TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အထူးတပ်ဖွဲ့ဖွဲ့စည်းရန် ၁၉၅၀လောက်ကဆုံးဖြတ်ခဲ့ကြ၍ဖြစ်ပေါ်လာသော black storks

၁၉၅၀လောက်မှာ ပါကစ်စတန်ဟာသူတို့ကိုယ်ပိုင် အထူးတပ်ဖွဲ့ ဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ဗြိတိန်နဲ့ အမေရိကန်ပြီးရင် အထူးတပ်ဖွဲ့ကို သရုပ်ပြခဲ့တဲ့နိုင်ငံပါ ခုချိန်မှာတော့ အဲ့အထူးတပ်ဖွဲ့ဟာ သူတို့ဆောင်းတဲ့ခေါင်းဆောင်းကြောင့် အနက်ရောင်ငှက်ကြားအဖွဲ့လို့ သိကြပြီး ပါကစ်စတန်ရဲ့ ထိပ်သီးစစ်တပ်တစ်ဖွဲ့ ဖြစ်နေပါပြီ။

ပါကစ်စတန်ရဲ့ လျှိ ဝှက်အထူးတပ်ဖွဲ့ဟာ ကမ္ဘာတစ်ဝန်း အထင်ကြီး စရာကောင်းလောက်တဲ့ တပ်ဖွဲ့ စာရင်းမှာ အမြဲလိုလို ထိပ်မှာပဲရပ်တည်နေခဲ့တာပါ။ ပရိတ်သတ်ကြီးမျှော်လင့်ထါးသလိုပဲ Training ကတော်တော်လေးခက်ခဲပါတယ်။

တပ်သားသစ်လေးယောက်မှာတစ်ယောက်လောက်သာ အဆုံးထိအောင်မြင်လောက်အောင် ခက်ခဲလွန်းတာပါ သူတို့ ပထမဆုံးကတိသစ္စာခံရတုန်းက လက်မကိုဖျက်ပြီး သူတို့ရဲ့သွေး*နဲ့ သဘောတူညီချက်ကိုတံဆိပ်ထုရပါတယ်။

ပြော ရတာတောင် ကျောချမ်းစရာပါ။ သူတို့ရဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးထဲကတစ်ခုကတော့ လေယာဉ်ပေါ်ကနေ မတူညီတဲ့အမြင့်အသီးသီးကနေခုန်ချရတာပါ။

အမြင့်ကြောက်တယ်ဆိုတာကတော့ ဒီစစ်သားတွေကြုံတွေ့ရတဲ့ အလွယ်ဆုံးအရာလို့တောင်ပြောလို့ရပါတယ် ပါကစ္စတန်ရဲ့ နေရာဒေသမရွေးကို သွားလာနိုင်ဖို့ လျှို့ဝှက်အထူးတပ်ဖွဲ့ဟာ ကန္တာရကစလို့ တောတောင်နေရာမျိုးစုံအတွက် စစ်ဆင်ရေးတွေ ပြင်ဆင်ထားကြရတာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext