ခရစ်စမတ်ညကအစ္စရေးလူနေရပ်ကွက်တစ်ခုကိုပစ်ခတ်ခံရ

Militarily News

ခရစ်စမတ်ညကအစ္စရေးလူနေရပ်ကွက်တစ်ခုကိုဒုံးကျည်၂စင်းဖြင့်ပစ်ခတ်ခံရ
စိတ်ဆိုးနေသော အစ္စရေးလေယာဉ်အုပ်လိုက်ကြီးက ညတွင်းချင်း ပျံတက်ဗုံးသွားကြဲ
အစ္စရေးနိုင်ငံ Ashkelon ဟုအမည်ရသည့် လူနေရပ်ကွက်ဆီသို့ ခရစ်စမတ်ညက ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။
သို့သော် အစ္စရေးတို့၏ နာမည်ကျော် Iron Dome စနစ်က အဆိုပါဒုံးကျည် ၂ စင်းစလုံးအပေါ် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သဖြင့် အစ္စရေးပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းတော့မရှိပေ။

အစ္စရေးတို့အနေဖြင့် အဆိုပါတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာကို စုံစမ်းထောက်လှမ်းစစ်ဆေးရာ ဂါဇာကမ်းမြှောင်အရှေ့ဘက်မှ လာသည်ကို သိရှိရသည့်အတွက် တိုက်လေယာဉ်များအုပ်လိုက်စေလွှတ်ကာ ၎င်းဒေသ၌ တည်ရှိသည့် ပစ်မှတ် မှတ်ပုံတင်ထားသော ဟားမက်စ်တို့၏ လက်နက်ထုတ်လုပ်ရေးနေရာနှင့် စစ်ရေးဆိုင်ရာအဆောက်အဦများအပေါ် ဗုံးကြဲ၍ တုံ့ပြန်မှုပြုခဲ့သည်ဟု သိရှိရသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့တော်၏ ရပ်ကွက်များ၌ မီးအားအကြီး အကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည်။ သို့သော် ဒေသဆေးဘက်ဆိုင်ရာ အဖွဲ့ကမူ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ပုံ(၁) အစ္စရေး Iron Dome စနစ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပုံ

ပုံ(၂) အစ္စရေးတိုက်လေယာဉ်များအုပ်လိုက်ဗုံးကြဲမှုကြောင့် မီးလောက်ပျက်စီးနေပုံ

Ref-AMN
Credit – MyanmarNews24

Leave a Reply