TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အမေရိကန်စစ်တပ်ကစတင်လိုက်တဲ့လျှို့ဝှက်စီမံကိန်းဖြစ်တဲ့ Icewormစီမံကိန်း

(၁၉၅၈)မှာအမေရိကန်စစ်တပ်ကစတင်လိုက်တဲ့လျှို့ဝှက်စီမံကိန်းဖြစ်
တဲ့Iceworm (အိုက်စ်ဝမ်း)စီမံကိန်းဟာစစ်အေးတိုက်ပွဲအတွက် အစွန့်စားရဆုံးသုတေသနဆိုလည်းမမှားပါဖူး ပရိတ်သတ်ကြီးရေ။

ဘာကြောင့်ဒီစီမံကိန်းကို (အိုက်စ်ဝမ်း)Icewormလို့အမည်ပေးထားရတယ်လို့ထင်ပါသလဲ?စစ်တပ်ရဲ့ အချိန်ယူပြီးလုပ်ခဲ့ရတဲ့မှတ်တမ်းတွေနဲ့ပုံကြမ်းတွေအရ
ရာပေါင်းများစွာသောပဲ့ထိန်းစနစ်နဲ့လိုရာလမ်းကိုပစ်နိုင်တဲ့ဒုံးတွေ
ကိုGreenland (ဂရင်းလန်း)ရဲ့ရေခဲပြင်အောက်မှာဖွတ်ထားဖို့စီစဉ်ထားတဲ့အတွက်
ခုလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။

အာတိတ်ရေခဲပြင်တွေဖုံးလွမ်းထားတဲ့တည်နေရာဟာဆိုရင် ဆိုဗီယက်နိုင်ငံရဲ့အဓိကကုန်းမြေဆီကိုပစ်ဖို့ရည်ရွယ်ထားတဲ့နျူးကလီးယားဒုံးကျည်တွေသိမ်းထားဖို့နေရာကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ရေခဲပြင်ကိုအောက်ခံထားပြီးစခန်းဆောက်လုပ်လိုက်တဲ့စီမံကိန်းဟာ တဖြည်းဖြည်းနဲ့အသက်ဝင်လာခဲ့ပါတော့တယ်။နှစ်ပေါင်း(၁၀၀)နီးပါးအချိန်ယူပြီးသိပ္ပံပညာရှင်တွေသုတေသနပြုထားတဲ့ပံ့ပိုးမှုတွေနဲ့အတူစစ်တပ်ဒီဇိုင်းပုံစံကိုစမ်းသပ်ခဲ့ကြပါတယ်။

အခြေစိုက်စခန်းဟာရေခဲပြင်အလွာကိုဖောက်ပြီးဆောက်ထားတဲ့မြေအောက်လှိုဏ်ခေါင်းရှည်ကြီးတခုပါပြီးစတီးလ်တွေနဲ့ပိုခိုင်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။စစ်စခန်းဟာလူအနည်းဆုံး(၂၀၀)နေနိုင်တဲ့နေရာများပါဝင်ရုံသာမကဘဲ ကိုယ်ပိုင်ဓာတ်ခွဲခန်းများ၊ဆေးရုံနှင့်ဇာတ်ရုံများလည်းပါရှိနေခဲ့တာပါ။ အခုလိုကြီးမားတောင့်တင်းတဲ့အဆောက်အဦးတည်ဆောက်ဖို့အတွက် အဏုမြူဓာတ်ပေါင်းဖိုတစ်ခုလိုအပ်ပါတယ်။

သို့ပေမဲ့ သဘာဝကစွမ်းအင်တွေနဲ့ ဂရင်းလန်း(Greenland)မှာရှိတဲ့အပူအအေးပမာဏဟာတကယ်တော့ခုလိုလုပ်ဖို့အတွက်ရောစပ်လို့ကောင်းတဲ့အရာတော့မဟုတ်ခဲ့ပါဖူး။ရေခဲပြင်မှာရှိနေတဲ့သင်္ဘောတွေဟာလက်နက်တွေသိမ်းထားတဲ့လှိုဏ်ခေါင်းတွေကိုဖွဲ့စည်းတည်ဆောက်ပုံအရပုံမှန်မဟုတ်တော့ဘဲစိတ်မချရတဲ့အခြေအနေကိုရောက်သွားသလိုဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့်မို့(၁၉၆၆)မှာစစ်တပ်ကနေပြီးတော့ စခန်းကိုပိတ်သိမ်းခဲ့ပါတော့တယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext