အစ္စရေးဝန်ကြီးချုပ်နှင့်စကားပြောနေစဉ် အမေရိကန်သမ္မတဘိုင်ဒန်အိပ်ငိုက်နေ

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲဝင်များ တိုက်ခိုက်ခံမှုနှင့် ပတ်သက်၍ ရှုချပြစ်တင်ခံနေရသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အစ္စရေးဝန်ကြီးချုပ် နက်ဖတလီဘန်းနက်နှင့် တွေ့ဆုံဆွေးနွေးနေစဉ် အိပ်ပျော်နေသောကြောင့် တွစ်တာတွင် “Sleepy Joe” (သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပေးခဲ့သည့် နာမည်ပြောင်) ဟူ၍ ဝိုင်းဝန်းလှောင်ပြောင်နေကြ။

သမ္မတဖြစ်ခါစက လေယာဉ်ပေါ်အတက်တွင် ချော်လဲခြင်း၊ ယခုအစည်းအဝေးတွင် အိပ်ပျော်နေခြင်းတိုကြောင့် သမ္မတဂျိုးဘိုင်ဒန်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေသည် မေးခွန်းထုတ်စရာဖြစ်နေပြီဟု အမေရိကန်ပြည်သူများမှပြောကြားခဲ့ပေသည်။
Crd..khekcaihmedia
Crd..khekcaihmedia