အစ္စရေးကဒုံးကျည်ကာကွယ်ရေးစနစ်တွေကို Eilat မြို့၏ တောင်ဘက်၌တပ်ဖြန့်

Militarily News

အစ္စရေးက ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို Eilat မြို့၏ တောင်ဘက်၌တပ်ဖြန့်

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များကို Eilat မြို့၏ တောင်ဘက်၌ တပ်ဖြန့်လိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။ အထူးသဖြင့် ဗိုလ်ချုပ် Qasem Soleimani ကိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ တိုက်ခိုက်လာနိုင်မှုများကို ကြိုတင်အကွက်မြင်၍ တပ်ဖြန့်ချထားလိုက်ခြင်းလည်းဖြစ်သည်။

ထွက်ပေါ်လာသည့် သတင်းများအရ Patriot စနစ်နှင့် Iron Dome လေကာစနစ်များကို တပ်ဖြန့်ခဲ့ခြင်းဖြစ်ပြီး ၎င်းစနစ်များသည် တာတိုပစ်ဒုံးကျည်စနစ်များ၏ အန္တရာယ်မှကာကွယ်နိုင်မည်ဖြစ်သည်။

အီရန်နှင့် အီရတ်နှင့်ဆီးရီးယားရှိ ၎င်း၏ proxy တပ်ဖွဲ့များအပါအဝင် နိုင်ငံခြားရန်သူများ၏ ခြိမ်းခြောက်မှုများကိုတားဆီးရန် အတွက် မြေပြင်အခြေစိုက်လေကြောင်းကာကွယ်ရေးကိုတည်ထောင်ရန် အစ္စရေးက ဆောင်ရွက်လိုက်ခြင်းလည်းဖြစ်ပေသည်။

အစ္စရေးသတင်းမီဒီယာများအရ အီရန်ဗိုလ်ချုပ်ကြီးအားသတ်ဖြတ်မှု၏ ပထမနှစ်ပတ်လည်အပြီး၌ တပ်ဖြန့်မှုဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် တီဟီရန်၏ထိပ်တန်းစစ် ဦး စီးချုပ်၏လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်ရန် လွန်ခဲ့သော ၁ နှစ်ကျော်ကတည်းက ကြိုးစားနေခြင်းလည်းဖြစ်ပေသည်။

Ref-AMN
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply