အင်ဒိုနီးရှားရေတပ်အတွက် ပြည်တွင်းဆောက် ဆေးရုံအထောက်အကူပြုရေယာဉ် (BRS) အသစ်အား PT PAL ကုမ္ပဏီက ရေချ
အင်ဒိုနီးရှားပိုင် PT PAL Ltd. က အင်ဒိုနီးရှားရေတပ်တွင် အသုံးပြုမည့် ပြည်တွင်းတွင် ကိုယ်တိုင်ဆောက်လုပ်သော ဆေးရုံအထောက်အကူပြုရေယာဉ် (BRS) အား မနေ့က ရေချပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် ရေတပ်ထုံးတမ်းအစဉ်အလာများအတိုင်း ရေယာဉ်အမည်ပေးခြင်းနဲ့ ရေချခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြပါတယ်။

ယခု ဆေးရုံရေယာဉ်အား Dr. Wahidin Soedirohusodo (991) ဟု အမည်ပေးထားပြီး အင်ဒိုနီးရှားရေတပ်အတွက် ရေတပ်ဦးစီးချုပ် Adm TNI Margono က မှာယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ BRS ရေယာဉ်သည် မူလ LPD များ၏ အဆင့်မြင့်ရေယာဉ်ပုံစံနည်းပညာ တိုးတက်မှုတစ်ခုဖြစ်ပြီး IPR certificate လည်း ရရှိထားပါတယ်။ ပုံစံကတော့ မြန်မာ့ရေတပ်သုံး စစ်ရေယာဉ် မုတ္တမကဲ့သို့ Makassar Class ရေယာဉ်ပုံစံပဲ ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ပြီး ယခုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်တဲ့စစ်လက်နက်ပစ္စည်းများအား ဖြည့်စွမ်းပေးနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များအား အထူးပင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါတယ်။ PT PAL ဥက္ကဌ Mrs. Soewardani ကတော့ ယခုဆေးရုံအထောက်အကူပြုရေယာဉ်(BRS) သည် Type C ဆေးရုံသင်္ဘောများကဲ့သို့ စွမ်းဆောင်ရည်များရှိသည့်အပြင် Covid 19 Outbreak အား ကုသပေးရာတွင် အလွန်အကျိုးရှိစေမည့် Isolation Room သုံး CT Scan နဲ့ X-ray စက်များလည်း ထပ်တိုးပါရှိတယ်လို့ ဆိုပါတယ်။

ယခု BRS အား ၂၀၁၉ တွင်စတင်တည်ဆောက်ခဲ့ကာ အလျား ၁၂၄ မီတာ၊ အကျယ် ၂၂ မီတာရှိပြီး ဆေးဝန်ထမ်းများ၊ စစ်သည်များနဲ့ လူနာများ ၆၅၀ ဦးအထိ တင်ဆောင်နိုင်ပါတယ်။ Max Sp 18kts ဖြင့် အများဆုံး ၃၀ ရက်အထိ စစ်ဆင်နိုင်ပြီး ကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ် ၂စီးနဲ့ လူနာတင်လှေ ၂စီး တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယခုရေယာဉ်ပါ တပ်တော်ဝင်ပြီးစီးပါက အင်ဒိုနီးရှားရေတပ်တွင် ဆေးရုံအထောက်အကူပြုရေယာဉ် BRS Dr.Soeharso (990) နဲ့ BRS Dr. Soedirohusodo (991) ဟူ၍ ၂စီး ရှိလာမှာ ဖြစ်ပါတယ်။ PT PAL ကုမ္ပဏီအနေနဲ့ ယခုရေယာဉ်များ မတိုင်မီကပင် LPD ၏ Modified design ဖြင့် BRS Kri Semarang(594) အား တည်ဆောက်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Expand Your Knowledge မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi