အမေရိကန်ကဒေါ်လာ၂ဘီလီယံကမ်းလှမ်းသော်လည်းအစ္စရေးနဲ့ဆက်ဆံရေးဘယ်တော့မှအဆင်ပြေမှာမဟုတ်ဟုအင်ဒိုနီးရှားဆို

News

အမေရိကန်က ဒေါ်လာ ၂ ဘီလီယံကမ်းလှမ်းသော်လည်း အစ္စရေးနဲ့ ဆက်ဆံ ရေး ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဟု အင်ဒိုနီးရှားဆို

အမေရိကန်က ဒေါ်လာ ၂ ဘီလီယံကမ်းလှမ်းသော်လည်း အင်ဒိုနီးရှား ထိပ် တန်းလွှတ်တော်အမတ်တစ်ဦးက သူ၏တိုင်းပြည်သည် အစ္စရေးနှင့်ပုံမှန် ဆက်ဆံရေးကိုဘယ်တော့မျှ ပုံမှန်ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှားအောက်လွှတ်တော်အတွင်း ပါလီမန်များအကြား ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာကော်မတီဥက္ကဌ Fadli Zon ကမူ အမေရိကန်သည် အစ္စရေး နှင့်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်အတွက် ၎င်းတို့နိုင်ငံ၏ စီးပွားရေးအခြေ အနေများ တိုးတက်ကောင်းမွန်လာစေရန် ဖိအားများစွာ ပေးခဲ့သည်ဟုဆိုသည်။

Parliamentarians for Jerusalem Association မှကျင်းပသော အစည်းအ ဝေးတွင် Zon က အစ္စရေးအပေါ်ထားရှိသော အမေရိကန်၏ ဘက်လိုက်မှုနှင့် ပါလက်စတိုင်းတို့၏အခွင့်အရေးများကို လျစ်လျူရှုခြင်းတို့ကြောင့် ပါလက်စ တိုင်းတို့၏အခြေအနေမှာ ဆိုးရွားသွားသည်ဟုပြောကြားခဲ့သည်။

Zon က အမေရိကန်သည် အစ္စရေးနှင့်ဆက်ဆံရေးပုံမှန်ဖြစ်အောင် အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများအပေါ် ဖိအားပေးခဲ့သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့ပြီး အင်ဒိုနီးရှားသမ္မတ၊ နိုင်ငံခြားရေး ၀ န်ကြီးနှင့် ပါလီမန်တို့သည် အစ္စရေးနှင့် အတူ ပုံမှန်ဖြစ်ရန်ဟူသော အယူအဆကိုရှင်းရှင်းလင်းလင်း ဆန့်ကျင်ပါ သည်ဟုလည်းဆိုသည်။
အစ္စရေးသည် ပါလက်စတိုင်းနယ်မြေကိုသိမ်းပိုက်ထားသည့် အတွက် ၎င်းနှင့် ဆက်နွယ်မှုများပုံမှန်ဖြစ်ခြင်းသည် အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟုပြောဆိုထားသည်။

ယခုကမ်းလှမ်းမှုကို သဘောတူညီလိုက်ပါက အစ္စရေး၏ ပါလက်စတိုင်းများ အပေါ် ချိုးဖောက်မှုများကို ဆက်လက်အားဖြည့်ရန်နှင့် အခြေချ တည်ဆောက် မှုကို တိုးမြှင့်ရန်အားပေးသကဲ့သို့ ဖြစ်တည်စေသည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

အစ္စရေးနှင့်ပါလက်စတိုင်းအကြား ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းရန်လည်း နိုင်ငံတကာအဖွဲ့အစည်းများကို ဆောင်ရွက်ပေးစေချင်သည်ဟုလည်း ၎င်းကပြောဆိုခဲ့ကြောင်းသိရှိရသည်။

Ref-TNPress
Credit – MyanmarNews24

Leave a Reply