အစ္စရေးသင်္ဘော ပေါက်ကွဲမှုနောက်ကွယ်တွင် အီရန် ရှိနေနိုင်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြားပြီးခဲ့သည့် ရက်ပိုင်းက အိုမန် ပင်လယ်ကွေ့တွင် အစ္စရေးပိုင် သင်္ဘောတစ်စီးပေါက် ကွဲခဲ့မှုနောက်ကွယ်တွင် အီရန်ရှိနေနိုင်သည်ဟု ယုံကြည်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ် ကပြောကြားခဲ့သည်။

မော်တော်ယာဉ်များတင်ဆောင်သည့် MV Helios Ray အမည်ရှိ အစ္စရေးပိုင် သင်္ဘောသည် ဆော်ဒီ ဆိပ်ကမ်း ဒမ်မမ် မှ စင်ကာပူသို့ သွားရောက်စဉ် ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ပင်လယ် ရေကြောင်းလုံခြုံရေးအဖွဲ့ Dryad Global က ပြောကြားခဲ့သည်။“ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ သင်္ဘောရဲ့ တည်နေရာက အီရန်နိုင်ငံရဲ့ အနီးမှာဖြစ်ပါ တယ်။ အဲဒါကြောင့် ဒီပေါက်ကွဲမှုဟာ အီရန် ရဲ့ တာဝန်ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမိုမြင့်တက်စေပါတယ်။ ဒါပေမယ့် ဒါကို အတည်ပြုရဦးမှာဖြစ်ပါတယ်” ဟု ဂန့်ဇ်က အစ္စရေး နိုင်ငံပိုင် ရုပ်သံတွင် ပြောကြားခဲ့ သည်။“လက်ရှိမှာတော့ ကနဦးသုံးသပ်မှုတွေ အရ အီရန်ကို ထည့်သွင်းစဉ်းစားထားပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဆက်စပ်စဉ်းစား မှုတွေလည်းပြုလုပ်နေပါတယ်”ဟု ဂန့်ဇ်က ပြောကြားခဲ့သည်။Helios Ray သင်္ဘောကိုပိုင်ဆိုင်သည့် အစ္စရေးစီးပွားရေးလုပ်ငန်းရှင် ရာမီ အန်ဂါကမူ ပေါက်ကွဲမှုကြောင့် သင်္ဘောသားများ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ သင်္ဘောအင်ဂျင်လည်း ပျက်စီးမသွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။“ပေါက်ကွဲမှုကြောင့် သင်္ဘောကိုယ်ထည်မှာ ၁ မီတာလောက်ရှိ တဲ့ အပေါက်တစ် ပေါက်နဲ့ မီတာဝက် လောက်ရှိတဲ့ အပေါက် တစ်ပေါက်ဖြစ်သွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှု ဟာ ဒုံးကျည်ပစ်ခတ်မှုကြောင့်လည်း ဒါမှမ ဟုတ် သင်္ဘောမှာမိုင်းတွေထောင်ပြီး ဖောက်ခွဲမှုကြောင့်လားဆိုတာကိုတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး”ဟု အန်ဂါက ပြော ကြားခဲ့သည်။ထို့ပြင် ယင်းဖြစ်စဉ်သည် အီရန်နှင့် အမေရိကန်ကြားတင်းမာမှုများနှင့် သက်ဆိုင် ခြင်းရှိ၊ မရှိ ကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။Dryad Global အဖွဲ့၏ ခန့်မှန်းချက် အရ ယင်းဖြစ်စဉ်၏နောက်ကွယ်တွင်အီရန် ရှိနေနိုင်ကြောင်းနှင့် အစ္စရေးနှင့် အီရန်ကြား ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေမှုကို ထောက်ပြခဲ့သည်။
“အစ္စရေးနဲ့ အီရန်ကြား တင်းမာမှုတွေ ဟာ မြင့်တက်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အီရန်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရ ကြားပြန်လည်သင့်မြတ်မယ့် လက္ခဏာတွေ ရှိနေချိန်မှာ အစ္စရေးနဲ့ အီရန်ကြားတင်းမာမှု တွေမြင့်တက်နေပါတယ်” ဟု Dryad က ပြောကြားခဲ့သည်။ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် MV Helios Ray သင်္ဘောသည် မူလထွက်ခွာခဲ့ သည့်ဆိပ်ကမ်းကို ပြန်လည်ဆိုက်ကပ်ခဲ့ပုံပေါ် သည်ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။ပြီးခဲ့သည့် သီတင်းပတ် ငါးပတ်ကမှ သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့သည့် ဘိုင်ဒင် သည် အီရန်၏ နျူကလီးယားသဘောတူညီ မှုကို ပြန်လည်အသက်သွင်းရန် အီရန်အစိုးရ နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရေး အတွက် တံခါးဖွင့်ထားခဲ့သည်။
ဘိုင်ဒင်မတိုင်မီ ဒေါ်နယ်ထရန့်လက် ထက်တွင် အီရန်နျူကလီးယားသဘောတူညီ မှုမှ နုတ်ထွက်ခဲ့သဖြင့် ယင်းသဘောတူညီမှု မှာ ပျက်ပြယ်ရန်နီးစပ်နေချိန်တွင် ဘိုင်ဒင် အစိုးရအဖွဲ့က ဥရောပမဟာမိတ်များ၏ဦး ဆောင်မှုနှင့်အတူ အီရန်နှင့် ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။လက်ယာယိမ်း ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သည့် အစ္စရေးအစိုးရကမူ အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ကြား ညှိနှိုင်းခဲ့သည့် ၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူညီချက်ကို ဆန့်ကျင်ကန့် ကွက်ခဲ့သည်။
News-Eleven