အစ္စရေးရေငုတ်သင်္ဘောတစ်စင်း စူးအက်စ်တူးမြောင်းကိုဖြတ်သန်းပြီး ပင်လယ်ကွေ့အတွင်းဝင်ရောက်သွားကြောင်း အီဂျစ်အတည်ပြု၊ မျဉ်းနီလိုင်းမဖြတ်ကျော်ရန် အမေရီကန်နဲ့ အစ္စရေးကို အီရန်သတိပေး
ပီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပဲ့ထိန်းဒုံးတွေနဲ့ ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အစ္စရေးရေငုတ်သင်္ဘောတစ်စင်းဟာ စီးအက်တူးမြောင်းကို ဖြတ်သန်းကာ ပင်လယ်ကွေ့ဆီဦးတည်ခုတ်မောင်း

သွားခဲ့တယ်လို့ အီဂျစ်ဘက်က အတည်ပြုပြောဆိုလိုက်ပါတယ်။ အစ္စရေးဘက်က ပင်လယ်ကွေ့ကို ရေငုတ်သင်္ဘောစေလွှတ်လိုက်တာဟာ အီရန်တပ်မတော်မရဲ့ အလွှာပေါင်းစုံ ပေါင်းစပ်ထားတဲ့ ကြီးမားတဲ့လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းလုပ်ဆောင်အပြီးမှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အစ္စရေးရေငုတ်သင်္ဘောတစ်စင်း အခုလို မဟာဗျူဟာအရ အချက်အချာကျတဲ့ စူးအက်တူးမြောင်းကို ဖြတ်သန်းကာ ပင်လယ်ကွေ့ဆီ ဦးတည်ခုတ်မောင်းသွားချိန်မှာ အမေရီကန်ရေတပ်ရဲ့ USS Georgiaပဲ့ထိန်းဒုံးကျည်တင် ရေငုတ်သင်္ဘောအပါအဝင် USS Port Royal နဲ့ USS Filipine စစ်သင်္ဘောတွေကလည်း ဒေသတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ အစ္စရေးရဲ့ ရေငုတ်သင်္ဘောစေလွှတ်ခြင်းဟာ အမေရီကန်နဲ့ ဆက်စပ်နေပြီး အီရန်ကို သတိပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်း အမေရီကန်ဟာ အီရန်ရဲ့ တိုက်ခိုက်လာမှုတွေကို လက်တုန့်ပြန်နိုင်ဘို့ရန်အတွက် နျူးကလီးယားဗုံးသယ်ဆောင်နိုင်တဲ့ မဟာဗျူဟာမြောက်
B-52ဗုံးကြဲလေယာဉ်ကြီးနှစ်စင်းကို အရှေ့အလယ်ပိုင်းဆီ စေလွှတ်ခဲ့ပါသေးတယ်။ အခုနလော ဒေသတွင်းမှာ အီရန်+အမေရီကန် အစ္စရေးတို့ကြားက ဆက်ဆံရေးတွေဟာ အီရန်နျူးကလီးယား သိပ္ပံပညာရှင်အသတ်ခံရခြင်း၊ အီရက်ရှိ အမေရီကန်သံရုံး တိုက်ခိုက်ခံရခြင်းနဲ့ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးမြှင့်လာနေတာတွေက တင်းမာမှုတွေကို ပိုမိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။

အီရန်ဘက်ကတော့ အစ္စရေးနဲ့ အမေရီကန်ကို သူတို့သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းနီကိုဖြတ်သန်းခြင်းမပြုဘို့ သတိပေးလိုက်ပြီး တစ်စပ်တည်းမှာ အီရန်စစ်တပ်ဟာ ကျူးကျော်လာသူတွေကို ခုခံတိုက်ခိုက်ဘို့လည်း အသင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။
မောင်ဉာဏ်မင်း (ဆားလင်းကြီး)