒါအမှတ်အသားကို လျော့ချဖို့ရာ ပါပဲ။b2 ရဲ့ ပထမဆုံးစစ်ပွဲအတွင်း ပျံသန်းမှုက ၁၉၉၉ kosovo(ကိုဆိုဗို) မှာ ဖြစ်ပါတယ်ရှင်။လေယာဉ်ဟာ Operation Enduring Freedom(အော်ပရေးရှင်း အန်ဂျူးရင်း ဖရီးဒန်း/အကြမ်းဖက်နှိမ်နှင်းရေးတိုက်ပွဲ) နဲ့ Operation Iraqi Freedom(အော်ပရေးရှင်း အီရတ်ကီ ဖရီးဒန်း/အီရတ်စစ်ပွဲ) တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။၂၀၁၁ ခုနှစ်မှာ  b2လေယာဉ်သုံးစီးဟာ Operation Odyssey Dawn(အော်ပရေးရှင်း အိုဒီဆီ ဒရော) အတွင်း လစ်ဗျားလေတပ်ကို ရုတ်တရက်တိုက်ခိုက်ခဲ့တာပါ။အမေရိကန်လေတပ်ရဲ့ Northrop Gurmman  b2.(နော့သို ဂါမန် ဘီတူး)ဟာ နိုင်ငံရဲ့ အဓိက တာဝေးပြေးတိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ကမ္ဘာ့ခံနိုင်ရည်အားအမြင့်ဆုံး လေယာဉ်တွေထဲက တစ်စီးပါ။သူရဲ့ကိုယ်ပျောက်စွမ်းရည်အပါအဝင် ထူးခြားလှတဲ့ စွမ်းဆောင်ရည်တွေကတော့ ဆန်းပြားရှုပ်ထွေးလှတဲ့ ရန်သူ့ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ပြီး အသေအချာကာကွယ်ထားတဲ့ပစ်မှတ်တွေကိုတောင် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်အောင် လုပ်ဆောင်နိုင်တာပါပဲ။b2 ဟာ တာဝေးပျံသန်းနိုင်ခြင်း၊ တန်ချိန်အများအပြားတင်ဆောင်နိုင်ခြင်းနဲ့ ကိုယ်ပျောက်စနစ်တို့ အားလုံးပါဝင်တဲ့ အ‌မေရိကန်ရဲ့ တစ်ခုတည်းသော လေယာဉ်ဖြစ်ပါတယ်ရှင်။

ဒါက သူ့ရဲ့ လေကြောင်းစွမ်းရည်ကို ကမ္ဘာပေါ်က မည်သည့်နေရာတွင်မဆို ပြသနိုင်ဖို့ ကူညီပေးပါတယ်။လေယာဉ်ဟာ ရေမိုင် ၆၀၀၀မိုင်ကို လောင်စာဆီ ထပ်မဖြည့်ဘဲ သွားနိုင်ပြီး ရေမိုင် ၁၀၀၀၀ မိုင်ကို လေထဲလောင်စာဆီတစ်ကြိမ်ဖြည့်ရုံနဲ့ ပျံသန်းနိုင်ပါတယ်ရှင်။ဒီယာဉ်ဟာ ရိုးရိုးလက်နက်နဲ့ နျူကလိယလက်နက် တန် ၂၀ ကျော်ကို သယ်ဆောင်နိုင်ပြီး မည့်သည့်ရာသီဥတုအခြေအနေမှာမဆို တိကျစွာ ပို့ဆောင်ပေးနိုင်တာပါ။b2 ဟာ သူရဲ့ မစ်ရှင်တစ်ခုတည်းနဲ့ တိုက်ပွဲတစ်ခုရဲ့ ရလဒ်ကို ပြောင်းနိုင်ပါတယ်။

၂။ F-22 raptor (ရက်ပ်တာ) ကိုယ်ပျောက်တိုက်လေယာဉ်

ပထမဆုံးစစ်ဆင်ရေးလေယာဉ် f-22 raptor ကို ၊f-15 eagle နေရာမှာ အစားထိုးဖို့ တီထွင်ခဲ့တာပါရှင်။f-117 nighthawk နဲ့ b2 ‌‌ဗုံးကြဲယာဉ်တွေနဲ့ မတူဘဲ f-22 ဟာ ကိုယ်ပျောက်နည်းပညာသုံးပြီး လေကြောင်းတိုက်ပွဲမှာ တိကျတဲ့အကျိုးရလဒ်ရယူတတ်တဲ့ တိုက်လေယာဉ်တစ်စီးဖြစ်ပါတယ်ရှင်။၂၀၀၅ ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ‌ကြေညာချက်အရ f-22 ဟာ ယခု လက်ရှိနဲ့ စီမံကိန်းဆွဲထားတဲ့ တိုက်လေယာဉ်တွေထဲမှာ ကမ္ဘာ့အကောင်းဆုံး ‌တိုက်လေယာဉ်တစ်စီး ဖြစ်ပြီး တစ်စီးတည်းသော ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ် ပါ။f-22 ဟာ ၁၉၈၀ နောက်ပိုင်းမှာ Advanced Tactical Fighter(အက်ဒဗန့် တက်တစ်ကယ် ဖိုက်တာ) အဆင့်မြင့် ဗျူဟာမြောက်လေယာဉ် ATF အဖြစ် စတင်ခဲ့တာပါပဲ။ATF က ကိုယ်ပျောက်နည်းပညာနဲ့ အလွယ်တကူထိန်းချုပ်နိုင်မှုတို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ပထမဆုံးတိုက်လေယာဉ်ပါ။f-22 ကို လေယာဉ်တင်လေခွင်းဒုံးကျည်အတွက် အဓိက ယန္တရားနှစ်ခုဖြစ်တဲ့ အနည်းဆုံးရေဒါနဲ့ အနီအောက်ရောင် ခြည်ကို ထောက်ပံ့ပေးဖို့ ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပါတယ်။f-22 ရဲ့ ရေဒါ ခရော့ဆက်ရှင်ကို ထုတ်လုပ်သူ Lockheed Martinez(လော့ဟိ မာတင်)ဟာ စတီးနဲ့သင့်လျော်တဲ့ ထောင့်အချို့ကနေ ခန့်မှန်းချေ တွက်ချက်ခဲ့တာပါ။f-22 က ကမ္ဘာ့အင်အားအကြီးဆုံး တိုက်လေယာဉ်ဖြစ်ပါတယ်။ဒါပေမဲ့ ပြိုင်ဘက်နိုင်ငံတွေက အမေရိကန်နဲ့ မဟာမိတ်‌နိုင်ငံတွေကို ယှဉ်ပြိုင်ရန်နှင့် လေ‌ကြောင်းအသာစီးရယူနိုင်ဖို့ စွမ်းဆောင်ရည်တွေ တိုးတက်လာအောင် ကြိုးစားနေကြတာပါပဲ။ဒါကြောင့် Lockheed Martin ဟာ ပိုမိုအဆင့်မြင့်ပြီး အကြမ်းခံတဲ့ f-22 တိုက်လေယာဉ်အစီအစဉ်ကို အမေရိကန် စစ်တပ်နဲ့ လုပ်ဆောင်ဖို့ ရည်မှန်းထားပါတယ်။

အခုလက်ရှိနဲ့ အလားအလာရှိတဲ့ ပြိုင်ဘက်တွေထက် ပိုသာလွန်‌‌ေသာစွမ်းဆောင်ရည်‌တွေနဲ့ ရက်ပ်တာကို ထုတ်လုပ်ဖို့ပါပဲ။f22 ရက်ပ်တာရဲ့စွမ်းဆောင်ရည်တွေက ခြိမ်းခြောက်မှုတွေကို ရှာဖွေထောက်လှမ်းပြီး အနိုင်တိုက်ဖို့ရန်နှင့် အနာဂတ်မှာ ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်ရှင်။

