မိဘတိုင်းကတော့ ကိုယ့်သားသမီးများရဲ့ လိုအပ်ချက်လေးတွေကို အရိပ်တကြည့်ကြည့်ကြည့်ရင်း ထုတ်မပြောလည်း အလိုက်သိစွာ ဖြည့်ဆည်းပေးတတ်ကြသည်။
သို့ဖြစ်၍ ဘရာဇီးလ်နိုင်ငံမှ အသက်၃၇နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ထိုအသက်အရွယ်ထိ သူငယ်ချင်းမရှိ ချစ်သူရည်းစားလည်းမရှိနဲ့ အမြဲစိတ်ဓာတ်ကျပြီး အထီးကျန်သလိုခံစားနေရတာကို မိခင်ဖြစ်သူကမြင်ပြီး စိတ်မကောင်း၍ အဖော်တစ်ယောက်ရှာပေးခဲ့သည်။
မိခင်ဖြစ်သူသည် Marceloအမည်ရှိ အရုပ်လေးတစ်ရုပ်ကို ချုပ်ကာ သမီးဖြစ်သူအတွက် အဖော်ရအောင်ပေးခဲ့ရာ သမီးလေးမှတစ်လလောက်အကြာတွင် အရုပ်လေးကိုချစ်မိသွား၍ အရုပ်နဲ့လက်ထပ်ပေးဖို့ တောင်းဆိုခဲ့သည်။
ထိုအခါ မိခင်ဖြစ်သူသည် သမီးလေးရဲ့စိတ်ကျေနပ်ဖို့ကအရေးကြီးတာကြောင့် ဧည့်သည်အယောက်၂၀၀လောက်နဲ့ လက်ထပ်ပွဲလေးကျင်းပပေးကာ ဟန်းနီးမွန်းလေးပါ ထွက်စေပြီး လက်ရှိမှာတော့ အမျိုးသမီးသည် အရုပ်ကလေးငယ်တစ်ရုပ်ကိုပါ ချုပ်လုပ်ခိုင်းပြီး သူတို့ဇနီးမောင်နှံရဲ့ သားသမီးအဖြစ် သတ်မှတ်ထားလျက်ရှိသည်။
1.
2.
Rain (For Ialinks)
Unicode
Rain (For Ialinks)
Crd