ရုရှားသတင်းဌာနအချို့ရဲ့ အဆိုအရ အစ္စရေးဟာ ပြီးခဲ့တဲ့(၃)ရက်ခန့်က အိုမန်ပင်လယ်ကွေ့အတွင်း ၎င်းတို့ရဲ့စီမန်ခန့်ခွဲမှုအောက်က ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကို လက်တုန့်ပြန်ဘို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အလားတူ အီရန်ဘက်ကလည်း အစ္စရေးတို့ရဲ့အက်ဖ်၃၅တိုက်လေယာဉ်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဘို့ရန်အတွက် နိုင်ငံရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို

အမြင့်ဆုံးအနေအထားနဲ့ တပ်လှန့်ထားတယ်လို့ ရုရှားသတင်းဌာနတစ်ချို့ကို ကိုးကားပြီး ဘူးဂေရီးယမ်းမီလီထရီဒေါ့စ်ကွန်းက သတင်းရေးသားလိုက်ပါတယ်။ တကယ်လို့ နှစ်နိုင်ငံအကြား ရုတ်တရက်စစ်ပွဲလာမည်ဆိုရင် အစ္စရေးက အမေရီကန်ဆီကနေ ရရှိထားတဲ့ အက်ဖ်၃၅နဲ့ တိုက်ခိုက်လာဘွယ်ရှိတယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ အဲဒီလိုသုံးလာမယ်ဆိုရင် အီရန်ကလည်း ရုရှားထုတ်

အက်စ်၃၀၀လေကြောင်းရန်ကာကွယ်ရေးတွေနဲ့ တုန့်ပြန်မှာဖြစ်တာကြောင့် ရုရှားဘက်ကလည်း အနီးကပ်စောင့်ကြည်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ သတင်းထောက် Lazar Bermanကတော့ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုကို အမေရီကန် ဗြိတိန်ရော အစ္စရေးဘက်ကပါ စစ်ရေးနဲ့ လက်တုန့်ပြန်တာတော့ လုပ်ဘို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အဲဒီအစား အစ္စရေးဟာ သံတမန်လမ်းကြောင်းကနေ

အီရန်ကို တုန့်ပြန်ဘို့ အပြင်းအထန် ကြိုးစားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ (၃)ရက်ခန့်က အိုမန်ပင်လယ်ကွေ့မှာ ဂျပန်နိုင်ငံက ပိုင်ဆိုင်ပြီး အစ္စရေးကစီမံခန့်ခွဲတဲ့ ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရကာ နှစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးကလည်း အမေရီကန်နဲ့ ဗြိတိန်နိုင်ငံသားတွေဖြစ်တာကြောင့် ဒီတင်းမာမှုက လွယ်လွယ်နဲ့တော့ လျော့ကျသွားဘွယ်မရှိဘူးလို့ဘဲ ဆိုရလိမ့်ထင်မိပါတယ်။
crd-ဉာဏလွင်
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
အစ္စရေးက အီရန်ကို လေကြောင်းကနေ တိုက်ခိုက်ဘွယ်ရှိနေဟု သတင်းများထွတ်ပေါ်နေပြီး အီရန်ကလည်း လေကြောင်းရန်ကာကွယ်ရေးတပ်များကို တပ်လှန့်ထားဟုဆို



crd-ဉာဏလွင်