၃။F-35 ကိုယ်ပျောက်တိုက်လေယာဉ်

f-35 lightning II ဟာ တိုက်လေယာဉ်မြန်နှုန်း၊ပေါ့ပါးသွက်လတ်မှုနဲ့ အဆင့်မြင့်ကိုယ်ပျောက်စွမ်းရည်တို့ကို ပေါင်းစည်းထားတဲ့ ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ် ပါ။fused sensor information(ဖျူ့ ဆင်ဆာ အင်ဖော်မေးရှင်း)၊ ကွန်ရက်အထောက်အကူပြုစစ်ဆင်ရေးနဲ့ ကောင်းမွန်တဲ့ခံနိုင်ရည်အား တွေလည်း ပေါင်းစပ်ပါဝင်ပါတယ်ရှင်။လက်ရှိအချိန်ကာလမှာ ကျွန်မတို့ ပဉ္စမမြောက်မျိုးဆက်ရဲ့ ကိုယ်ပျောက်နည်းပညာနဲ့ f-35ဟာ တိုက်ပွဲအတွင်း ဝင်ခွင့်ရစေဖို့  ပေးဆပ်နေရခြင်းပါ။သေစေနိုင်လောက်တဲ့ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်တွေဟာ စတုတ္ထမျိုးဆက်နှင့်ယှဉ်ရင် ပိုပြီးတိုးတက်လာပြီလို့ အမေရိကန်လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် mark welsh(မက်ခ် ဝှက်ရှ်)က ဆိုခဲ့တာပါ။၁၉၉၀ခုနှစ်မှာ အမေရိကန်လေတပ်ရဲ့ တိုက်လေယာဉ်ထုတ်လုပ်မှု တစ်ဝက်လျှော့ချလိုက်ကတည်းက အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့ တိုက်လေယာဉ်တွေဟာ ပိုနည်းလာပြီး သက်တမ်းကြာလာနေပြီ ဖြစ်ပါတယ်။‌‌ေလတပ်မှတိုက်လေယာဉ်တွေရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် နှစ်ဆယ့်ငါးနှစ်ထက်ကို ပိုနေပါပြီ။

ကမ္ဘာပေါ်က များစွာသောစစ်တပ်တွေဟာ သူတို့ရဲ့သက်တမ်းကြာနေပြီ ဖြစ်တဲ့ တိုက်လေယာဉ်တွေကို ခေတ်မီစွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့ လိုအပ်ပါတယ်ရှင်။f-35ကို မဟာမိတ်တိုက်‌‌ေလယာဥ်တွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေအတွက် တီထွင်ထားတာပါ။

၄။ SR-71 blackbird (ဘလက်ဘတ်ဒ့်)

အလျင်မြန်ဆုံးလေယာဉ်အဖြစ်ကျော်ကြားတဲ့ SR-71 ကို ကိုယ်ပျောက်လေယာဉ်အဖြစ် အသိနည်းကြပါတယ်။mach 3.2 နဲ့ ပျံသန်းတဲ့ SR-71 ဟာ ရေဒါပုံရိပ်လျော့စနစ်(ကိုယ်ပျောက်စနစ်)များစွာ ပါဝင်တဲ့ ပထမဆုံးလေယာဉ်တစ်စီး ဖြစ်ပါတယ်ရှင်။၁၉၆၂မှာ စတင်ပျံသန်းခဲ့တဲ့ SR-71 မှာ ကိုယ်ပျောက်စနစ်လေးခု ပါဝင်တာပါပဲ။ပထမဆုံးအနေနဲ့ မျက်နှာပြင်တွေကို ရေဒါလှိုင်းရောင်ပြန်ဟပ်မှုမှ ရှောင်လွဲနိုင်အောင် ဒီဇိုင်းဆွဲထားတာပါ‌။နောက်ပြီးတိုက်တေနီယမ်နဲ့ မတူညီဘဲ ရေဒါစုပ်ယူနိုင်တဲ့ composite(ကွန်ပိုဆိုက်)သဘောတရားကို အ‌ခြေခံပြီး လေယာဉ်ရဲ့ အတောင်ပံ၊အမြီးပိုင်းနဲ့ ကိုယ်ထည်တွေကို composite နဲ့ ပြုလုပ်ထားပါတယ်။တတိယတစ်ခုအ‌နေနဲ့ ကြီးမားတဲ့လေဝင်ပေါက်တွေနဲ့ ဧရာမထပ်ဆင့်လောင်ကျွမ်းတဲ့ j-58 အင်ဂျင်တွေကို လေယာဉ်ကိုယ်ထည်အနီးမှာ တပ်ဆင်ထားတာပါ။စတုတ္ထအချက်အဖြစ် လေယာဉ်မှာပါဝင်တာကတော့ သေးငယ်တဲ့ အိုင်းရွန်းဖာရိုက် သွင်းထားသော အနက်ရောင်ဆေးသား ဖြစ်ပါတယ်ရှင်။တစ်ဂါလံကို ဒေါ်လာ လေးရာကုန်ကျတဲ့ ဆေးသားဟာ SR-71ကို ထင်ရှားတဲ့ အနက်ရောင်ငှက်ပုံစံ ပေါ်လွင်စေပြီး လေယာဉ်ရဲ့ ရေဒါခရော့ဆက်ရှင်ကို လျော့ချပေးတာပါပဲ။

