အစ္စရေး- ပါလက်စတိုင်းနယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတိုက်လေ ယာဉ်တွေဟာ သြဂုတ် ၂၁ ရက်နေ့က ဂါဇာဒေသရှိ ဟားမက်စ် စစ်သွေးကြွအုပ်စုတွေရှိတဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။

နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်အတွင်း အစ္စရေးစစ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ပါလက်စတိုင်းလူမျိုး ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးကို ထောက်ခံသူ အုပ်စုတွေနဲ့ ဟားမက်စ်စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ ပူးပေါင်းပြုလုပ်တဲ့ ဆန္ဒပြပွဲစဉ်အတွင်း အစ္စရေးလုံခြုံ ရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဒဏ်ရာရတာတွေဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းက အစ္စရေး- ပါလက်စတိုင်းတို့ ၁၁ ရက်ကြာဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကို မကျေနပ်တဲ့ အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြောင်း၊ ပါလက်စတိုင်း ရာချီဟာ ဂါဇာကမ်းမြောင်ဒေသ၊ နယ်စပ်ဒေသမှာ စုရုံးဆန္ဒပြခဲ့ပြီး ဆန္ဒပြသူအချို့ဟာ နယ်စပ်ဒေသ အတားဆီးတွေကို ကျော်ဖြတ်ကာ အစ္စရေး စစ်တပ်ကို ပေါက်ကွဲစေတဲ့အရာတွေနဲ့ ပစ်ပေါက်တာမျိုးတွေရှိခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ဆိုပါတယ်။
ပါလက်စတိုင်းဘက်က ဒဏ်ရာရသူတွေအနက် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်၂ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမျိုးရှိပြီး ကျောကုန်း၊ လက်တွေနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

အစ္စရေးစစ်ဘက်ဟာ နယ်စပ်ဒေသရှိ စစ်သားတွေနဲ့ ပစ်ခတ်ခံရတာတွေနဲ့ပတ်သက်ပြီး ပါလက်စတိုင်းကို တုံ့ပြန် တိုက်ခိုက်ခဲ့ရာ ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့ပိုင်ဆိုင်တဲ့ လက်နက် ထုတ်ရေးအဆောက်အဦး၊ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။
အဆိုပါဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုအရေအတွက် ကို အသေးစိတ်သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
လက်ရှိအချိန်မှာ အစ္စရေး စစ်ဘက်ဟာ ဂါဇာ နယ်စပ်ဒေကို အစ္စရေးတပ်ဖွဲ့တွေ ထပ်မံစေလွှတ်ခဲ့တဲ့အပြင် နယ်စပ်ဒေသမှာ Iron Dome ဒုံးကျည် ကာကွယ်ရေ းစနစ်တွေ ပိုမိုဖြန့်ချထားတယ်လို့သိရပါတယ်။
credit

zawgyi
အစၥေရး- ပါလက္စတိုင္းနယ္စပ္ေဒသမွာ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးတိုက္ေလ ယာဥ္ေတြဟာ ၾသဂုတ္ ၂၁ ရက္ေန႔က ဂါဇာေဒသရွိ ဟားမက္စ္ စစ္ေသြးႂကြအုပ္စုေတြရွိတဲ့ေနရာေတြကို ဗုံးၾကဲ တိုက္ခိုက္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
နယ္စပ္ေဒသမွာ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခ်ိန္အတြင္း အစၥေရးစစ္သား ၁၄ ဦး ဒဏ္ရာရရွိခဲ့ကာ ပါလက္စတိုင္းလူမ်ိဳး ၄၁ ဦး ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။
ပါလက္စတိုင္းလြတ္ေျမာက္ေရးကို ေထာက္ခံသူ အုပ္စုေတြနဲ႔ ဟားမက္စ္စစ္ေသြးႂကြ အဖြဲ႕ကို ေထာက္ခံသူ ပူးေပါင္းျပဳလုပ္တဲ့ ဆႏၵျပပြဲစဥ္အတြင္း အစၥေရးလုံျခဳံ ေရးတပ္ဖြဲ႕ေတြနဲ႔ ပါလက္စတိုင္းတို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ဒဏ္ရာရတာေတြျဖစ္ခဲ့တာပါ။
ၿပီးခဲ့တဲ့ ေမလပိုင္းတုန္းက အစၥေရး- ပါလက္စတိုင္းတို႔ ၁၁ ရက္ၾကာျဖစ္ခဲ့ရတဲ့ ပဋိပကၡေတြကို မေက်နပ္တဲ့ အတြက္ ပါလက္စတိုင္းေတြ ဆႏၵျပခဲ့ေၾကာင္း၊ ပါလက္စတိုင္း ရာခ်ီဟာ ဂါဇာကမ္းေျမာင္ေဒသ၊ နယ္စပ္ေဒသမွာ စု႐ုံးဆႏၵျပခဲ့ၿပီး ဆႏၵျပသူအခ်ိဳ႕ဟာ နယ္စပ္ေဒသ အတားဆီးေတြကို ေက်ာ္ျဖတ္ကာ အစၥေရး စစ္တပ္ကို ေပါက္ကြဲေစတဲ့အရာေတြနဲ႔ ပစ္ေပါက္တာမ်ိဳးေတြရွိခဲ့တယ္လို႔ အစၥေရးစစ္ဘက္က ဆိုပါတယ္။
ပါလက္စတိုင္းဘက္က ဒဏ္ရာရသူေတြအနက္ အသက္ ၁၃ ႏွစ္အရြယ္ ကေလးတစ္ဦး အပါအဝင္၂ ဦးမွာ စိုးရိမ္ရတဲ့အေျခအေနမ်ိဳးရွိၿပီး ေက်ာကုန္း၊ လက္ေတြနဲ႔ ဝမ္းဗိုက္တို႔မွာ ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့တယ္လို႔ ဂါဇာေဒသ က်န္းမာေရးဝန္ႀကီးက ဆိုပါတယ္။
အစၥေရးစစ္ဘက္ဟာ နယ္စပ္ေဒသရွိ စစ္သားေတြနဲ႔ ပစ္ခတ္ခံရတာေတြနဲ႔ပတ္သက္ၿပီး ပါလက္စတိုင္းကို တုံ႔ျပန္ တိုက္ခိုက္ခဲ့ရာ ဂါဇာေဒသရွိ ဟားမက္စ္အဖြဲ႕ပိုင္ဆိုင္တဲ့ လက္နက္ ထုတ္ေရးအေဆာက္အဦး၊ ေနရာေတြကို ဗုံးၾကဲတိုက္ခိုက္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္က ေျပာပါတယ္။
အဆိုပါဗုံးၾကဲ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ ထိခိုက္ဒဏ္ရာရသူအေရအတြက္နဲ႔ ပ်က္စီးဆုံးရႈံးမႈအေရအတြက္ ကို အေသးစိတ္သတင္းထုတ္ျပန္တာမ်ိဳးေတာ့ မရွိေသးပါဘူး။
လက္ရွိအခ်ိန္မွာ အစၥေရး စစ္ဘက္ဟာ ဂါဇာ နယ္စပ္ေဒကို အစၥေရးတပ္ဖြဲ႕ေတြ ထပ္မံေစလႊတ္ခဲ့တဲ့အျပင္ နယ္စပ္ေဒသမွာ Iron Dome ဒုံးက်ည္ ကာကြယ္ေရ းစနစ္ေတြ ပိုမိုျဖန႔္ခ်ထားတယ္လို႔သိရပါတယ္။
credit