အစိုးရဝန်ထမ်း အရာရှိတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို အငြိမ်းစားပင်စင် အသက် (၇၀) အထိ တိုးမြှင့်

အစိုးရဝန်ထမ်းအရာရှိတွေနဲ့ အရေးကြီး အုပ်ချုပ်ရေးတာဝန်ယူရသူတွေရဲ့ အငြိမ်းစားယူရမဲ့ အသက်ကို ၇၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မနေ့က ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့ ဖတ်ရတယ်။
ဒါမို့ သက်ပြည့်ပင်စင်အသက် ၆၂ နှစ်ပြည့်ပြီးသော်လည်း.. ထိုင်ခုံနေရာလေးပျောက်မှာ စိုးရိမ်သူတွေ၊ လုပ်ပိုင်ခွင့်လေးဆုံးရှုံးသွားမှာ ကြောက်နေသူတွေ နဲ့ ပြင်ဆင်ချိန်ပေးတဲ့ ခံစားခွင့် ၄ လကိုတောင် မယူချင်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်လိုကြောင်း ဂဒီးဂဒီးလျှောက်လွှာတင်နေကြရသူတွေအတွက်.. သတင်းကောင်းပါ။ ဒါပေမယ် ဒီမှာတော့ မဟုတ်ဘူး၊ ရုရှားမှာပါ။ ဒီမှာလည်း အလားတူလေးဖြစ်အောင် ဆုတောင်းကြပါ၊ ဆရာတပည့်အကြံတူတွေဆိုတော့ ဖြစ်လာမှာပါ။ အားမငယ်ကြပါနဲ့။
ခုတောင် ဆရာလုပ်သလို ဟိုကတပည့်က လိုက်လုပ်တာနေမှာပါ။ ပင်စင်လည်းယူ သင်းချိုင်းကုန်းလည်းတစ်ခါတည်း သွားလို့ရကြတာပေါ့။ လူ့ဘဝတစ်ခါဖြစ်တာ လခစားလုပ်ဖို့၊ ပြည်သူ့ဘဏ္ဍာကို စိတ်ကြိုက်ချယ်လှယ်ခွင့်ရဖို့ဘဲ ရည်ရွယ်ထားသူတွေအတွက် အသင့်တော်ဆုံးပါ။ ငါမအိုသေး လုပ်နိုင်သေးတယ် ပြည်သူ့ဘဏ္ဍာ စိတ်တိုင်းကြချယ်လှယ်နိုင်တဲ့ ဌာနကြီးမှူးများကတော့ မျိုးဆက်သစ်နေရာပေးဖို့ဆိုတာ မေ့ကြမှာအသေချာဘဲ။ (Thanphyo Naing)
မှတ်ချက်။ ။ရိုးသားပြီး တိုင်းပြည်အပေါ် သစ္စာစောင့်သိသော ပြည်သူ့ဝန်ထမ်းများအား မပြောလိုပါ။
မြန်မာတွေအတွက်ကတော့ ဆေးပညာရှုဒေါင့်ကကြည့်လျင် အသက် ၆၀ ပင်စင်နားတာ သင့်ပါတယ်.. ခန္တာဗေဒ သသောအရ မြန်မာလူမျိုးတွေဟာ အသက် ၆၀ ကျော်လျင် မသန်တော့ဘူး.. အရိုးဆက်တွေ ခါးဆစ် ဒူးဆစ် တထောင်ဆစ် အဆက်ကို ထောက်ထားတဲ့ အရွတ်ဖတ် (စက်ပစ္စည်းမှာဆို အဝိုင်းစိ ) တွေဟာ ခြောက်ခမ်းလာပြီး ပါးလွှာလာတယ်.. ဒီတော့ အရပ်ပုဝင်လာပီး အရိုးချင်းထောက်ပီး နာကျင်လာတော့တာ ဒူးနာ ခါးနာ အဆစ်မြစိကိုက်ပီး မလုပ်နိုင် လမ်းမလျှောက်နိုင် ဖြစ်လာပါတယ်.. အသက် (၆၀) ဆို ဝန်ထမ်းက နားသင့်ပါပြီ.. (Mg Mg Shwe)
Crd