SR-71ရဲ့ ကိုယ်ပျောက်ဒီဇိုင်းအရ သူရဲ့ ရေဒါ‌ခ‌ရော့ဆက်ရှင်ဟာ အရင် f-15 eagleရဲ့ ရေဒါခရော့ဆက်ရှင် စတုရန်းမီတာ တစ်ရာထက်  တစ်ဆယ် စတုရန်းမီတာ လျော့နည်းပါတယ်ရှင်။

၅။Ohio-class nuclear missile submarine(အိုဟိုင်းအို ကလပ် နျူကလိယ မစ်ဆိုင် ဆပ်မရိန်း)

ကိုယ်ပျောက်နည်းပညာကို လေယာဉ်တွေမှာပဲ အသုံးပြုတာမဟုတ်ပါဘူး။ရေငုပ်သဘ်ောတွေမှာလည်း ဒီနည်းပညာတွေ ထည့်သွင်းအသုံးပြုတာဟာဆိုရင် ဆယ်စုနှစ်များစွာ ရှိပါပြီ။ရေငုပ်သဘ်ောတွေထဲမှာ သေစေနိုင်လောက်တဲ့စွမ်းရည်တွေနဲ့ ကိုယ်ပျောက်နည်းပညာပေါင်းစပ်ထားတဲ့ စွမ်းအားအကောင်းဆုံး‌ရေငုပ်သဘော်ကတော့ နျူကလိယစွမ်းအင်သုံး Ohio-class ballistic missile submarine(အိုဟိုင်းအို ကလပ် ဘစ်လစ်စတစ် မစ်ဆိုင် ဆပ်မရိန်း)ပဲ ဖြစ်ပါတယ်ရှင်။Ohio-classနဲ့ ပတ်သက်ပြီး နာမည်ကျော်လုပ်ကြံဇာတ်လမ်းတစ်ခု ဖြစ်နိုင်တဲ့ ဒဏ္ဍာရီကတော့ ဒီရေငုပ်သဘော်ကို ရန်သူဆိုဗီယက်သဘော်နဲ့ ရေငုပ်ထောက်လှမ်းရေးစနစ်တွေက ဘယ်တော့မှ မဖမ်းယူနိုင်ဘူးဆိုတာပါပဲ။၁၈၄၅၀တန်လေးတဲ့ Ohio ရေငုပ်သဘော်ဟာ အမေရိကန်တည်ဆောက်ခဲ့တဲ့ သဘော်တွေထဲမှာ အကြီးဆုံးသဘော်တစ်ခု ဖြစ်ပါတယ်ရှင်။ကိုယ်ပျောက်စနစ်တွေ အဖြစ် ဆူညံသံအနည်းဆုံးနဲ့ မြန်မြန်ရွေ့လျားနိုင်မဲ့ ဆလင်ဒါငါးပုံစံကိုယ်ထည်၊အသံထုတ်လွှတ်တဲ့ကိရိယာကို အသံသီးခြားခွဲပေးတဲ့ အထိုင်ပေါ်မှာ ထားခြင်း၊စီးဆင်းမှုအသံလျှော့ချနိုင်ဖို့ သဘော်ဘေးမှာ အတန်းနှစ်တန်းအနေနဲ့ နျူကလိယဒုံးကျည်ထားတဲ့နေရာတွေက ကိုယ်ထည်နဲ့ အပြိုင် တည်ရှိခြင်း စတာတွေ ပါဝင်တာပါပဲ။သဘော်မှာ ရေနွေးငွေ့တာဗိုင်နှစ်ခုပါဝင်ပါတယ်ရှင်။တစ်ခုကတော့ တိတ်တဆိတ်လည်ပတ်နိုင်ဖို့ပါ။

Ohio submarine ၁၈စီး တည်ဆောက်ခဲ့ပြီး ၁၄ စီးဟာ ballistic missile အဖြစ် တာဝန်ထမ်းဆောင်နေတာပါပဲ။ကျန်တဲ့လေးစီးကတော့ သမာရိုးကျ Tomahawk cruise missile(တွန်မဟွဒ် ခရူး မစ်ဆယ်)တွေနဲ့ လက်နက်အသစ်တပ်ဆင်ထားပါတယ်ရှင်။

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team

Leave a Reply