အပြစ်ကင်းပြီး sweet ဖြစ်လွန်းတဲ့သူမရဲ့အလှတရားကြောင့် အားကစားပရိသတ်များရဲ့ချစ်ခြင်းကို ခံနေရတဲ့ လေးပစ်အားကစားသမားမလေး

News Sports

Valentina Acosta Giraldo အမည်ရှိမိန်းကလေးဟာ ရေကူးအားကစားသမားနှင့် ဘောလုံးသမားတစ်ဦးအဖြစ် လူသိများပါတယ်။သို့ပေမယ့် ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်မှာ သူမဟာ မြားပစ်ပြိုင်ပွဲမှာ ယှဉ်ပြိင်ကာ လူအများကြီးကို အံ့အားသင့်စေခဲ့ပါတယ်။ထို့ထက်ပိုကာ သူမ၏ရင်သပ်ရှုမောဖွယ်အလှတရားဟာ ၎င်းအားကစားပြိုင်ပွဲ၌ မီးမောင်းထိုးပြခံခဲ့ရပါတယ်။ Valentina Acosta Giraldo ဟာ ယခုနှစ်မှာ အသက် ၂၁ နှစ်အရွယ်သာရှိပါသေးတယ်။သူမဟာ Colombia နိုင်ငံမှ ပရော်ဖက်ရှင်နယ်မြားပစ်အားကစားသမားတစ်ဦး ဖြစ်ပါတယ်။

Valentina ဟာ လွန်ခဲ့တဲ့ ၂ နှစ်က စပိန်နိုင်ငံ Madrid မြို့မှာ ကျင်းပခဲ့တဲ့ 2019 World Archery Youth Championships မှာ အနိုင်ရခဲ့တာကြောင့် ၎င်းအောင်ပွဲကနေ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်။

အားကစားမိသားစုမှပေါက်ဖွားလာခဲ့တဲ့ Valentina ဟာ ရေကူး ၊ ဘောလုံးနှင့်မြားပစ်စသည့်အားကစားများစွာကို သင်ယူကာကစားခဲ့ပါတယ်။သို့ပေမယ့် သူမဟာ မြားပစ်တဲ့နေရာမှာ အတော်ဆုံးပါ။ပင်ကိုယ်စွမ်းရည်နှင့်ကြိုးစားလေ့ကျင့်မှုတို့ဖြင့် သူမဟာ Colombia အမျိုးသားလေးပစ်အဖွဲ့တွင် နေရာရခဲ့ပါတယ်။

လက်ရှိမှာတော့ Valentina နှင့်သူမရဲ့အသင်းဖော်များဟာ ၂၀၂၁ ခုနှစ်တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေလျက်ရှိကြပါတယ်။အားကစားမှာ passive ဖြစ်တဲ့ သူမရဲ့talent အပြင် Valentina ဟာ သူမရဲ့ချိုမြိန်ပြီးအပြစ်ကင်းတဲ့အလှတရားအတွက် မီးမောင်းထိုးပြခံခဲ့ရပါတယ်။

Valentina ဆီမှာ တကယ်ကို ဆွဲဆောင်မှုရှိတဲ့မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံရှိတာကြောင့် သူမဟာ သတင်းစာများနှင့်လူမှုကွန်ရက်မီဒီယာများမှာ အမြဲဖော်ပြခံလေ့ရှိပါတယ်။လှပတဲ့လေးသမားမလေးဟာ သူမ၏နေ့စဉ်ဓာတ်ပုံများမှတဆင့် သူမရဲ့follower များနှင့်အဆက်အသွယ် အမြဲရှိနေပါတယ်။သူမမှာ Follower 200,000 ကျော်ရှိပါတယ်။

သူမရဲ့အပြစ်ကင်းစင်တဲ့မျက်နှာနှင့်ချိုမြိန်တဲ့အပြုံးအပြင် Valentina မှာ သင့်ရဲ့အသက်ရှုနှုန်းကိုတောင် ရပ်တန့်ပစ်နိုင်တဲ့ hotဖြစ်တဲ့ခန္ဓာကိုယ်အချိုးအစားလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Valentina ဟာ မကြာခင်က လူကြိုက်များလာခဲ့ပြီး အားကစားသတင်းစာများစွာနှင့်အတူ အင်တာဗျူးလုပ်ရန် ကမ်းလှမ်းခံခဲ့ရပါတယ်။

သူမဟာ လေးပစ်ခြင်းကို အကြောင်းပြုပြီး World Archery Sport နှင့် Jionခဲ့ပေမဲ့ ၎င်းမတိုင်မီမှာ သူမဟာ စာအုပ်ဖတ်ခြင်းကိုပါ ဝါသနာပါခဲ့ပါတယ်။

သူမဟာ ဒီအားကစားကို စစလုပ်တဲ့အချိန်မှာဘဲ သူမရဲ့တကယ့်ဝါသနာကို တွေ့ရှိခဲ့ရပါတယ်။လက်ရှိမှာတော့ Valentina ဟာ သူမရဲ့အလှအပနဲ့အရည်အချင်းတွေကြောင့် အားကစားပရိတ်သတ်တွေနဲ့အိုလံပစ်ပရိတ်သတ်တွေရဲ့အာရုံစိုက်မှုနဲ့ချစ်ခြင်းမေတ္တာများကို အပြည့်အဝ ရရှိနေပါတယ်။

Mia (KBdailynews)

Reference : everytruenews24

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply